
ကိုယ်ဝန်လရင့်လာတဲ့အချိန်မှာ အသက်ရှူရခက်တာက တကယ်တော့ ပုံမှန် ဖြစ်နေကျ အရာတစ်ခုပါပဲ။ ကြီးလာတဲ့ ဗိုက်ထဲက ရင်သွေးလေးက အသက်ရှူတဲ့နေရာက တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ရင်ဝမ်းခြား အမြေး diaphragmကို သွားဖိတဲ့အခါ အသက်ရှူုရခက်သလို ကိုယ်ဝန်ဆောင်ချိန် ထွက်နေတတ်တဲ့ ပရိုဂျက်စတုန်းဟော်မုန်းကြောင့်လည်း အသက်ရှူရ ကြပ်တတ်ပါတယ်။
ကိုယ်ဝန်က ပန်းနာရင်ကြပ်ရောဂါကို ပိုပြီးတော့ ဆိုးစေတာကြောင့် ကိုယ်ဝန်လရင့်လို့ ပုံမှန် အသက်ရှူရ ကြပ်တာလား ၊ ပန်းနာရင်ကြပ် ပြန်ထတာလားဆိုတာကို သေချာ ခွဲသိစေဖို့အတွက် ဆရာဝန်ဆီကို သွားပြဖို့ လိုပါတယ်။
သွေးအားနည်းတယ်လို့ ဆိုတဲ့နေရာမှာ သံဓာတ်ချို့တဲ့ တဲ့သွေးအားနည်းရောဂါကို အဓိက ပြောချင်တာပါ။ ဒီ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါက ကိုယ်ဝန်ဆောင်တွေမှာ အများဆုံးဖြစ်တတ်ပြီး အသက်ရှူရက ခက်တာ၊ နုန်းနေတာ ၊ ခေါင်းကိုက်ပြီးတော့ မောပန်းလွယ်တာတွေကို ဖြစ်စေပါတယ်။
အသက်ကို ရှိုက်ရှူလိုက်တဲ့အခါ ရင်ဘတ်က အောင့်သွားတာ၊ အသက်ရှူမဝလို့ အသက်မြန်မြန်ရှူနေရတာနဲ့ သွေးခုန်နှုန်း မြန်လာတာ၊ ချောင်းအဆတ်မပြတ်ဆိုးနေတာမျိုးဆို အဆုတ်ထဲ သွေးခဲရောက်သွားတဲ့ ပြဿနာတွေ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ပြီးတော့ အဖြေရှာ ကုသသင့်ပါတယ်။
မိခင်နှင့်ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး