#မြန်မာတွေ_လူကောင်ကြီးလာအောင်_မျိုးဆက်မှာ_ဘယ်လိုတွေ #ပြု #ပြင်သွားကြမလဲ။
ဒီစာဟာ မြန်မာလူမျိုး အထူးသဖြင့် မြန်မာမိခင်အတော်များများရဲ့ တွေးမြင်ပုံအပေါ် အားမလိုအားမရ ဖြစ်မိလို့ ရေးဖြစ်တာဖြစ်ပြီး ဘယ်သူတစ်ဦးတစ်ယောက်အပေါ် တိုက်ရိုက်ပြောဆိုလိုခြင်း မရှိပါကြောင်း ဦးစွာ စကားခံလိုပါတယ်။
ကမ္ဘာနဲ့ ယှဉ်ရင် မြန်မာဟာ တော်တော်ကြီးကို လူကောင် ညှက်ပါတယ်။
လူကောင် ညှက်တဲ့အတွက် အားကစားပွဲလိုတွေမှာ ဆိုလည်း ဒီနှုန်းအတိုင်းသာ သွားရင် ခုလက်ရှိ အခြေအနေထက် ဆိုးတဲ့ လူပု စာရင်းဝင် ကမ္ဘာ့အားကစားနည်းပေါင်းစုံနဲ့ သင့်လျော်ဖို့ရာ ပေမမီ တန်းမမီ လူမျိုးအဖြစ် ကျန်ခဲ့ရတော့မှာပါ။
ဒါတောင် အားကစား ကဏ္ဍတစ်ပိုင်းပဲ ရှိပါသေးတယ်။
သိပ်မကြာသေးမီ ကာလ မြန်မာကို ဂျပန်တွေ ဝင်တော့ အဲဒီ ကျူးကျော်သူ ဂျပန်တွေကို မြန်မာတွေ ခေါ်တဲ့အခေါ်က ဂျပန်ငပု ပါ။ ဂျပန်တွေဟာ ပုခဲ့ကြပေမဲ့ သိပ်မကြာလိုက်တဲ့ မျိုးဆက်အရေအတွက်လောက်အတွင်း ငပု လို့ အခေါ်မခံရတော့သည်အထိ သူတို့ကိုယ်သူတို့ ပြောင်းလဲနိုင်ခဲ့ကြတာလည်း မျက်မြင်ကိုယ်တွေ့ပါ။
ဒီစာကို ဘာလို့ ရေးသလဲဆို မြန်မာတွေ အထူးသဖြင့် မြန်မာမိခင်တချို့ရဲ့ စံလွဲနေတဲ့ အတွေးတွေကို မှားနေမှန်း သိအောင် ပြောင်းလဲ ပစ်နိုင်ချင်တာကြောင့်ပါပဲ။
ရောင့်ရဲလွယ် စိတ်ဖြေလွယ်ကြတဲ့ မြန်မာတို့ စိတ်အနေအထားအရ မြန်မာကလေးငယ်တွေဟာ မဖျားမနာ ရင် ပြီးရော ကျန်းမာနေရင် ကောင်းတာပဲ စတဲ့ အယူအဆတွေ အောက်မှာ ဂျပန်တွေလို တွန်းလှန် ပြောင်းလဲလိုစိတ်တွေ ပျောက်ကွယ်နေကြတာကို ဖြစ်သင့်တဲ့ အမှန်တရားလို ပညာတတ်ဆိုတဲ့ အသိုင်းအဝိုင်းတွေအထိ အမြင်တွေ စူးနစ်နေကြရင်း ဘယ်တိုင်းပြည် ဘယ်လူမျိုးနဲ့မှ ရုပ်ပိုင်းဆိုင်ရာ မယှဉ်နိုင်တော့အောင် ဖြစ်နေကြတာ သိပ် နှမျောပါတယ်။
မှန်ပါတယ်။
အများပြောနေကြသလို မျိုးရိုးဗီဇ နဲ့လည်း ဆိုင်တဲ့ အပိုင်းဆိုတာ ကောင်းကောင်းကြီး လက်ခံပါတယ်။ ဒါပေမဲ့ မျိုးရိုးဗီဇ ဆိုတိုင်း ဒီအပိုင်းကို ဒီလိုပဲ လက်ခံလိုက်ကြတာကိုတော့ သဘောမကျပါဘူး။
