စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်နှင့် ဆောင်ရန်၊ ရှောင်ရန်များ

Posted by Zaw Lin Aung September 10, 2020
Derfaasogevlzjmsp4v5

ကိုယ်ဝန်ဆောင်ချိန်မှာ လေယာဉ်နဲ့ခရီး သွားဖို့ သင့်တော်ပါရဲ့လား။
---------------------------------------------------------------------

လေယာဉ်က အမြင့်ကို တက်သွား တဲ့အခါ အောက်ဆီဂျင်နည်းသွားပါ တယ်။ လေယာဉ်ပျံကို သာမန်လူတွေ တောင် အကြာကြီးစီးရင် ခြေထောက် သွေးကြောပိတ်တာ၊ အောက်ဆီဂျင်နည်း တာကြောင့် ရင်ဘတ်အောင့်တာတွေ ခံစားရတတ်ပါတယ်။ ကိုယ်ဝန်ဆောင် တွေမှာ ဒီလိုဖြစ်ရင် ကလေးဆီကို သွေး အရောက်နည်းသွားပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်လရင့်လာပြီဆိုရင် ခရီး ဝေးသွားတာကို ခွင့်မပြုပါဘူး။ ခရီးတို လေးတွေ သွားတာကိုပဲ ခွင့်ပြုပါတယ်။ ဥပမာ-ဘန်ကောက်သွားမယ်၊ စင်ကာပူ သွားမယ်ဆိုရင် ရပါတယ်။ ဒါပေမဲ့ သြစတြေးလျသွားမယ်၊ အင်္ဂလန်သွား မယ်၊ မဖြစ်မနေသွားမှရမယ်ဆိုရင်တော့ လမ်းထလျှောက်ဖို့၊ ဟိုရောက်တာနဲ့ ခြေ ထောက်ကို ထောင်ပြီး အိပ်ဖို့ မှာရပါ တယ်။ ကိုယ်ဝန် ၇ လနောက်ပိုင်းမှာတော့ လေယာဉ်ကြာကြာ စီးရတဲ့ခရီးမျိုး မသွား သင့်ပါဘူး။ ၈ လနောက်ပိုင်း ခရီးသွား မယ်ဆိုရင် ဆရာမတို့က လေယာဉ်ပေါ် မှာ ဗိုက်နာမှာကို စိတ်ပူပါတယ်။ လေ ယာဉ်ပေါ်မှာ ဆရာဝန်ပါလား၊ သားဖွားမီး ယပ်အထူးကုပါလား၊ ကလေးမွေးဖို့၊ ချက်ကြိုးဖြတ်ဖို့ စတာတွေအတွက် ဘာမှ ပါမှာမဟုတ်ဘူးလေ။ ၇ လမတိုင် ခင်ကတော့ မွေးတာ သိပ်မရှိပေမယ့် ၇ လကျော်သွားရင် တချို့တွေက စောမွေး တာတွေဖြစ်တတ်တော့ ဆရာမတို့က လေယာဉ်နဲ့ အချိန်ကြာကြာ ခရီးသွားတာ ကို ပေးမသွားတာပါ။ အဲဒီအခါ သွားရ တဲ့အကြောင်းနဲ့ ချင့်ချိန်ရပါတယ်။ သွားရ တဲ့ အကြောင်းက ဘယ်လောက်အရေး ကြီးလဲ၊ အရမ်းအရေးကြီးနေရင်တော့ သွားပေ့ါ။ ကားနဲ့ ဘားအံက ဘုရားသွားဖူး တယ်ဆိုရင် ကားစောင့်တာနဲ့ ကလေး မွေးသွားနိုင်တယ်ဆိုပေမယ့် မြေပြင်မှာ သွားနေတာဖြစ်လို့ နီးစပ်ရာဆေးရုံ၊ ဆေး ခန်းမှာ သွားမွေးလို့ရပါတယ်။ လေယာဉ်နဲ့ သွားတာကျတော့ ၁၆ နာရီခရီးကို သွားနေတဲ့အချိန်မှာ ကလေးမွေးချင်ရင် ဘယ်နားသွားမွေးမလဲ၊ ဒါကြောင့် ဆရာ မတို့က ခွင့်မပြုတာဖြစ်ပါတယ်။ တစ်နာရီ၊ နှစ်နာရီလောက်ပဲ ခရီးတို လေယာဉ်စီးမယ်ဆိုရင် ဘာတွေလုပ် ဆောင်ဖို့လိုလဲဆိုရင် ရေသောက်ပါ။ သွေးကျဲပြီး လည်ပတ်မှုကောင်းအောင်ပါ။ လမ်းထလျှောက်ပါ။ ခြေထောက်ကို ထောင်ထားလို့ မရပေမယ့် သွေးလှည့် ပတ်မှုကောင်းအောင် လေ့ကျင့်ခန်းလုပ် ပေးပါ။ ကိုယ်သွားလိုတဲ့နေရာကို ရောက် ပြီဆိုတာနဲ့ တန်းပြီး ဈေးဝယ်ထွက်တာမျိုး တော့ လုပ်လို့ မရဘူး။ ဟိုတယ်ကို အရင် သွားပြီး လဲလျောင်းအနားယူပါ။

