ကလေးတွေ ဝမ်းချုပ်ပြီဆိုရင် ဖြစ်နိုင်ခြေရှိတဲ့အကြောင်းရင်းများ
ကလေးတွေမှာ ဝမ်းချုပ်တာ အဖြစ်များပါတယ်။ ဒါ ပေမဲ့ ကလေးမိဘတွေရဲ့ သုံးရာခိုင်နှုန်းလောက်ကပဲ ဆေးကုသမှု အကြံ ဉာဏ်ရယူဖို့ ကြိုးစားကြပါတယ်။ ကလေးတချို့မှာ နှစ်ရက်၊ သုံးရက် အထိ ဝမ်းပုံမှန် မသွားတာက စိုး ရိမ်စရာမရှိနိုင်ပါဘူး။ ဒါပေမဲ့ စမြင်းတုံးတွေဖြစ်နေပြီး ဝမ်းမသွားနိုင်ဖြစ်နေတာနဲ့ ဒါမျိုးသုံးရက်လောက်အထိ ဝမ်းမသွားတာမျိုးကို ဝမ်းချုပ်တယ်လို့ ယူဆသင့်ပါတယ်။
ဝမ်းချုပ်ရတဲ့ ဖြစ်နိုင်ခြေ အကြောင်းရင်းများ
ဝမ်းချုပ်နေတဲ့ မွေးကင်းစအရွယ်တွေနဲ့ ကလေးငယ်တွေကို ကုသရာမှာ လူကြီးတွေနဲ့မတူပါဘူး။ ကလေးတွေရဲ့ ဝမ်းသွားတဲ့အလေ့အထပုံစံတွေက မွေးဖွားချိန်ကစပြီး အသက်သုံးနှစ် သို့မဟုတ် လေးနှစ်အရွယ်မတိုင်မီအထိ ပြောင်းလဲနေတာကြောင့်ပါ။
ဝမ်းချုပ်ခြင်းကိုဖြစ်စေနိုင်တဲ့ အကြောင်းအချက်တွေကတော့
• အသက်တစ်နှစ်ခွဲအထက် ကလေးတွေမှာ အဖြစ်များဆုံး အ ကြောင်းရင်းကတော့ အိမ်သာသွားဖို့ကို အကြောင်းအမျိုးမျိုး ကြောင့် ရှောင်နေတာပါပဲ။ ဥပမာ လအခါလည်သားတွေဟာ ကစားဖို့ကို အရမ်းအာရုံရောက်နေပြီး ခဏလောက် အိမ်သာသွားလိုက်ဖို့ကို အချိန်မပေးချင်၊ စိတ်မရှည်ချင် ကြတာဖြစ်ပါတယ်။
• ကျောင်းမှာလည်း သူတို့က သီး ခြားလုံခြံုမှုမရှိမှာ၊ ဒါမှမဟုတ် အိမ်သာသန့်ရှင်းမှုမရှိမှာကို စိုးရိမ်နေ နိုင်ပါတယ်။
•အိမ်သာမသွားချင်တော့လောက် အောင် အရင်က ထိခိုက်မှုရှိခဲ့တာ၊ ကြောက်လန့်မှုရှိခဲ့ဖူးတာတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေဟာ အရွယ်ကြီးလာ တာနဲ့အမျှ အညစ်အကြေးစွန့်ဖို့ အူမကြီးဆီက အကြိမ်ကြိမ် အချက်ပြသတိပေးချက်တွေကို အောင့်ထားတတ်လာပါတယ်။ အူမကြီးထဲမှာ မစင်တွေကျန်ရှိနေရင် အူမကြီးက မစင်ဆီက ရေဓာတ်တွေကို စုပ်ယူမှာဖြစ်တဲ့အတွက် မစင်က မာပြီးခြောက်လာပါတယ်။ သည်လိုကနေ ကလေး တွေ ဝမ်းသွားဖို့ခက်ခဲလာပြီး ဝမ်း ချုပ်နိုင်ပါတယ်။
• စားသောက်မှုပုုံစံ ပြောင်းလဲမှု တွေကြောင့်လည်း အူထဲက လုပ်ဆောင်ချက်တွေမှာ သက်ရောက် မှုရှိနိုင်ပါတယ်။ လူကြီးတွေမှာ အမျှင်ဓာတ်များတဲ့အစာတွေက အူတွင်းလုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။ ကလေးတွေမှာတော့ သည်လိုမဟုတ်ပါဘူး။ ညီညွတ်မျှတတဲ့အစာအာဟာရတွေ စားရတဲ့မွေးကင်းစနဲ့ ကလေးတွေမှာ ဝမ်းမချုပ်တတ်ပါဘူး။
• မိခင်နို့ကို စို့ရတဲ့ မွေးကင်းစကလေးတွေက ပုံမှန်အားဖြင့် တစ်နေ့ကို ဝမ်းသွားတဲ့အကြိမ်ရေ ပိုများပါလိမ့်မယ်။ နို့ဘူးစို့ရတဲ့ ကလေးတွေနဲ့ယှဉ်ရင် သူတို့ရဲ့ ဝမ်းသွားမှုအကြိမ်ရေက ပိုများမှာပါ။ ကလေးသောက်သုံးနေရတဲ့ နို့ အမျိုးအစား သို့မဟုတ် နို့မှုန့်အမျိုးအစားကို ပြောင်းလဲတာက လည်း ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
• အချိုစားလွန်းတဲ့ အခါလည် သားကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေဟာလည်း ဝမ်းချုပ်၊ ဝမ်းကျန် ဖြစ်တတ်ပါတယ်။
• အဖျားတက်ခြင်း၊ အိပ်ရာထဲမှာ နေရတာကြာရှည်ခြင်း၊ အစား နည်းခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်းတို့လို ကလေးတွေမှာ ကြီးကြီးမားမား အပြောင်းအလဲတွေရှိတဲ့အချိန်တိုင်းမှာ ဝမ်းသွားတဲ့အကြိမ် ရေနည်းသွားတာ ဒါမှမဟုတ် စမြင်းတုံးတွေ ဖြစ်လာနိုင်ပါတယ်။
ရောဂါအကြောင်းရင်းခံတချို့ကြောင့်လည်း တာရှည်ဝမ်းချုပ်တာတွေ ဖြစ်စေနိုင်ပါတယ်။
• Hypothyroidism (သိုင်းရွိုက်ဂလင်းလှုပ်ရှားမှု နည်းခြင်း) က အူ ကြွက်သားတွေရဲ့ လှုပ်ရှားမှုကို လျော့နည်းစေနိုင်ပါတယ်။
• Hirshsprung (မွေးရာပါအူမ ကြီးပွခြင်း) ကြောင့်လည်း မွေးကင်းစကလေးတွေမှာ ဝမ်းချုပ်နိုင်ပါတယ်။ သည်ရောဂါရှိတဲ့ ကလေးငယ်အများစုမှာ မွေးဖွားပြီး ပထမရက်သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ ရောဂါလကªဏာ တွေ ပြလာတတ်ပါတယ်။ သူတို့ အရွယ်မှာရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် လျော့နည်းနေတာ၊ လူ ကောင်ညှက်နေတာတွေ ဖြစ်နေနိုင်ပါတယ်။ Hirschsprung ရောဂါဟာ ဒေါင်းရောဂါလက္ခဏာစုဖြစ်နေတဲ့ ကလေးတေ∑နဲ့ ယောကျာ်းလေးတွေမှာ တွေ့ရတာပိုများပါတယ်။
• ဆီးချိုရောဂါကလည်း ဝမ်းချုပ်ခြင်းနဲ့ ဆက်နွယ်နေတဲ့ရောဂါတစ် ခုဖြစ်ပါတယ်။
• ကယ်လ်စီယမ်၊ ပိုတက်စီယမ်တို့ လို electrolytes တွေရဲ့ ပြောင်းလဲမှုတွေကြောင့်လည်း ဝမ်းသွားတဲ့ အမူအကျင့်တွေမှာ ပြောင်းလဲစေနိုင်ပါတယ်။
• ခဲဆိပ်သင့်ခြင်း လက္ခဏာတွေက သိသာထင်ရှားနိုင်ပေမဲ့ကာလ တာရှည်ခဲဆိပ်သင့်ခဲ့တဲ့ ကလေးတွေမှာ ဝမ်းချုပ်ခြင်းကို ခံစားရတတ်ပါတယ်။
• Cystic fibrosis ရောဂါမှာလည်း ကလေးတွေ ဝမ်းချုပ်တတ်ပါတယ်။
• သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်လည်း ကလေးတွေမှာ ဝမ်းချုပ်နိုင်ခြေ ပိုများပါတယ်။ အအေးမိပျောက်ဆေးနဲ့ အစာအိမ် လေဆေးတွေက အဖြစ်များတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။
#Credit