နည်းလမ်းတွေ ရှိပါတယ်။
အနဲဆုံးအနေနဲ့ တူညီတဲ့ မိဘကနေ မွေးတာချင်းအတူတူ မောင်နှမ အရင်းအတွင်းမှာကို အဟာရ ပုံစံ စနစ်ကျကျ စားခွင့်ရခဲ့တာနဲ့ စနစ်တကျ မဟုတ်ဘဲ စားခဲ့ရတာမှာ ကလေးတွေ အသက်ကြီးလာတဲ့အခါ သိသာတဲ့ ကွဲပြားသော ရလာဒ်တွေ ရှိပါတယ်။
ဆိုတော့ အရပ်။
မျိုးရိုးဗီဇနဲ့လည်း ဆိုင်တယ် ဆိုတဲ့ ဒီအရပ်ဟာ အစားအသောက်ရယ် နေထိုင်ကြီးပြင်းမှု ပုံံစံတွေရယ် လိုက်ပြီးလည်း ပြောင်းလဲ ပြုပြင်ယူလို့ ရပါသေးတယ်။ နည်းတွေ ရှိပါတယ်။ မိဘ မျိးရိုး ဘယ်လောက် ညှက်ညှက် ဒီလိုတွေသာ ပြောင်းလဲယူလိုက်မယ်ဆို ကျွန်တော်တို့ မြန်မာတွေလည်း ဂျပန်တွေလိုပဲ နောက်မျိုးဆက် ၃ဆက်လောက် ဆိုရင်ကို ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ပေမီဒေါက်မီ လူမျိုးစာရင်း ဝင်ပါပြီ။
#မိဘတွေ_အထူးသဖြင့်_အမေတွေ_တွေးခေါ်ပုံ_ပြောင်းလဲကြဖို့_လိုပါတယ်။
#တိုင်းပြည်အတွက်_လိုပါတယ်။
#ကျွန်တော်တို့အားလုံးရဲ့_ကလေးတွေ_အတွက်_လိုပါတယ်။
ဦးနှောက်က လိုက်နိုင်ရင်တောင် ခန္ဓာကိုယ်က ဘောင်မမီတဲ့အခါ လက်လွှတ်လိုက်ရတဲ့ ဘဝအခွင့်အရေးတွေ အများကြီး ရှိတယ် မဟုတ်လား။
ဒီနေရာမှာ အရေးအကြီးဆုံး ထည့်ပြောချင်တာက အရပ်ရှည် လူကောင်ကြီးတာနဲ့ လူကောင်ကြီး ဝဝပြဲပြဲကြီး ဖြစ်နေကြပုံခြင်း မတူဘူး ဆိုတာကိုပါ။
_________________________________________________________
#ကလေးတွေကို_အရပ်ရှည်_လူကောင်ထွားအောင်_ဘယ်လိုလုပ်ပေးကြမလဲ။
အစားအသောက်
အနေအထိုင်ပုံံစံ
အိပ်စက်ပုံ
လေ့ကျင့်ခန်း
ဖြည့်စွက်ဆေးဝါး ဆိုပြီး ၅ပိုင်း ရှိပါတယ်။
(ဒီအပိုဒ်ကို ဒေါက်တာအေးမင်းထူး ဆီက ယူပါတယ်။ စာကျုံ့အောင် Edit လုပ်ထားပါတယ်။)
