ဗိုက်ဗိုက်လေးတွေအတွက် ဆီးဖြူသီးရဲ့ အံ့မခန်းအကျိုးကျေးဇူးများ
ဆီးဖြူသီးကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတို့ စိတ်ချလက်ချ စားလို့ရပါတယ်။ ဝယ်ရတာလွယ်ကူပြီး ဈေးနှုန်းလည်းချိုသာပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အစားအစာတစ်ခုကို စားတော့မယ်ဆိုရင် စားသင့်၊ မစားသင့် စဉ်းစားရတာ အလုပ်တစ်ခုပါပဲ။ တခါတလေမှာ ထူးထူးဆန်းဆန်း စားချင်တာတွေ ကြုံရပါတယ်။ အဲဒီထဲမှာ ဆီးဖြူသီးစားချင်စိတ်တွေကလည်း ကိုယ်ဝန်ဆောင်ချိန်မှာပေါ်လာနိုင်ပါတယ်။
ဆီးဖြူသီးကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတို့ စိတ်ချလက်ချ စားလို့ရပါတယ်။ ဝယ်ရတာလွယ်ကူပြီး ဈေးနှုန်းလည်းချိုသာပါတယ်။ ဆီးဖြူသီးတော်တော်များများက အလေ့ကျပေါက်တာမို့ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာတွေ ပါလာမှာ စိုးရိမ်စရာ မလိုပါဘူး။ ဆီးဖြူသီးက သံပုရာသီးနဲ့ဆင်ပါတယ်။ အစိမ်းတောက် အရောင်ဖြစ်ပြီး ဖန်၊ ခါး၊ ချဉ်၊ ချို အရသာစုံလင်လှပါတယ်။ ဒီလိုအရသာ စုံလင်လို့လည်း ကိုယ်ဝန်ဆောင်ချိန်မှာ စားချင်စိတ် ဖြစ်မိတာပါ။ ဗီတာမင် C နဲ့ antioxidants တို့ကြွယ်ဝစွာပါဝင်ပါတယ်။ သံဓာတ်၊ ကယ်လ်စီယမ်နှင့် ဖော့စဖောရပ် တို့လည်း ပါဝင်ပါတယ်။ တိုင်းရင်ဆေးဝါးတွေမှာတော့ ဆီးဖြူသီးကို ထည့်သွင်းအသုံးပြုကြပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးဖြူသီးစားမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်တယ်ဆိုတာ Kalay ကနေ မေမေလောင်းတို့အတွက် ပြောပြပေးမယ်နော်။
ဆီးဖြူသီးရဲ့ အကျိုးကျေးဇူးများ
ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးဖြူသီးကို စိတ်ချလက်ချ စားလို့ရပါတယ်။ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။
ဝမ်းချုပ်
ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေက ဝမ်းချုပ်တာနဲ့ လိပ်ခေါင်းဖြစ်တာကို ကြုံတွေ့ရနိုင်ပါတယ်။ အထူးသဖြင့် ဝမ်းချုပ်တာကို ဆိုးဆိုးရွားရွား ကြုံတွေ့နိုင်ပါတယ်။ ဆီးဖြူသီးက မေမေလောင်းတို့ ဝမ်းချုပ်တဲ့ ပြဿနာကို ကူညီဖြေရှင်းပေးပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာမို့ အူသိမ်အူမ လှုပ်ရှားမှုနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေကို ကာကွယ်ပေးပါတယ်။
သွေးပေါင်ချိန်
ဗီတာမင် C ပါဝင်တာမို့ သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးဖြူသီးဖျော်ရည် လတ်လတ်ဆတ်ဆတ်ကို တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးမယ်ဆိုရင် အချဉ်ဓာတ်မြင့်မားတာနဲ့ ရင်ပူတာကို တားဆီးပေးပါတယ်။
ပျို့အန်ခြင်း
ကိုယ်ဝန်ဆောင်ချိန် ပထမ(၃)လမှာ ပျို့အန်တဲ့ပြဿနာကို ရင်ဆိုင်ရနိုင်ပါတယ်။ ဆီးဖြူသီးက ဒီပြဿနာတွေကို ကျော်လွားဖို့ အကူအညီပေးပါတယ်။ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်တာနဲ့ စိတ်ဖိစီးမှုတွေကိုလည်း သက်သာစေပါတယ်။
သွေးသားသန့်စင်ပေးခြင်း
ခန္ဓာကိုယ်ထဲမှာရှိနေပြီး သန္ဓေသားဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေတဲ့ ပြဒါးနဲ့ ခဲတို့ကို ဖယ်ရှားပေးပါတယ်။ သန္ဓေသားဆီ အောက်ဆီဂျင် အဆက်မပြတ်ရောက်ရှိအောင် အကူအညီပေးပါတယ်။
သွေးအားနည်းရောဂါ
ဗီတာမင် C နဲ့ သံဓာတ်တို့ကြွယ်ဝစွာပါဝင်တာမို့ ဟေမိုဂလိုဘင် အဆင့်ဆင့်ကို ထိန်းသိမ်းထားပြီး ဗီတာမင် C က သံဓာတ်စုပ်ယူမှုကို အထောက်အကူပြုစေပါတယ်။
အစာခြေစနစ်
အစာခြေစနစ်နဲ့ စုပ်ယူမှုကို အထောက်အကူပြုပြီး လေချဉ်တက်တာနဲ့ အစာခြေပြဿနာကို လျော့နည်းစေပါတယ်။
ကိုယ်ခံစွမ်းအား
Antioxidants နဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာမို့ အအေးမိတာနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ မွေးကင်းစ ကလေးငယ်တွေအတွက်လည်း ကိုယ်ခံစွမ်းအား တိုးမြင့်ပေးပြီး နို့ထွက်ကောင်းအောင် အထောက်အကူပြုပါတယ်။
ကယ်လ်ဆီယမ်
သန္ဓေသားရဲ့ အံသွားနဲ့ အရိုးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ သန္ဓေသားရဲ့ ကယ်လ်ဆီယမ်ဓာတ်က မိခင်ရဲ့ အရိုးကနေ ရယူတာမို့ ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်လ်ဆီယမ်ဓာတ် နှစ်ဆ လိုအပ်ပါတယ်။ ဆီးဖြူသီးမှာ ကယ်လ်ဆီယမ်ပါဝင်တာမို့ နေ့စဉ်စားသုံးပေးသင့်တဲ့ အသီးအနှံတွေထဲမှာ ထည့်သွင်းထားသင့်ပါတယ်။
ခြေလက်ဖောရောင်ခြင်း
ဆီးဖြူသီးက ကိုယ်ဝန်ဆောင်ချိန်အတွင်း ခြေလက်ဖောရောင်တာကို သက်သာစေပါတယ်။
ကိုယ်ဝန်ဆီးချို
ကိုယ်ဝန်ဆာင်ချိန်အတွင်းမှာ ဆီးချိုဖြစ်နိုင်တဲ့ အခွင့်အရေးကို လျော့ချပေးပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးဖြူသီးစားပေးတာက မေမေလောင်းတို့အတွက်ကော သန္ဓေသားလေးအတွက်ပါ အကျိုးကျေးဇူးတွေ အများကြီးရနိုင်ကြောင်း ပြောပြပေးလိုက်ပါတယ်။
#Credit