
မိခင်နို့မစို့သော ကလေးများတိုက်ကျေှးရမည့် နို့ပမာဏ မိခင်နို့မစို့သော ကလေးများကို မှန်ကန်သော နို့တိုက်နည်းဖြင့် နို့တိုက်ဖို့လိုပါသည်။နို့ မထွက်သော မိခင်ဆိုတာ မရှိပါဘူး။ ကလေးငယ်က နို့စို့မှသာ နို့ထွက်ပါတယ်။
မိခင်နို့မစို့သော မေွးကင်းစကလေးငယ်ကို နို့ဘယ်လို တိုက်ကျေှးရမလဲဆိုရင်တော့ မိခင်နို့မစို့နိုင်သောကလေး အလွန်သေးငယ်သောကလေး အလွန်ဆိုးဝါးသော နို့ပါးစပ်ဖြစ်နေသော မိခင်များအတွက်ေ မွးကင်းစ ကလေးငယ်ကို တိုက်သင့်သော နို့ရည်မှာ ညှစ်ထားသော မိခင်နို့၊ကျိုချက်ပြီးသား နွားနို့ ၃အောင်စ (၉၀ စီစီကို) ရေကျပ်အေး တစ်အောင်စ (၃၀ စီစီ) ဖြင့်ရောပြီးတိုက်ပါ။ နို့တစ်အောင်စ တိုက်တိုင်း သကြားလက်ဖက်ရည်ဇွန်း (၅စီစီ) မျက်နှာပြင် အညီထည့်ပြီး တိုက်ကျေှးပါ။
တိုက်ကျေှးရမည့် ပမာဏမှာ တစ်နေ့လှျင် ကို်ယ်အလေးချိန် တစ်ကီလိုဂရမ် အတွက် နို့ရည် ၁၅၀ စီစီနှုန်းဖြင့် တစ်နေ့ကို ၈ကြိမ် ခွဲတိုက်ပါ။ အနည်းဆုံး ၃နာရီခြား တစ်ခါတိုက်ပါ။ သတ်မှတ်ထားသောညွှန်ကြားချက်များအတိုင်း ဖျော်ထားသော နို့မှုန့်ရည်ကို ခွက်နှင့် ဇွန်းနှင့် ခပ်ပြီး ကလေးငယ်ကို တိုက်ရပါမည်။
ဥပမာ - ကိုယ်အလေးချိန်
၃ကီလိုဂရမ် (3kg) (၆ ပေါင် ၆အောင်စ)ရှိတဲ့ ကလေးငယ်ကို
၃ကီလိုဂရမ် x ၁၅၀ စီစီ = ၄၅၀ စီစီ (တစ်နေ့စာ နို့ရည်)
၄၅၀ စီစီ ÷ ၈ကြိမ် = ၅၆ စီစီ (တစ်ကြိမ်သောက်နို့ရည်)
၅၆စီစီ ÷ ၃၀ စီစီ = ၁.၉ အောင်စ (၁အောင်စ = ၃၀ စီစီ)
တစ်ကြိမ်လှျင် ၂အောင်စ (၆၀ စီစီ) အနည်းဆုံးသောက်ရပါမည်။
၂ နာရီ သို့မဟုတ် ၃ နာရီခြား တစ်ခါတိုက်ရပါမည်။
မိခင်နို့မဟုတ်သောကြောင့် ရေကျပ်အေးတစ်ခါတိုက်ရပါမည်။
မိခင်နို့တိုက်သောကလေးများ ရေကျပ်အေးတိုက်ရန်မလိုပါ မိခင်နို့တွင် ရေပါ၀င်မှုများသောကြောင့် ဖြစ်သည်။
Ref; နို့တိုက်မိခင်များ သိသင့်သော အာဟာရ ပြဿနာ
#မေ့ရင်သေွး မဂ္ဂဇင်း နိုဝင်ဘာ 2016