အရပ်ရှည်ဖို့ တကယ်လိုအပ်တဲ့အာဟာရဓာတ်က #ပရိုတင်းဓာတ် ဖြစ်ပါတယ်။ ပရိုတင်းဆိုတာ အမိုင်နိုအက်ဆစ်တွေနဲ့ ဖွဲ့စည်းထားတယ်။ တနည်းအားဖြင့် ခန္ဓာကိုယ်ရဲ့ သက်ရှိအုပ်ချပ်တိုင်းက အမိုင်နိုအက်ဆစ်တွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အသားဓာတ်(အမိုင်နိုအက်ဆစ်) များများ လိုအပ်တယ်။ အသားစားခြင်းကြောင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် (၈)မျိုးအပြင် စုစုပေါင်း အမျိုး(၃၀)ကျော်လောက်ကို ရရှိစေတယ်။
ပရိုတင်းပါတဲ့ အစားအသောက်ထဲမှာ နွားနို့၊ကြက်ဥ၊ဒိန်ခဲ၊ထောပတ်၊ငါး၊အသား၊အသည်းစတာတွေက ကောင်းတယ်။ နွားနို့မှာ ခန္ဓာကိုယ်ဖွဲ့စည်းမှုအတွက် လိုအပ်တဲ့အခြေခံပရိုတင်းတွေ များစွာပါဝင်တယ်။
အရပ်ရှည်ဖို့ တရက်ကို နွားနို့ နှစ်ခွက်မှ သုံးခွက်အထိသောက်ပါ။ မလိုင်ထုတ်ပြီး နွားနို့မှာ အဆီပိုတွေ မရှိတော့လို့ ပိုကောင်းတယ်။ မနက်စောစော နွားနို့တခွက်သောက်ပြီး လေ့ကျင့်ခန်းလုပ်တာမျိုး လုပ်ကြည့်ပါ။ မြန်မာနိုင်ငံက အားကစားသမားတွေအနေနဲ့ အစားအသောက်နဲ့ လေ့ကျင့်ခန်းတွဲပြီး စနစ်တကျလုပ်ဆောင်သင့်တယ်။
ကြက်ဥကလည်း အသားဓာတ်တမျိုးပါပဲ။ ကြက်ဥအကာမှာ albumin ပရိုတင်းတွေ ကြွယ်ဝစွာပါဝင်တယ်။ သတိပြုရမှာက ကြက်ဥအနှစ်မှာ အဆီပိုတွေပါလို့ ဝတဲ့သူတွေအနေနဲ့ ကြက်ဥအကာကိုသာ စားသုံးသင့်တယ်။ အရပ်ရှည်အောင် ကြက်ဥ နှစ်လုံးကို နေ့စဉ်သုံးပါ။ အရိုးပါ ဝါးစားနိုင်တဲ့ ငါးသေးလေးတွေ တပတ် သုံးကြိမ်စားပေးပါ။ ဒါ့ပြင် ကြက်သား၊အမဲသား စတာတွေကလည်း ကြီးထွားခြင်းကိုဖြစ်စေလို့ လိုအပ်တယ်။ တရက်ကို အသား အနည်းဆုံး (၅၀)ဂရမ် စားပေးပါ။
သက်သက်လွတ်သမားတွေလည်း အသီးအရွက်တွေကနေ အသားဓာတ်ကို ရနိုင်တယ်။ ပဲသီး၊ပဲတောင့်ရှည်၊ပဲတီစိမ်း၊တို့ဖူး၊မုန်လာဥဖြူ၊တရုတ်မုန်လာ၊ဟင်းနုနွယ်၊ပဲပုတ်၊ပန်းဂေါ်ဖီစိမ်း၊မုန်လာထုပ်၊ရုံးပတီသီးစတာတွေက ကောင်းတယ်။ အသားဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်ထဲမှာ #ပဲပုတ်က အကောင်းဆုံးဖြစ်တယ်။ #ဂျပန်တွေအရပ်ရှည်လာတာ_ပဲပုတ်စားတာလည်း ပါတယ်။ နေ့စဉ် ပဲပုတ် (၅၅)ဂရမ်လောက် စားပေးသင့်တယ်။ အုတ်ဂျုံဆိုတာလည်း ပဲပုတ်လိုပဲ အသားဓာတ်ကြွယ်ဝတယ်။ ယာဂုကျိုရာမှာ သုံးကြတယ်။ အားသာချက်က အသားဓာတ်ကို ဖြည့်ဆည်းပြီး အဆီပိုတွေ လျှော့နည်းစေတာ ဖြစ်တယ်။ #မနက်စာစားတိုင်း_အုတ်ဂျုံ_ဂရမ်(၅၀)ပါရင် #၆လအတွင်း_အရပ်သိသိသာသာ_ရှည်လာစေတယ်။
အရပ်ရှည်ဖို့ဆို အစားအသောက်တွေထဲမှာ အဆီအဆိမ့်ပါတာ #ရှောင်သင့်တယ်။ အာလူးကြော်၊ကွတ်ကီ၊ချောကလက်၊ပီဇာ၊ဟမ်ဘာကာ၊မြန်မာလုပ် မုန့်ပဲသရေစာတွေက အာဟာရမမြောက်တဲ့အပြင် အဆီတက်စေတဲ့ အစားအစာတွေဖြစ်လို့ ရှောင်သင့်တယ်။ #အဆီပိုများတာနဲ့အမျှ_ခန္ဓာကိုယ်ဝိတ်များလာပြီး_အရိုးတွေကို_အပေါ်က_ဖိထားသလိုဖြစ်စေတယ်။ ဒီအချက်က #အရိုးတွေ_ကြီးထွားခြင်း_နှောင့်နှေးစေနိုင်တဲ့အချက်ဖြစ်တယ်။
အရပ်ရှည်ဖို့အတွက် အစားအသောက်တွေစားတဲ့အခါလည်း သတိပြုရမှာတွေ ရှိတယ်။ စားတဲ့အခါ တနေ့သုံးကြိမ် စားသုံးတာထက် အကြိမ်အရေအတွက် များများနဲ့ အစားအသောက်စုံလင်အောင် စားတာက ပိုမှန်တယ်။ ဘာ့ကြောင့်လဲဆိုတော့ #တစ်ထိုင်တည်း_အစာများများစားခြင်းက_အင်ဆူလင်ဟော်မုန်း_ရုတ်တရက်_တက်လာစေလို့ပါပဲ။
#အင်ဆူလင်ဟော်မုန်းက_growth_hormone(ကြီးထွားဟော်မုန်း) #ထွက်ပေါ်ခြင်းကို_တားဆီးပေးတယ်။ #ဂလူးကို့စ်ရုတ်တရက်များလေ_အင်ဆူလင်တက်လေဖြစ်ပြီး #ကြီးထွားခြင်းကို_ပိုမိုနှေးကွေးသွားစေတယ်။
အစားအသောက်ပြီးရင် ဒုတိယအရေးကြီးတဲ့ အပိုင်းက အနေအထိုင်ပါ။ လူတွေဟာ အပျင်းကြီးတဲ့သတ္တဝါထဲမှာ ပါဝင်ကြတယ်။ အားနေရင် ထိုင်တာနဲ့ လှုပ်ရှားနေတာဆို ထိုင်နေကြတာကပဲ သဘာဝပါ။
အထိုင်များသူတွေဟာ ယေဘုယျအားဖြင့် အရပ်ပုကြတယ်။ ထိုင်တဲ့လူတွေရဲ့ ကျောရိုးအနေအထားကို သတိထားလေ့လာကြည့်ရင် အများစုဟာ ခါးမတ်မတ်ထိုင်လေ့မရှိဘဲ ကိုင်းနေတာကို တွေ့ရလိမ့်မယ်။ ဂျပန်တွေ ထိုင်တဲ့အခါ မတ်မတ် ထိုင်ကြတာကို သတိထားကြည့်ပါ။ အထိုင်များသူတွေအတွက် ခါးရိုးက ကောက်နေတာဖြစ်လို့ ပုံမှန်ထက် အရပ်ပုသွားစေတယ်။ အရပ်ရှည်ချင်သူတွေ ဒီအချက်ကို သတိထားပြုပြင်ဖို့ လိုအပ်ပါတယ်။
