
သားဥအိမ်ဆိုတာဘာလဲ
------------------------
သားဥအိမ်ဆိုတာ သန္ဓေသားတစ်ခု ဖြစ်တည်လာဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သားဥတေွကိုထုတ်ပေးနေတဲ့ နေရာတစ်ခုပါ။ သားဥအိမ်ကနေ ထုတ်လိုက်တဲ့ သားဥနဲ့ သုက်ကောင်လေးတို့တေွ့မှ ကိုယ်ဝန်တစ်ခုဖြစ်တည်လာရတာပါ။ ဒါတင်မကသေးပါဘူး။ ဓမ္မတာ စက်ဝန်း ကိုထိန်းချုပ်တဲ့ ဟော်မုန်းတေွကိုလည် း ဒီသားဥအိမ်ကနေပဲ ထုတ်တဲ့အတွက် သားဥအိမ်ဆိုတာ အမျိုးသမီးတစ်ယောက်အတွက် မရှိမဖြစ်တဲ့ အရာတစ်ခုပါ။ သားဥအိမ်မရှိတော့ရင် ဘာတေွှဖစ်သွားမလဲ ။ ကိုယ်ဝန်ရော ရနိုင်သေးလား။

သားဥအိမ်ကို ထုတ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ
-----------------------------------------
သားဥအိမ်ထုတ်တာကို ဆေးပညာအရ oophorectomy လို့ခေါ်ပါတယ်။ သား အိမ်တစ်ဘက်တစ်ချက်စီမှာရှိတဲ့ သားဥအိမ် တစ်လုံးကိုဖြစ်စေ၊ နှစ်ခုလုံးကိုဖြစ်စေ မေ့ဆေး၊ ( ဒါမှမဟုတ်) ထုံဆေးပြေး့ပီး ခွဲထုတ်တဲ့ အကြီးစားခွဲစိတ်မှုတစ်ခုပါ။ သားဥအိမ်ထုတ်ရတဲ့ အကြောင်းအရင်းတေွကတော့ သားဥအိမ်နဲ့ သားဥပြွှန်မှာ ပြည်တည်တာ သားဥအိမ်ကင်ဆာ Endometriosis( သားအိမ်တွင်း ဆဲလ်များနေ ရာလွဲခြင်း) ကင်ဆာ မဟုတ်တဲ့ သားအိမ်မှာအလုံးတည်ခြင်း ( သားဥအိမ် အရည် အိတ်တည်ခြင်း) Ovarian torsion ( သားဥအိမ် လိမ်နေခြင်း) နဲ့ သားအိမ်ကင် ဆာဖြစ်ပြီး သားဥအိမ်ကိုပြန့်သွားတဲ့အခါ သားဥအိမ်ကင်ဆာဖြစ်နိုင်ချေ မြင့်မားနေ တဲ့အခါ မျိုးတေွမှာ သားဥအိမ်ကိုထုတ်လိုက်ကြလေ့ရှိပါတယ်။

သားဥအိမ်ကို ထုတ်တော့မယ်ဆိုပါတော့။ လူနာရှင်ဘက်က ဘာတေွ သိထားသင့်လဲ
-------------------------------------------------------------------------------
သားဥအိမ်ထုတ်တဲ့အခါမှာ သားဥအိမ် တစ်ခုလုံး ၊ ဒါမှမဟုတ်ရင် နှစ်ခုလုံးထုတ်လေ့ရှိပါတယ်။ ကိုယ်ဝန်ရခြင်း မရခြင်းနဲ့ ရာသီစက်ဝန်းအပေါ် သားဥအိမ်က သက်ရောက်မှု အများကြီးရှိတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။
သားဥအိမ် ၂ ဘက်လုံးထုတ်တဲအခါ
---------------------------------
ကလေးမရနိုင်တော့ခြင်း – သားဥအိမ် နှစ်ဘက်လုံးထုတ်လိုက်ရတဲ့ အမျိုးသ မီးတေွဟာ သဘာဝအတိုင်း ကလေးမရနိုင်တော့ပါဘူး။ ကလေးလိုချင်ရင် ဖန်ပြွန်သန္ဓေသားနည်းလမ်းနဲ့ ယူမှရတော့မှာပါ။ သေွးဆုံးလက္ခဏာများခံစားရခြင်း – ရာသီစက်ဝန်းထိန်းချုပ်တဲ့ ဟော်မုန်းတေွ ထုတ်ပေးတဲ့ သားဥအိမ်မရှိတော့တဲ့အခါ သေွးဆုံးခြင်း လက္ခဏာတေွကိုခံစားရ မှာပါ။
သားဥအိမ် ၁ ဘက်တည်းထုတ်ခြင်း
---------------------------------------
သားဥအိမ် ၁ ဘက်တည်းထုတ်ထားရင်တော့ ကလေးရနိုင်သေးသလို အရွယ်မ တိုင်ခင် သေွးဆုံးတာမျိုးတေွလည်း မဖြစ်တော့ပါဘူး။ ဒါကြောင့် ဖြစ်နိုင်ရင် သားဥ အိမ်ကို တစ်လုံးတော့ချန်ခဲ့စေချင်ပါတယ်။ ကိုယ်ကလည်း အသက်ငယ်သေးတယ်၊ အိမ်ထောင်မကျသေးဘူး၊ ကလေးထပ် ယူချင်သေးတယ် ဆိုရင်တော့ ဖြစ်နို်င်ရင်သားဥအိမ် တစ်လုံးပဲ ထုတ်ပြီးနောက် တစ်လုံးချန်ခဲ့ပါ။ အသက်ကလည်းကြီးနေပြီ၊ ကလေးထပ်ယူဖို့လည်း ဆန္ဒမရှိတော့ဘူးဆိုရင်တော့ နောက်ပိုင်း ကင်ဆာရန်ကိုကြောက်ရတဲ့အတွက် သားဥအိမ် ၂ ခုလုံးထုတ်လိုက် တာ ပိုကောင်းပါတယ်။

သားဥအိမ် ၂ ဘက်လုံးထုတ်လိုက်ရပြီးနောက်ကိုယ်ဝန် ရချင်ရင် ဘယ်လိုလုပ်ရမလဲ
--------------------------------------------------------------------------
သားဥအိမ်တစ်လုံး ကျန်ခဲ့ရင် ကိုယ်ဝန်ရဖို့က ဖြစ်နို်င်ပေမယ့် သားဥအိမ် ၂ ဘက် လုံးထုတ်လိုက်တဲ့အခါ သဘာဝအတိုင်း ကိုယ်ဝန်ရဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ ပါဘူး။ ဒါပေမယ့် မေှျာ်လင့်ချက်တစ်ခုရှိပါသေးတယ်။ ဒါကတော့ ဖန်ပြွန်သန္ဓေသားနည်းပဲဖြစ်ပါတယ်။ သားဥအိမ် ၂ ဘက်လုံး မရှိတော့ပေမယ့် သားအိမ်ရှိနေသေးရင် ဖန်ပြွှန်သန္ဓေသားနည်းနဲ့ ကိုယ်ဝန်ယူ လို့ရပါသေးတယ်။ သားဥအိမ် ၂ ဘက်လုံးထုတ်ထားတဲ့ အမျိုးသမီးတေွခံစားရတဲ့ သေွးဆုံးကိုင် လက္ခဏာတေွကို သက်သာစေဖို့အတွက် ဟော်မုန်းအစားထိုးခြင်း ကုသမှုခံယူလို့ရပါတယ်။
#ဒေါက်တာ ချစ်မင်းသူ(ဆေး-၁)
#ရှမ်းပုတ်(မိုမိုလေး)