Onn6hek1dhykfivufrxj

ပထမကိုယ်ဝန်မှာ စောမွေးဖူးရင် ဒုတိယ ကိုယ်ဝန်မှာ စောမွေးနိုင်လား။
-------------------------------------------------------------------------

မိခင်က ပထမကလေး စောမွေးဖူး ရင် နောက်ထပ်လည်း စောမွေးနိုင်ပါ တယ်။ ကိုယ့်ကိုယ်ကိုယ် စိုးရိမ်စိတ်များတဲ့ မိခင်တွေ စောမွေးတတ်ပါတယ်။ စိတ်ကို တစ်ခုခုမှာ အာရုံပြောင်းထားမယ်ဆိုရင် တော့ စောမမွေးပါဘူး။ အင်တာနက်သုံး တာ၊ တရားထိုင်တာ၊ တီဗီကြည့်တာတွေ မှာ စိတ်ကို လွှဲထားမယ်ဆိုရင် စောမမွေး ပါဘူး။ တစ်ခါစောမွေးဖူးရင် နောက်တစ်ခါ စောမွေးတာက ဘာကြောင့်လဲဆိုတော့ မိန်းမကိုယ်ထဲမှာရှိတဲ့ ပိုး၊ အဖြူဆင်းစေ တဲ့ပိုးပါ။ ရောဂါဖြစ်စေတာတော့ မဟုတ် ဘူး။ အဲဒီပိုးက ပေါက်နေတော့ ကလေး ရဲ့ ရေမြွှာအိတ်ကို အားနည်းအောင် လုပ် လိုက်တော့ အရည်ဆင်းစေပါတယ်။ အဲ ဒီပိုးက မိန်းမကိုယ်ထဲမှာရှိနေရင် နောက် တစ်ကြိမ်ကိုယ်ဝန်ဆောင်ရင်လည်း ရှိနေ မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒုတိယကိုယ် ဝန်မှာလည်း စောမွေးနိုင်ပါတယ်။ ပထမ ကိုယ်ဝန်မှာ စောမွေးဖူးရင် ဒုတိယတစ် ကြိမ် ကိုယ်ဝန်ဆောင်တဲ့အခါ သတိထား ဖို့ လိုပါတယ်။ သားဖွားနဲ့ မီးယပ်ဆရာဝန် ပြမယ်၊ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေ သောက်မယ်၊ ညွှန်ကြားတဲ့အတိုင်းနေ မယ်။ အဓိကက ရေမြွှာအိတ်နံရံကို ထူ အောင်၊ ခိုင်အောင် လုပ်ပေးတာက ဗီတာမင် စီပါ။ ဒါကြောင့် ထမင်းစားပြီး သံပရာရည်တစ်ခွက်သောက်ရမယ်၊ Vitacee သောက်ရမယ် (ကြော်ငြာတာ မဟုတ်ပါဘူး၊ လိုအပ်လို့ ပြောတာပါ)။ ရေမြွှာရည်ခိုင်အောင် အချဉ်ဓာတ်ပါတာ စားဖို့ လိုပါတယ်။ ပထမတစ်ကြိမ်မှာ ရေမြွှာရည်ပေါက်ပြီး စောမွေးဖူးတယ်ဆိုရင် ဒုတိယကိုယ်ဝန်မှာ ဗီတာမင်စီကို များ များစားဖို့လိုပါတယ်။ နောက်ထပ် အရေး ကြီးတာက ပရိုတင်းဓာတ်ပါ။ တချို့မိခင် တွေက အသား၊ ငါးတွေ မစားဘဲ သတ် သက်လွတ်ပဲစားတယ်။ အဲဒီလိုစားနေရင် လည်း ပရိုတင်းဓာတ်နည်းပြီး ကလေး သေးမယ်၊ ရေမြွှာရည်စောပေါက်မယ်၊ စောစောမွေးနိုင်ပါတယ်။ အာဟာရစုံလင် အောင် စားမယ်ဆိုရင်တော့ စောမွေးတာ မျိုး မဖြစ်နိုင်ပါဘူး။

Cnrcavdqzb9thkumtskv

ကိုယ်ဝန်ဆောင်ချိန်မှာ အာထရာဆောင်း ရိုက်တာ ကလေးကို ထိခိုက်နိုင်လား
-------------------------------------------------------------------------------