ထိုင်တဲ့အခါဖြစ်ဖြစ် နောက်ဆုံးအိပ်တဲ့အခါဖြစ်ဖြစ် ခါးရိုးကို ဆန့်ဆန့်ထားပါ။ အိပ်တဲ့အခါမှာ ဘေးစောင်းအိပ်တာထက် ပက်လက်အနေအထား ခါးဆန့်ပြီး အိပ်သင့်တယ်။ ရသမျှအချိန်အတွင်း အကျိုးရှိအောင် ကုတင်ခြေရင်းကို ခြေဖျားနဲ့ မကြာခဏဆန့်ပြီး ထိပေးပါ။
နောက်ပိုင်းမှာ ထပ်သိလာကြတာက အိပ်စက်ခြင်းဟာ ကြီးထွားဟော်မုန်းကို ထွက်စေတယ်ဆိုတာပါ။ အိပ်ရေးဝဝအိပ်စက်ခြင်းက ကြီးထွားမှုပေါ် သက်ရောက်စေတယ်။ #နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ပြီး_၂နာရီအကြာမှာ_ပစ်ကျူထရီက #ကြီးထွားဟော်မုန်းတွေ_စတင်ထွက်လာတယ်။ #တရက်ကို_ပျမ်းမျှ (၈)နာရီလောက် #အိပ်စက်ခြင်းက_အရပ်ရှည်ခြင်းကို_အားပေးတယ်။
#နေ့ခင်းဘက်_ကလေးတွေကို_အိပ်နိုင်အောင်_ဖန်တီးပေးပါ။
အနေအထိုင်အပိုင်းပြီးရင် လေ့ကျင့်ခန်းလုပ်ဖို့ ဆက်လက်ကြိုးစားသင့်တယ်။
အရပ်ရှည်ဖို့ ဘယ်လေ့ကျင့်ခန်းတွေကောင်းလဲ။
အဖြေက ရှင်းပါတယ်။ ခုန်ရတဲ့လေ့ကျင့်ခန်းတွေနဲ့ ခါးဆန့်ခြေထောက်လှုပ်ရတဲ့ လေ့ကျင့်ခန်းတွေက အကောင်းဆုံးဖြစ်ပါတယ်။ ဥပမာ ကြိုးခုန်တာ၊ဘတ်စကတ်ဘော၊ဘောလီဘော၊တဲနစ်၊ကြက်တောင်စတာတွေက ခုန်ရခါးဆန့်ရတာဖြစ်လို့ အရပ်ရှည်စေတယ်။ အလားတူ ရေကူးတာ၊ဘားဆွဲတာ၊ဘောလုံး၊ဘေ့စ်ဘော၊အေရိုးဗစ်၊ဂျင်မ်ကစားတာ၊လမ်းအမြန်လျှောက်တာမျိုးဟာ ခြေထောက်လှုပ်ပြီး ခါးဆန့်ရတဲ့ လေ့ကျင့်ခန်းတွေဖြစ်လို့ အရပ်ပုသူတွေအတွက် အထူးသင့်တော်တယ်။ အထက်ပါ လေ့ကျင့်ခန်းတွေထဲက မိမိနှစ်သက်ရာလေ့ကျင့်ခန်းကို တရက်လျှင် နာရီဝက်ခန့် လုပ်ပေးပါ။
ကြားထဲမှာ အရပ်ရှည်စေမယ့် အစားအသောက်၊ဆေးဝါးသောက်သုံးနိုင်တယ်။ အရိုးအတွက် ကယ်စီယမ်၊မဂ္ဂနီစီယမ်၊ဖော့စဖားရပ်၊သွပ်ဓာတ်၊သံဓာတ်နဲ့ ဗီတာမင် ဒီ စတာတွေ အဓိကလိုအပ်ပါတယ်။
