
ကားစီးတဲ့ခါ ခါးပတ်ပတ်တာဟာ မေမေလောင်းတို့အတွက် စိတ်ချရပါ့မလားဆိုတာ စိုးရိမ်နေကြမှာပါ။ ခါးပတ်ပတ်ခြင်းဟာ လူတိုင်း ကားစီးတဲ့အချိန်မှာ လုံခြုံစေဖို့အတွက်ပါ။ ကိုယ်ဝန်လရင့်ကြီးနဲ့ ခရီးသွားတဲ့အခါ မေမေ့အတွက် စိတ်ချလုံခြုံစေမယ့် ခါးပတ်ကိုသာရွေးပါ။ မေမေ့ရဲ့ကလေးလေးက ဗိုက်ထဲမှာ သေချာကာကွယ်ထားတာကြောင့် မေမေ့အတွက်ပဲအဓိကလိုပါမယ်။
လမ်းသွားတဲ့အခါ ဘယ်ခုံမှာပဲထိုင်ထိုင် မေမေဗိုက်တို့ ခါးပတ်ပတ်ပြီး ကားစီးခြင်းက ကလေးကော မေမေ့အတွက်ကကော အန္တရာယ်ကင်းစေပါတယ်။ ကားနဲ့ခရီးရှည်သွားတဲ့အခါ မေမေဗိုက်ရဲ့ ခါးအနောက်မှာ ခေါင်းအုံးသေးသေးလေးထားပေးတာက မေမေ့ကိုခါးနာတာသက်သာစေပါတယ်။
ခါးပတ်ကိုဝတ်တဲ့အခါ ခါးပတ်ကြိုးဟာ မေမေတို့ရဲ့ ရင်ဘတ်၂ခုကြားရှိနေရပါမယ်။ ခါးနားကကြိုးကိုလဲ ဗိုက်ရဲ့အောက် ပေါင်ခြံနားမှာရှိနေစေပါမယ်။ မေမေကိုယ်တိုင်မောင်းတဲ့သူနေရာပဲဖြစ်ဖြစ် တခြားခုံမှာပဲဖြစ်ဖြစ် ထိုင်တိုင်း ခါးပတ်ကိုသေချာလုံခြုံအောင်ပတ်ထားဖို့ လိုပါတယ်။
မေမေက ဗိုက်နဲ့ထောက်နေလို့ လီဗာနဲ့ဘရိတ်ကို ခြေထောက်ကမမှီဘူးဆိုရင်တော့ ထိုင်ခုံကိုလုံးဝ ရှေ့မတိုးသင့်ပါဘူး။ ကလေးထိခိုက်နိုင်ပါတယ်။ ခရီးသွားခါနီးတိုင်း မေမေဗိုက်လုံခြုံရေးအတွက် လေအိတ်နဲ့တခြားအရာတွေအားလုံးကို ကျွမ်းကျင်တဲ့ဆိုင်မှာ သေချာစစ်သွားသင့်ပါတယ်။ မေမေ့အတွက် စိတ်အချရဆုံးနေရာကတော့ ကားမောင်းသူရဲ့ ဘေးမှာထိုင်တာပါပဲ။
HYA (kyarlay)