
ရင်သွေးငယ်လေးကိုမေမေ့ဗိုက်ထဲကနေထုတ်ပြီးတဲ့အခါ ဆရာဝန်က ချက်ကြိုးကိုဖြတ်လိုက်ပါတယ်။ ကလေးရဲ့ချက်မှာ ချက်ကြိုးငုတ်တိုလေးကို ကလစ်နဲ့ ညှစ်ပေးထားပါတယ်။ ချက်ကြိုးလေးကို အမြဲခြောက်သွေ့နေစေပြီး ရေမထိရပါဘူး။ ချက်ကြွေမှ ကလေးကိုရေချိုးပေးပါ။ မွေးပြီး ၁ပါတ်လောက်မှာ ကလေးချက်ကြွေပါတယ်။
ကလေးရဲ့ချက်ကို ရောဂါပိုးတွေမဝင်အောင် ကလေးကိုရေပတ်တိုက်ပြီးတိုင်း အရက်ပြန် (သို့) Betadine (သို့) Septadine သုံးပေးနိုင်ပါတယ်။ ဆရာဝန်ကိုသေချာမေးတာကပိုကောင်းပါတယ်။ အမေရိကန် နိုင်ငံမှာတော့ အရက်ပြန် အသုံးပြုပြီး ချက်သန့်ရှင်းရေးလုပ်တာထက် ဒီတိုင်းအခြောက်ခံတာကိုပဲပိုအားပေးပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေလို ရောဂါပိုးဝင်နိုင်ချေ များမယ်ထင်ရင်တော့ အရက်ပြန် သုံးနိုင်ပါတယ်။
ကလေးရဲ့ချက်ကြိုးကို ကလေး diaperလဲတဲ့အခါမှာ သန့်ရှင်းရေးလုပ်နိုင်ပါတယ်။ Diaperကိုဆွဲတင်တဲ့အခါမှာ ကလေးချက်ကြိုးကို အုပ်မနေဖို့နဲ့ မထိမိဖို့ သတိထားပါ။ ကလေးကို ရေပတ်တိုက်တဲ့အခါ ချက်ကြိုးရှိတဲ့နေရာတဝိုက်ကို လုံးဝမထိမိပါစေနဲ့။ ကလေးချက်ကြိုးကို သန့်ရှင်းတဲ့အခါ ပိုးသတ်ထားတဲ့ဂွမ်းကိုသာသုံးသင့်ပါတယ်။ သန့်ရှင်းရေးမလုပ်ခင် လက်ကိုသေချာဆေးဖို့ကတော့ အဓိကလိုအပ်ပါတယ်။
ချက်ကြိုးကိုထိမိတဲ့အခါ သွေးထွက်ရင် သန့်ထားတဲ့ဂွမ်းနဲ့ အရက်ပြန်ကိုသုံးပြီး အနာကိုဖိထားပေးပါ။ အနာကိုဖိထားလို့ ၁၀မိနစ်ထက်ပိုပြီ းသွေးထွက်တဲ့အခါဆေးခန်းပြရပါမယ်။ ၃ပတ်ကျော်ပြီး ချက်မကြွေသေးရင် ၊ ချက်ပတ်လည်နီရဲနေရင် ၊ ပြည်တွေထွက်နေမယ် ၊ချက်ကြွေတဲ့အချိန် သွေးထွက်မယ်ဆိုရင်တော့ ဆေးခန်းသွားပြသင့်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး