
မေမေလောင်းတို့ရေ သားအိမ်မှာ အလုံးတည်ခြင်း၊ ရေအိတ်တည်ခြင်း၊ သားအိမ်ခြစ်ထားခြင်း စတဲ့ သားအိမ်ရဲ့ပြဿနာတေွရှိရင် ကိုယ်ဝန်မရနိုင်ဘူးဆိုတာ သိထားပြီးသား ဖြစ်မှာပါ။မေမေလောင်းတို့ရေ သားအိမ်မှာ အလုံးတည်ခြင်း၊ ရေအိတ်တည်ခြင်း၊ သားအိမ်ခြစ်ထားခြင်း စတဲ့ သားအိမ်ရဲ့ပြဿနာတေွရှိရင် ကိုယ်ဝန်မရနိုင်ဘူးဆိုတာ သိထားပြီးသား ဖြစ်မှာပါ။ သားအိမ်မှာ ပြဿနာ တစ်စုံတစ်ရာရှိမှာ မေမေတိုင်းလည်း ကြောက်ကြပါတယ်။ မေမေလောင်းဖြစ်ချင်တဲ့သူတေွအနေနဲ့ သားအိမ်ရဲ့ ကျန်းမာရေး အထူးကောင်းမွန်နေဖို့ လိုပါတယ်။ဒါမှသာ မေမေလောင်းတို့အနေနဲ့ ဖေဖေလောင်းဆီက သုတ်ပိုးကို ကောင်းစွာ လက်ခံနိုင်မှာ ဖြစ်ပြီး မမျိုးဥလည်း ပုံမှန်ကြေွကာ သုတ်ပိုးနဲ့ မမျိုးဥတို့ ပေါင်းစပ်ပြီး မျိုးအောင်နိုင်မှာပါ။

သားအိမ်မှာ အသားလုံး ရှိနေတယ်ဆိုရင် ကိုယ်ဝန်ရဖို့က နည်းနည်းတော့ ခက်ပါတယ်။ ဒါပေမယ့် တချို့ မေမေလောင်းဖြစ်ချင်သူတေွမှာတော့ သားအိမ်မှာ ကျန်းမာရေး ပြဿနာတေွ ရှိနေတတ်ပါတယ်။ အဲဒါကတော့ သားအိမ်မှာ အသားလုံး ရှိနေတာပါပဲ။ သားအိမ်မှာ အသားလုံး ရှိနေတယ်ဆိုရင် ကိုယ်ဝန်ရဖို့က နည်းနည်းတော့ ခက်ပါတယ်။ ဒါပေမယ့် လုံးဝ မရနိုင်တာတော့ မရှိပါဘူး။ သားအိမ်ရဲ့ ကျန်းမာရေး အထူးကောင်းမွန်နေဖို့ လိုပါတယ်။ သားအိမ်အလုံးလေးမှာ အခေါင်းလေး တစ်ခု ရှိပါတယ်။

သားအိမ် သေးသေးလေးဟာ သန္ဓေသားလေး နေနိုင်တဲ့အထိ ကြီးလာပါတယ်။ နှစ်မြွှာပူး၊ သုံးမြွှာပူးတေွ ဆိုရင်လည်း သားအိမ်က ဆန့်ပါတယ်။ ကလေးမေွးပြီးတဲ့အချိန်မှာတော့ သားအိမ်က ပြန်ကျုံ့သွားပါတယ်။ ဒီလို သားအိမ်သေးသေးလေးထဲမှာ သားသားမီးမီးလေးတေွ ကောင်းကောင်းနေနိုင်ဖိို့ဆိုရင်တော့ ဘာအနေှာင့်အယှက်မှ မရှိမှ ဖြစ်မှာပါ။ ဒီလို မဟုတ်ဘဲ သားအိမ်မှာ အသားလုံး ဒါမှမဟုတ် သေွးလုံး တစ်ခုခု ရှိနေပြီဆိုရင်တော့ သန္ဓေသားလေး ဝင်ရောက်ဖို့အတွက် အရမ်းကို ခက်ခဲနေပါပြီ။ ဒီလို အခြေအနေမှာ ကလေးရခဲ့တယ်ဆိုရင်တောင် အနေအထား မမှန်တာတေွနဲ့ သန္ဓေသားလေး သားအိမ်မှာ ကြာရှည်စွာ မနေနိုင်ဘဲ သားလေှျာတာတေွ ဖြစ်နိုင်ပါတယ်။ တချို့တေွမှာတော့ သားအိမ်မှာ အလုံးရှိပေမယ့် ကိုယ်ဝန်ဆောင်လို့ ရပါတယ်။

သားအိမ်ထဲမှာ အလုံးရှိတဲ့ နေရာပေါ် မူတည်ပါတယ်။ သားအိမ်ထဲမှာ အလုံးရှိနေပေမယ့် သန္ဓေသားလေး နေရတာ အဆင်ပြေတယ်ဆိုရင်တော့ ဘာပြဿနာမှ မရှိနိုင်ပါဘူး။ သားအိမ်ရဲ့ နံရံဘက်အခြမ်းမှာ ရှိနေရင် အဆင်ပြေပါတယ်။ သားအိမ်ထဲမှာ အလုံးရှိနေပြီး ကလေးမေွးလိုက်ရတာတေွလည်း ရှိပါတယ်။ ဒါကြောင့် သားအိမ်မှာ အသားလုံးရှိတိုင်း ကိုယ်ဝန်မရနိုင်တာ မဟုတ်ပါဘူး။ မေမေလောင်းတို့ ဆရာဝန်နဲ့ တေွ့ဆုံပြီး ညွှန်ကြားချက်ကို သေချာလိုက်နာဖို့တော့ လိုပါတယ်။
#ဒေါက်တာ ချစ်ချစ်ဇော်(မန္တလေး)
#ရှမ်းပုတ်(မိုမိုလေး)