စျေး မီဒီယာ

Posted by Nyein Ei San September 4, 2020

ကလေးကျန်းမာ သိကောင်းစရာ - ၂၄

ကလေးလျှာထုတ်လျှင် -

မိမိကလေးလျှာထုတ်ထုတ်နေလို့ ပုံမှန်မှဟုတ်ရဲ့လားလို့သံသယရှိတဲ့မိဘတွေတော်တော်များပါတယ်။ဒါဟာပုံမှန်ကလေးငယ်တစ်ယောက်ရဲ့အပြုအမူပဲဖြစ်ပါတယ်။

ကလေးငယ်တွေ အထူးသဖြင့်အသက်တစ်နှစ်အောက်ကလေးတွေမှာ လျှာနဲ့ပါးစပ်ဟာအရေးကြီးတဲ့အာရုံခံအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီလျှာ၊ ဒီပါးစပ်တို့နဲ့ပတ်ဝန်းကျင်ကို စတင်စူးစမ်းတတ်ပါတယ်။

👉 လျှာဘာလို့ထုတ်သလဲ?

၁၊ စူးစမ်းတာ၊ ကစားတာလည်းဖြစ်နိုင်ပါတယ်။
၂၊ အကျင့်တစ်မျိုးလည်းဖြစ်နိုင်ပြီးမကြာခင်ပျောက်သွားပါမယ်။
၃၊ နှာခေါင်းပိတ်လို့လည်းဖြစ်တတ်ပါတယ်။
၄၊ တချို့ကလေးငယ်တွေမှာတော့လျှာထုတ်တာဟာ ဗိုက်ဆာလို့ဖြစ်နိုင်သလို ဗိုက်ပြည့်လို့လည်း ဖြစ်နိုင်ပါတယ်။

၅၊ရှားရှားပါးပါးရောဂါတချို့မှာတော့ လျှာအပြင်ထွက်တတ်ပါတယ်။အဲဒီလိုထွက်ခြင်းဟာ လျှာတအားကြီးလို့ဖြစ်နိုင်သလိုပါးစပ်သေးနေလို့ လျှာနေစရာနေရာ ကျဉ်းနေတာလည်း ဖြစ်တတ်ပါတယ်။ ဒီလိုဆိုရင်တော့တခြားရောဂါရဲ့လက္ခဏာတွေတွဲတွေ့နိုင်ပါတယ်။သူတို့ရဲ့မျက်နှာအနေအထားဟာပုံမှန်မဟုတ်တာဖြစ်မယ်၊ မေးရိုးသေးသေးလေးဖြစ်နေနိုင်တယ်၊ဖွံ့ဖြိုးမှုနောက်ကျမယ်စသည်ဖြင့်ပေါ့။

အားလုံးခြုံကြည့်ရင်တော့ တစ်နှစ်အောက်ကလေးတွေလျှာခဏခဏထုတ်တာဟာ အများထင်သလို သူငယ်နာဖြစ်တာတို့၊ ဦးနှောက်ဖွံ့ဖြိုးမှုနောက်ကျတာတို့မဟုတ်ဘဲ လုံးဝပုံမှန်ဖွံ့ဖြိုးမှုရှိနေတဲ့ကလေးငယ်တွေသာဖြစ်ပါတယ်။

#KyawLinn_ကလေးကျန်းမာသိကောင်းစရာ

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.