ကလေးငယ်များရဲ့ မျက်စိမှာ မျက်ဝတ်တေွ ထွက်ရခြင်းအကြောင်းအရင်းတေွကတော့ အများကြီးရှိပါတယ်။ မျက်ဝတ်ထွက်ရတဲ့ အကြောင်းအရင်းတေွကတော့ ဘက်တီးရီးယား၊ ဖန်းဂတ်၊ ဗိုင်းရပ်နှင့် ကပ်ပါးပိုးစတဲ့ကူးစက်ပိုးများကြောင့် ဖြစ်သလို ရာသီဥတုအပြောင်းအလဲနှင့်ဓာတ်မတည့်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဘာအကြောင်းကြောင့်ဘဲ ဖြစ်ဖြစ် ကလေးငယ်ရဲ့ မျက်လုံးကို အလွယ်တကူဆေးဝါးများဝယ်ပြီး မျက်စဉ်းခက်ခြင်းများကို မပြုလုပ်ကြပါနှင့်။ ဆရာဝန်ပေးသော မျက်စဉ်း ဆေးတို့နှင့်သေချာစွာ ကုသပေးရပါမည်။သေချာစွာ မကုသပါက မျက်ကြည်လွာသည် ကြည်လင်မှုမရှိဘဲ ထာဝရ မျက်ကြည်လွှာဖြူခြင်း၊ အပြင်တိမ် ဖြစ်ပေါ်စေနိုင်သည်။ ဒါကြောင့် ကလေးငယ်များတွင် မျက်စိနာ မျက်ဝတ်ထွက်ခြင်းများ ဖြစ်ပေါ်လာပါက နီးစပ်ရာမျက်စိဆရာဝန်နှင့်ပြသရန် လိုပေသည်။
Ref; May Yin Thway Magazine