စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင် အယူအဆအမှား( ၆ ) မ်ိဳး

Posted by Zaw Lin Aung September 16, 2020
Z0medmhdqkh6iejxvb6n

အမေများအနေနဲ့ ကိုယ်ဝန်ဆောင်ကာလဆိုတာ စိတ်လှုပ်ရှားဖို့အကောင်းဆုံးနဲ့ မျှော်လင့်ချက်တွေ ပြည့်နေတဲ့အချိန်ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မိခင်တစ်ချို့ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အယူအဆမှားများနှင့် အယူသီးမှုများရှိတတ်ကြပါတယ်။ ဥပမာ - ငါကိုယ်ဝန်ဆောင်တဲ့အချိန် ကော်ဖီသောက်ရင် ကလေးကအညိုစက်တွေနဲ့ မွေးလာမှာလား။ လကြတ်ချိန်ကိုကြည့်မိရင် အင်္ဂါချို့ယွင်းစွာမွေးလေမလား ဆိုတဲ့အယူအဆတွေပါ။ ဒီထက်ပိုပြီးတော့မရေတွက်နိုင်တဲ့ အယူသီးမှုတွေ၊ အယူအဆအမှားတွေနဲ့ ရှေးအမျိုးသမီးများလက်ဆင့်ကမ်းပြောပြခဲ့တဲ့ ပုံပြင်တွေကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက မှားယွင်းစွာလက်ခံနေကြတုန်းပါပဲ။ ဒီအထဲကမှ လူသိများတဲ့ ကိုယ်ဝန်ဆောင်အယူအမှား( ၆ )ခုကို ဖော်ပြပေးလိုက်ပါတယ်။

N7w8ckbspxplbosaiqmn

၁။ မိခင်တစ်ယောက်ရဲ့အလှ
-----------------------------

ရှေးအယူအဆအရ မိန်းကလေးတွေဟာသူတို့မိခင်ရဲ့အလှကိုစုပ်ယူသွားတဲ့အတွက်ကြောင့် သမီးမိန်းကလေးတွေကိုယ်ဝန်ဆောင်ရင် မိခင်တွေဟာပိုမိုရုပ်ဆိုးသွားတယ်လို့ပြောကြတယ်။ နောက်ဆန့်ကျင့်ဘက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်မိခင်တွေ ပိုလှလာရင် သားယောကျ်ားလေးလွယ်ထားရလို့ပဲဆိုပြီးပြောကြတယ်။ တကယ်တမ်းတော့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်တဲ့အခါမှာ ဖျားနာလို့ဘဲဖြစ်ဖြစ်၊ ဟော်မုန်းအပြောင်းအလဲကြောင့်ဘဲဖြစ်ဖြစ်၊ ဗိုက်ထဲကကလေးကကန်လို့ဘဲဖြစ်ဖြစ် မိခင်တွေဟာပင်ပန်းလွန်းပြီးမျက်နှာမှာ ဝက်ခြံတွေ ထွက်လာတတ်ကြပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ခါစ ပထမ ၃လမှာ အဖြစ်များပါတယ်။ လှပတဲ့ မိန်းကလေးအများစုဟာ ကိုယ်ဝန်ဆောင်ချိန်မှာလည်း လှနေတုန်းပါပဲ။ အဲ့ဒါကြောင့်မို့ ကိုယ်ဝန်ဆောင်အမျိုးသမီတစ်ဦး လှပခြင်း၊ ရုပ်ဆိုးသွားခြင်းဟာ သားယောကျ်ားလေး (သို့) သမီးမိန်းကလေးကို ကိုယ်ဝန်ဆောင်ရတဲ့အပေါ်မှာ မမူတည်ပါဘူး။

Zeikosb6irft3g3y8eim

၂။ မနက်ပိုင်းနာမကျန်းဖြစ်ခြင်း (morning sickness)
--------------------------------------------------------

ရှေးအယူအဆများအရ မနက်ပိုင်းနာမကျန်းဖြစ်တာပြင်းထန်လေ မိန်းကလေးဖြစ်ဖို့များလေဆိုပြီးတော့ နာမည်ကြီးပါတယ်။ ဒါပေမယ့် သုတေသနတွေအရတော့ ဒါနဲ့ပတ်သတ်ပြီးတော့ စဉ်းစားစရာ အကြောင်းအရင်းတစ်ခုရှိပါတယ်။ ၂၀၀၄ ခုနှစ်ကစာတမ်းတစ်ခုကတော့ သမီးမိန်းကလေးမွေးထားတဲ့ သူတော်တော်များများဟာ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ မနက်ပိုင်းနာမကျန်းဖြစ်ခြင်း၊ ပျို့အန်ခြင်းတို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ပိုယူရလေ့ရှိပါတယ်။

C3bnuujq0cpyzpbqxjac

၃။ အပူအစပ်များကိုရှောင်ကြဉ်ခြင်း
--------------------------------------

ရှေးအယူအဆများအရ ကိုယ်ဝန်ဆောင်ချိန်မှာ အပူအစပ်များကိုစားရင် မွေးလာမယ့်ကလေးရဲ့ မျက်စိကိုထိခိုက်စေနိုင်ပြီး မျက်စိကန်းသွားသည်အထိ ဖြစ်နိုင်တယ်ဆိုပြီးတော့ ပြောကြပါတယ်။ အဲ့ဒီအပြင်ကလေးမွေးတဲ့အခါမှာလည်း ဒီပူစပ်တဲ့အစားအစာတွေက ပိုပြီးခက်ခဲစေတယ်လို့လည်းဆိုကြပါတယ်။ အဲ့ဒီအထင်အမြင်တွေကမှန်ကန်တယ်လို့ ထင်မြင်ရပေမယ့် တကယ်တမ်းတော့မမှန်ကန်ပါဘူး။ ပူစပ်တဲ့အစားအသောက်တွေဟာ ကိုယ်ဝန်ဆောင်မိခင်ကို ကလေးမွေးဖွားတဲ့အခါမှာ ရင်ပူရင်ဆာဖြစ်တာကိုသာ တိုးမြင့်စေတာပါ။ နောက်ပုံပြင်တစ်ခုဆိုရင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ရင်ပူရင်ဆာ ခနခနဖြစ်ရင် မွေးလာမယ့်ကလေးကဆံပင်တွေတောင် ပိုထူတတ်တယ်လို့တောင် ပြောကြသတဲ့။

P6w9ddhtw0hh3gnrpj4o

၄။ ကြိုးနှင့် ချက်ကြိုး
-----------------------

တစ်ချို့သောထုံးဓလေ့ရဲ့ အယူအဆများက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအနေနဲ့ ကြိုးတွေကိုကျော်ခွသွားတာမျိုးကိုရှောင်ကြဉ်ခိုင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီလိုကျော်ခွတဲ့အခါမှာ ဗိုက်ထဲက ကလေးကိုချက်ကြိုးနဲ့ လည်ပင်းကို ပတ်စေတတ်လို့ပါတဲ့။ ဒီနေ့လို့ တိုးတတ်လာတဲ့ ခေတ်ကြီးမှာတောင် လျှပ်စစ်ဝိုင်ယာကြိုးတွေကိုလည်းရှောင်ခိုင်းတဲ့သူတွေ ရှိပါသေးတယ်။ တစ်ချို့အယူအဆတွေကလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ခေါင်းပေါ်လက်မြှောက်တာမျိုးကိုလည်း ရှောင်ကြဉ်ခိုင်းပါသေးတယ်။ ကလေးကိုချက်ကြိုးနဲ့ လည်ပင်းကို ပတ်စေတတ်လို့ပါတဲ့။ အဲ့ဒီအယူအဆတွေဟာ သိပ္ပံနည်းအရတော့ အခြေအမြစ်မရှိတဲ့ အယူအဆတွေသာ ဖြစ်ပါတယ်။

Iguioijdipbbqu6dnmnf

၅။ ဆံပင်နှင့် ကလေးမွေးဖွားမှုအပေါ်သက်ရောက်မှု
-----------------------------------------------------

အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်နေချိန်ဆံပင်ညှပ်လိုက်တဲ့အခါမှာ မွေးလာမယ့်ကလေးရဲ့ အမြင်အာရုံကိုထိခိုက်စေတယ်လို့ ယူဆကြပါတယ်။ ဒီအယူသီးမှုဖြစ်တဲ့ ဆံပင်အလျားနဲ့ ကလေးမွေးဖွားမှုဟာဘယ်လို့မှ ဆက်စပ်လို့မရနိုင်ပါဘူး။ အငြင်းပွားစရာတစ်ချက်ကလည်း အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ရင် ဆံပင်အရောင် ဆိုးသင့်ပါတယ်တဲ့။ ဘယ်လိုပဲ ရှေးလူကြီးတွေကနေ ပထမဦးဆုံးကိုယ်ဝန်ဆောင်တဲ့အခါ ဆံပင်အရောင်ဆိုးသင့်တယ်လိုပဲ ပြောပြောဆံပင်အရောင်နဲ့ ကလေးမွေးဖွားမှုဟာဘယ်လိုမှ ဆက်စပ်လို့မရပါဘူး။ ဒါ့အပြင် ဆရာဝန်တွေကတော့ ကိုယ်ဝန်ဆောင်စ ပထမဆုံး သုံးလအတွင်းမှာ ဆံပင်ဆေးမဆိုးသင့်ဘူးလို့သတိပေးထားပါတယ်။

Oizilbn83ghbdrye6vqp

၆။ လေးလွယ်ထားသောဗိုက်ကိုပွတ်ပေးခြင်း
----------------------------------------------

တရုတ်ပြည်မှာရှိတဲ့ ရှေးအမျိုးသမီးတွေကတော့ ကိုယ်ဝန်ဆောင်တွေကို မိမိရဲ့ တဖြည်းဖြည်း ကြီးမားလာတဲ့ဗိုက်ကိုမပွတ်သင့်ဘူးလို့ပြောကြပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးက သူ့ဗိုက်ကို ပွတ်မယ်ဆိုရင် ကလေးပျက်ကျတတ်တယ်လို့ ပြောကြပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ၁၀ ပတ်လောက်ရှိပြီဆိုရင် ကလေးသန္ဓေသားဟာ ထိတွေ့မှုတွေကို ခံစားနိုင်ပြီး မိခင်ရဲ့ ဝမ်းဗိုက်ကို တွန်းနေတတ်ပါပြီ။
#Ref( Britannica : 9 Bizarre Myths About Pregnancy )
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.