မေမေတို့ရေ ရင်သေွးငယ်လေးတေွကို အာဟာရပြည့်ဝတဲ့ အစားအစာတေွကို ကျေွးမေွးဖို့လိုအပ်တယ်ဟုတ်။ မေမေတို့အားလုံးကလည်း ရင်သေွးငယ်လေးတေွအတွက် အာဟာရဓာတ်ပြည့်ဝပြီး ဖွံ့ဖြိုးဖို့ကို မေှျာ်လင့်ကြတယ်မဟုတ်လား။ စိမ်းလန်းတဲ့ ဟင်းရွက်တေွက သွားကိုခိုင်ခံ့စေပါတယ်မေမေတို့ရေ။ မျက်စိအမြင်ကိုလည်း ကောင်းမွန်စေပါတယ်။ သေွးအားလည်းကောင်းစေပါတယ်နော်။ ကဲ မေမေတို့ရေ ရင်သေွးငယ်လေးတေွအတွက် ဟင်းရွက်တေွကို ပြင်ဆင်ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်မပြယ်ဘဲ ပြည့်ဝနေစေဖို့အတွက် ဘယ်လိုနည်းလမ်းတေွအသုံးပြုရမယ်ဆိုတာကို မှျဝေပေးမယ်နော်။
ဟင်းသီးဟင်းရွက်တေွကို အာဟာရဓာတ်မပြယ်အောင် ချက်ပြုတ်မယ်ဆိုရင်တော့ ..
- လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တေွကို အမြဲအသုံးပြုသင့်ပါတယ်။
- ဟင်းသီးဟင်းရွက်တေွမှာ ပထမဦးစွာ ရင့်ရော်တဲ့အပိုင်း၊ ညှုိးနွမ်းတဲ့အပိုင်းတေွကို ဖယ်ရှားပစ်ရပါမယ်။
- ရေနဲ့သန့်သန့်ရှင်းရှင်းဆေးပြီး လိုအပ်သလိုလှီးဖြတ်ရပါမယ်။ (ကလေးတေွအတွက်ဖြစ်လို့ စားရလွယ်ကူအောင် ခပ်သေးသေးလှီးရပါမယ်)
- ဟင်းသီးဟင်းရွက်ကို ပြုတ်တဲ့အခါမှာတော့ ဆူနေတဲ့ရေအနည်းငယ်မှာထည့်ပြီး အဖုံးပိတ်ပြုတ်ရပါမယ်။ (ကြာရှည်စွာမပြုတ်သင့်ပါဘူးနော်)
- နေ့စဉ်စားသောက်တဲ့ အစားအစာတေွထဲမှာ စိမ်းလန်းလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တေွပါ၀င်သင့်ပါတယ်နော်။ ဟင်းသီးဟင်းရွက်တေွကို အသား၊ ငါး၊ ပဲ၊ ဥ စတဲ့ဟင်း်တေွနဲ့ ရောနေှာချက်ပြုတ်မယ်ဆိုရင်တော့ ဟင်းကျက်ခါနီးမှထည့်သင့်ပါတယ်။
- ဟင်းရွက်ပြုတ်ရည်၊ ထမင်းရည်စတာတေွကို ကလေးငယ်တေွကို တိုက်ကျေွးသင့်ပါတယ်။ အခြားဟင်းလျာတေွနဲ့လည်း ရောပြီးကျေွးမေွးနိုင်ပါတယ် မေမေတို့ရေ။ မိသားစုအားလုံး ကျန်းမာပြီး အာဟာရပြည့်ဖြိုးကြပါစေနော်။
Ref;HM (ကျားလေး)