ဗီတာမင်အားဆေးတွေအပြင် ကြီးထွားဟော်မုန်းကို တုပပြီးလုပ်တဲ့ HGH သောက်ဆေး၊ထိုးဆေးတွေလည်း ရှိသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေ များတဲ့အတွက် သောက်မယ်ဆို စျေးကွက်ထဲ ရောက်နေသမျှ အများအပြောနဲ့ မဟုတ်ဘဲ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ရွေးချယ်သင့်ပါတယ်။
အရပ်ရှည်အောင် တိုက်ရိုက်မဟုတ်ပဲ သွယ်ဝိုက်တဲ့နည်းနဲ့ ကြီးထွားဟော်မုန်းထွက်အောင် အားပေးတဲ့ဆေးတွေလည်းရှိတယ်။ ဒီထဲမှာ Arginineကတော့ ပိုနာမည်ကြီးတယ်။ ပဲပုတ်မှာပါသလို အသည်းအားဆေးတွေအနေနဲ့ သုံးတယ်။ပစ်ကျူထရီကို လှုံ့ဆော်ပြီး ကြီထွားဟော်မုန်းတွေ ပိုထွက်လာစေတယ်။ ဆေးသောက်တဲ့အခါ L-Arginine ပါတဲ့ဆေးတွေသောက်ရင် ကြီးထွားမှုကို မြန်လာစေတယ်။
#အားလုံးခြုံပြီးပြောရရင်_အရပ်ရှည်ဖို့_ကြီးထွားဟော်မုန်းက_အရေးပါတယ်။
အရိုးတွေသန်မာဖို့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလိုအပ်တယ်။ ပရိုတင်းပါတဲ့ အစားအသောက်တွေကို နေ့စဉ် စားသင့်တယ်။ အိပ်ရေးဝဝအိပ်စက်ဖို့နဲ့ အနေအထိုင်တတ်ဖို့လည်း အရေးကြီးသေးတယ်။ ဒီအခြေခံအချက်တွေနြဲ့ပည့်စုံပြီးရင် ဆက်လုပ်မှာက လေ့ကျင့်ခန်းဖြစ်ပါတယ်။ သူများကိုအားမကိုးပဲ မိမိကိုယ်တိုင် စနစ်တကျ စတင်လုပ်ဆောင်ကြည့်ပါ။ အသက်(၂၁)နှစ်အရွယ် အတွင်း သိသိသာသာ အရပ်ရှည်လာတာ တွေ့ရပါလ်ိမ့်မယ်။
ဒေါက်တာ အေးမင်းထူး
၁၃.၈.၁၆
_____________________________________________________
နောက်တစ်ခု ထပ်ဖြည့်ချင်တာက ကျန်းမာရေး အသိအပိုင်းပါ။
မြန်မာဟာ ကျန်းမာရေး စောင့်ရှောက်မှု ကာကွယ်မှုအပိုင်းတွေ အားနဲနေသေးတဲ့အပြင် လူတစ်ဦးချင်းစီရဲ့ ကျန်းမာရေးအသိဟာလည်း နိမ့်ကျနေတုန်းပါ။ ဒါဟာ ဘယ်သူ ဘာဘွဲ့ ရခဲ့တယ်ဆိုတာနဲ့ မဆိုင်ဘဲ အခြေခံ ကျန်းမာရေးအသိနဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး ကျန်းမာရေး အဆင့်တွေမှာကို အားနဲလွန်းနေသေးတာပါ။