ကိုယ်ဝန်ဆောင်က အမြွှာကလေး ဖြစ်နေမယ်ဆိုရင် အာထရာဆောင်းကို နှစ်ပတ်တစ်ခါနဲ့ ကိုယ်ဝန်ဆောင်ချိန်အ တွင်းမှာ ၄၊ ၅၊ ၆ ခါလောက် ရိုက်ရပါ တယ်။ ဒီလိုရိုက်ရလို့ ကလေးက ထိနိုင် လားဆိုရင် တန်ဆေး၊ လွန်ဘေးပါ။ မထိ ဘူးလို့လည်း အာမ မခံနိုင်ဘူး၊ အခုထိ နောက်ဆုံးတွေ့ရှိချက်အရ အာထရာ ဆောင်းရဲ့လှိုင်းက ကလေးရဲ့အကြား အာရုံကို အနည်းငယ် ထိခိုက်စေနိုင်တယ် လို့ ပြောပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ နဲ့ အာထရာဆောင်း ခဏခဏ ရိုက်တာ ကို ဆရာမတို့က အားမပေးပါဘူး။ နောက်ဆုံးရာသီပေါ်တဲ့ နောက်ဆုံးရက် ကို ဆရာမတို့ မှတ်ခိုင်းတာက အာထရာ ဆောင်းရိုက်တာ သက်သာအောင်ပါ။ ဒါ ပေမယ့် ကြည့်စရာတွေရှိတဲ့အတွက် ၃ လပြည့် ရင်၊ ၆ လပြည့်ရင်၊ ၈ လပြည့်ရင် တစ်ခါ ရိုက်တယ်။ အဲဒီလို ရိုက်ပြီး အချင်းအနေအထား၊ ကလေးအနေ အထား၊ ရေမွှာရည် စတာတွေကို ကြည့် ပါတယ်။

N7xzenhvhpzid6fhb8p4

3D, 4D ကို မဖြစ်မနေ ရိုက်ကြည့်ဖို့ လိုပါ သလား။
----------------------------------------------------

3D, 4D ရိုက်ကြည့်ရင် ယောက်ျား လေး၊ မိန်းကလေး သိရမယ်၊ ကလေး အင်္ဂါ စုံ၊ မစုံ၊ ကလေးရဲ့ နှလုံး၊ ကျောက် ကပ်တွေ မြင်ရတော့ ရောဂါ ပါ မပါ၊ ကလေးမျက်နှာလေး မြင်ရတော့ နှုတ် ခမ်းကွဲ၊ အာခေါင်ကွဲ ဖြစ်၊ မဖြစ် ဆိုတာ တွေပါ သိရပါတယ်။ ပါလာခဲ့ရင်ကော ဘာလုပ်လို့ရမလဲ၊ မမွေးလို့မရဘူး၊ ဖျက် ချလို့ မရဘူး၊ မလိုချင်ဘူး၊ အခုချက်ချင်း ထွက်တော့လို့လည်း ပြောလို့မရဘူး။ မြန် မာနိုင်ငံရဲ့ထုံးတမ်းအရ ကလေးကို စော မွေးတာလည်း မလုပ်ဘူး၊ ဆေးထိုးပြီး ထုတ်ပစ်လိုက်တာမျိုးလည်း မလုပ်ဘူး၊ ကလေးရှင်နိုင်တဲ့အချိန် ၃၂ ပတ်ကျော်မှ ပဲ မွေးပါတယ်။ ဒါပေမဲ့ ရိုက်တာ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ တစ်ခုခုသာဆိုရင် ကြိုတင်ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ကလေးဆရာဝန်နဲ့ ချိတ် ဆက်ပြီး မွေးလာပြီးရင် ဘာဆက်လုပ် မလဲဆိုတာ တိုင်ပင်ထားနိုင်ပါတယ်။ ဒါပေမဲ့ တချို့ကိုယ်ဝန်ဆောင်တွေက 3D, 4D ဘာလို့ ရိုက်လဲမေးလိုက်ရင် မသိဘူး၊ ဘေးကအိမ်က ရိုက်လို့ လိုက် ရိုက်တယ်ဆိုတာမျိုး ဖြေကြတယ်။ အဲဒီ လိုမဟုတ်ဘဲ ဘာကြောင့်ရိုက်လဲဆိုတဲ့ အဖြေကို သိဖို့လိုပါတယ်။ 3D, 4D ရိုက် ချင်တယ်ဆို ရိုက်လို့ရပါ တယ်။ ကိုယ်ဝန် ၂၈ ပတ်ပြည့်မှ ရိုက်ရပါမယ်။ အဲဒီ အချိန်မှာ ရိုက်မယ်ဆိုရင် အကုန်လုံးကို မြင်ရပါမယ်။
#Ref..ပါမောက္ခဒေါက်တာခင်မေသင်း(သားဖွားနှင့်မီးယပ် အထူးကုဆရာဝန်ကြီး)
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.