သားသမီးတိုင်းဟာ ရတနာပါ 💎
ကျောက်မျက်ရတနာတွေ အကွက်လှလှသွေးနိုင်ရင်
သွေးနိုင်သလောက် အဖိုးထိုက်သလို....
သားသမီးရတနာလေးတွေကိုလည်း ငယ်စဥ်ကတည်းက Physically & Psychologically ပြီးပြည့်စုံမှုရှိအောင် ဂရုတစိုက် လမ်းညွှန်ပေးနိုင်ဖို့ အလွန်အရေးကြီးပါတယ်။
👶🏻ကလေးတစ်ယောက်မှာ ငယ်ငယ်တည်းက မွေးမြူပေးသင့်တာဟာ မိမိကိုယ်ကို လေးစားယုံကြည်ခြင်း(Self-Esteem)ပါ။
မိမိကိုယ်ကို လေးစားယုံကြည်ခြင်းဆိုတာ စိတ်ခွန်အားတစ်ခုပါပဲ။
မိမိကိုယ်ကို ယုံကြည်မှုရှိရင်
✅ဘယ်အလုပ်မဆိုလွယ်ကူလာမယ်။
✅စာကျက်ရင်လွယ်မယ်။
✅သင်္ချာတွက်ရလွယ်မယ်။
✅လေ့လာသင်ယူနိုင်စွမ်းမြင့်လာမယ်။
✅Neurological Development တွေ အရမ်းကို တိုးတက်လာပါလိမ့်မယ်။
✅မိမိကိုယ်ကို လေးစားမှုရှိရင် တစ်ပါးသူကိုပါ လေးစားတတ်လာမယ်။
✅ပေါင်းသင်းဆက်ဆံရေးတွေ ကောင်းလာမယ်။
✅Good Communication ကနေ
Better Enviroment , Better Generation ပါဖြစ်ပေါ် လာပါလိမ့်မယ်။
✅မိမိရဲ့ မိသားစုကိုလေးစားတတ်လာမယ်(Family Loving)ရှိလာမယ်။
✅အရွယ်ရောက်လို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့ အချိန်မှာလည်း "Happy Life" တစ်ခုကို အမြန်ရရှိိနိုင်လာမယ်။
မိဘတွေကနေ ကလေးတွေကို
မိမိကိုယ်ကိုယ် ယုံကြည်လေးစားမှုတည်ဆောက်ပေးနိုင်တဲ့ နည်းလမ်း (၁၁) ချက်ကိုလဲ ပြောပြပေးချင်ပါတယ်
(၁) နောက်ဆုတ်နေပါ
မိမိ 👶🏻ရင်သွေးလေး ဘယ်အလုပ်ကိုမဆိုစတင်စမ်းသပ်တော့မယ်ဆို အန္တရာယ်မရှိရင် သူတို့ကို ဘေးကနေပဲစောင့်ကြည့်ပေးပါ
(၂) ချီးကျူးလွန်ခြင်းကိုရှောင်ပါ
ချီးကျူးလွန်ခြင်းဟာ ကလေးတွေရဲ့ လုပ်ဆောင်နိုင်စွမ်း Limit ကို ကျစေပါတယ်
(၃) အန္တရာယ်မရှိတဲ့ ပြဿနာ၊ အလုပ်စတာတွေကို တာဝန်ယူဖြေရှင်းခိုင်းပါ
မိမိကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်တဲ့အခါမှာ ပြဿနာသေးသေးလေးတွေကို ဖြေရှင်းတာကနေ စတင်တာမို့ ဖေဖေ မေမေတို့အနေနဲ့ Healthy Risk လေးတွေယူခိုင်းဖို့ မမေ့ပါနဲ့🤗
(၄) ရွေးချယ်ခွင့်ပေးပါ
မိဘတွေအနေနဲ့ သားသမီးတွေကို သူတို့ကိုယ်တိုင် ရွေးချယ်မှုတွေလုပ်စေခြင်းက သူတို့လေးတွေကို လေးစားမှုပြသရာရောက်ပြီး မိမိကိုယ်ကိုယ် ယုံကြည်လေးစားမှုတိုးစေဖို့လဲ အထောက်အကူပြပါတယ်✔️
(၅) အိမ်အလုပ်ကူလုပ်ခိုင်းပါ
သူတို့ကူညီပေးတာက တကယ်အလုပ်ဖြစ်တယ်ဆိုတာကို သိရှိစေခြင်းဟာလဲ သူတို့ကို ယုံကြည်မှုပိုတိုးစေသလို Family Bounding လုပ်ရာလဲရောက်ပါတယ်👨👩👦👦
(၆) ဝါသနာပါရာကို အားပေးပါ
သူတို့ ဖြစ်ချင်တာလေးတွေရှိရင် ဘေးကနေ အားပေးလိုက်ပါ
(၇) ဘယ်အရာမဆို အခက်အခဲကြုံလာရရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ပြောပြပြီး ကူညီဖြေရှင်းပေးလိုက်ပါ
(၈) ရှုံးနိမ့်ခြင်းက နောက်တစ်ကြိမ်အတွက် အခွင့်အရေးဖြစ်ကြောင်းကို သူတို့လေးတွေကို ပြောပြပါ
(၉) သူတို့ကို အကြွင်းမဲ့ ချစ်တယ်ဆိုတာကို ယုံကြည်စေပါ❤️
(၁၀) အသက်အရွယ်နဲ့ ကိုက်ညီပြီး သူတို့ ဝါသနာပါတဲ့ ရည်မှန်းချက်ကို ကူညီဖြည့်ဆည်းပေးပါ🤝
(၁၁) ဆုပေးခြင်းဟာလဲ မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ခြင်းမှာ အရမ်းအရေးပါတယ်
အခုလို
COVID ကာလမှာ ကလေးတွေ Stay Home နေရင်း "Psychlogical Development" ပိုတိုးတက်အောင် ကူညီပေးဖို့အတွက် ကျွန်တော်တို့ MEI မှ Every Child Is Special ဆိုတဲ့ Program လေးတစ်ခုစီစဥ်ပေးထားပါတယ်။
cred: #EveryChildIsSpecial(MEI)မှကူးယူဖော်ပြသည်။