ဒီလိုအားနဲကြတဲ့အခါ ဒီလူတွေနဲ့ တည်ဆောက်ထားတဲ့ အသိုင်းအဝိုင်းတွေထဲကို ကျွန်တော်တို့ ကလေးငယ်တွေ ရောက်ရှိသွားတဲ့အခါ လိုအပ်တာထက် ပိုတဲ့ ကျန်းမာရေးတိုက်ခိုက်မှုတွေ ကို ကလေးတွေ ခံကြရပါတယ်။ ကျန်းမာရေးဟာ ခန္ဓာကိုယ်က ပြန်ခုခံနိုင်သလောက် တိုက်ခိုက်ခံရရင်ကောင်းပေမဲ့ ပြန်မခုခံနိုင်တဲ့ ပမာဏအထိ တိုက်ခိုက်ခံရတာဟာ ဆိုးပါတယ်။
အထူးသဖြင့် အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးနေတဲ့ ကလေးငယ်တွေမှာ မကြာခဏ ဖျားနာနေကြရတာဟာ တက်နေတဲ့အညွန့်တလူလူကို ချိုးချိုးချနေသလိုပါပဲ။ နေကောင်းရင် ပြန်တက်တယ်ဆိုပေမဲ့ ဆုံးရှုံးသွားတဲ့ အချိန်အတွက် အခွင့်အရေးကတော့ ပြန်မရနိုင်တော့ပါဘူး။ လူတစ်ယောက် ကြီးထွားဖွံ့ဖြိုးဖို့အတွက်အချိန်ဟာ ကျားမ အလိုက် အကန့်အသတ်နဲ့ လာတာပါ။
________________________________________
ဟုတ်ပါပြီ။
ဒီစာဟာ ကျွန်တော်တို့ မြန်မာတစ်မျိုးသားလုံးအပေါ် ကမ္ဘာနဲ့ အသိဉာဏ်ရော ခန္ဓာကိုယ်အပိုင်းပါ ရင်ဘောင်တန်းနိုင်စေလိုစိတ်နဲ့ အားမလို အားမရ ရေးဖြစ်လိုက်တဲ့ စာပါ။
ပြု ပြင် ပြောင်းလဲပေးကြလိုစိတ်တွေ မွေးလာကြစေဖို့ မျှော်လင့်ချက်နဲ့ ရေးတာပါ။
ဘယ်ဆရာဝန်တွေ ဘယ်လိုပြောတယ် ဆိုတာမျိုး လည်း သိပါတယ်။
သူများတိုင်းပြည်က လူတွေတောင် လုပ်နိုင်သေးရင် ကျွန်တော်တို့ကရော ဘာလို့ မလုပ်နိုင်ရမှာလဲ။
ကျေးဇူးပြု ပြီး ကျွန်တော့်စာကိုဖတ်မိသွားကြလို့ အတွေးအမြင်တွေ မပြောင်းသွားကြသေးဘူး ဆိုရင်တောင် မဖျားမနာရင် ပြီးတာပဲ တို့ မျိုးရိုးဗီဇကို ဆင့်ကဲ မြှင့်တင်လိုစိတ် မရှိတဲ့ အမြင်မျိုးနဲ့ Comment တွေ မမြင်ပါရစေနဲ့လို့အနူးအညွတ် မေတ္တာ ရပ်ခံလိုက်ပါတယ်။
ဆန္ဒရှိရင် သို့မဟုတ် တစ်စုံတရာ အသုံးကျမယ် ထင်ရင် ခွင့်မတောင်းဘဲ လွတ်လပ်စွာ Share နိုင်ပါတယ်။
ကျွန်တော်ရေးထားတဲ့ အပိုင်း၊ Edit လုပ်ထားတဲ့ ဆရာ့ဆောင်းပါးက အပိုင်း စာလုံးတိုင်းအတွက် တာဝန်ခံမှု တာဝန်ယူမှု အပြည့်အဝ ဝင် ယူနိုင်ရင် Credit မပေးဘဲလည်း Copy နိုင်ပါတယ်။့