
အမျိုးသမီးတစ်ယောက်ရာသီလာစဉ်တွင် ကိုယ်ဝန်ရနိုင်သလား
-----------------------------------------------------------
လူသိများတဲ့ ယုံတမ်းစကားတစ်ခုကတော့ အမျိုးသမီးတေွဟာ ရာသီလာချိန်မှာ ကိုယ်ဝန်မရနိုင်ဘူးဆိုတာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ရနိုင်စွမ်းဟာ ပုံမှန်အချိန်ထက် ရာသီလာချိန်မှာ ပိုနည်းတတ်ပေမယ့် အမျိုးသမီးတေွဟာ ရာသီလာချိန်မှာ ကိုယ်ဝန်ရှိနိုင်ပါတယ်။
ရာသီလာခြင်းဆိုတာ ဘာလဲ
---------------------------------
ရာသီလာခြင်းဟာ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ခန္ဓာက မလိုအပ်တော့တဲ့ တစ်ရှူးတေွကို ထုတ်လုပ်လိုက်တဲ့ အခြေအနေကို ဆိုလိုပါတယ်။ ဒီတစ်ရှူးတေွဟာ ကလေးငယ် အမျိုးသမီးကိုယ်ခန္ဓာအတွင်း ဖွံ့ဖြိုးနိုင်တဲ့ သားအိမ်အတွင်းက လာတာဖြစ်ပါတယ်။

လတိုင်းမှာ အမျိုးသမီးရဲ့ သားအိမ်ဟာ မျိုးအောင်တဲ့ မျိုးဥကို လက်ခံဖို့ ထူလာတတ်ပါတယ်။ တကယ်လို့ မျိုးဥဟာ မျိုးမအောင်ဘူးဆိုရင်တော့ အမျိုးသမီးဟာ ကိုယ်ဝန်မရရှိပဲ ဒီနံရံတေွဟာ ကိုယ်ခန္ဓာအတွင်းကနေ သေွးအဖြစ် မိန်းမကိုယ်မှ ဆင်းလာနိုင်ပါတယ်။ ဒီဖြစ်စဉ်ကို ရာသီလာခြင်းလို့ ခေါ်ပြီး ဒါဟာ လစဉ် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိန်းကလေးတစ်ယောက်ဟာ ရာသီလာနေပြီဆိုရင် ဒါဟာ သေွး သေးငယ်တဲ့ ပမာဏနဲ့ မလိုအပ်တဲ့ တစ်ရှူးတေွကို ကိုယ်ခန္ဓာက ထုတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ မိန်းကလေးတေွ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ရင့်ကျက်လာတာနဲ့ အမှျ ပုံမှန်ဖြစ်စဉ် တစ်ခုသာ ဖြစ်ပါတယ်။

အမျိုးသမီးတေွဟာ ရာသီလာနေစဉ် ကိုယ်ဝန်ရရှိနိုင်ပါသလား။
------------------------------------------------------------------
လူအတော်များများက ရာသီလာစဉ် လိင်ဆက်ဆံရင် ကိုယ်ဝန် မရရှိနိုင်ဘူးလို့ ထင်ကြပါတယ်။ အမှန်ကတော့ သူမ ရာသီလာနေစဉ်မှာလည်း ကိုယ်ဝန်ရနိုင်ပါတယ်။

ဒါဟာ အောက်ပါ အကြောင်းရင်းနှစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။
မိန်းမကိုယ်မှ သေွးထွက်ခြင်း အကုန်လုံးဟာ ရာသီသေွးမဟုတ်ပါဘူး။ တခါတရံမှာ မိန်းကလေးတစ်ယောက်ဟာ သားဥကြေွချိန်မှာလည်း ကိုယ်ဝန်ရနိုင်ပါတယ်။ ဒီအချိန်ဟာ ကိုယ်ဝန်အများဆုံးရနိုင်ချိန် ဖြစ်ပါတယ်။ သားဥကြေွှခင်းကြောင့် သေွးဆင်းခြင်းကို ရာသီသေွးနဲ့ မှားတတ်ကြပါတယ်။
တခါတရံမှာ ရာသီလာပြီးပြီးချင်း (သို့) ရာသီလာပြီး ရက်အနည်းငယ်အတွင်းမှာ သားဥကြေွှခင်း ဖြစ်နိုင်ပါတယ်။ မိန်းကလေး အားလုံးဟာ သားဥကြေွတဲ့အချိန်မတူညီတာကြောင့် ဘယ်အချိန်မှာ ကိုယ်ဝန်ရရှိမှု အများဆုံးဖြစ်နိုင်မလဲဆိုတာ မသိရှိဖို့ မဖြစ်နိုင်ပါဘူး။ သုက်ပိုးတေွဟာ မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ခန္ဓာအတွင်းမှာ ၁ ရက် ၂ ရက်ကနေ ၅ ရက်အထိ နေနိုင်တာမို့ သုက်လွှတ်ပြီး ရ၂ နာရီကျော်ကြာတဲ့အထိ ကိုယ်ဝန်ရှိနိုင်တာမို့ ရာသီလာနေစဉ် အချိန်မှာ ကိုယ်ဝန်ရှိခြင်းဟာလည်း ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။
ရာသီလာစဉ်မှာ ကိုယ်ဝန်ရှိနိုင်ခြေဟာ နည်းပေမယ့် ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် ဒီအချိန်ဟာ ကိုယ်ဝန်ရလိုရင် လိင်ဆက်ဆံရမယ့် အချိန်တော့ မဟုတ်ပါဘူး။ ဒါ့အပြင် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းဟာ အချိန်တိုင်းမှာ အန္တရာယ်ရှိပါတယ်။ ကိုယ်ဝန်ရှိနိုင်ခြေနဲ့ အတူ သင့်မှာ လိင်မှတစ်ဆင့် ကူးစက်ရောဂါ တေွ ဖြစ်တဲ့ ကလက်မိုင်ဒီယား၊ လိင်အင်္ဂါ ကြွက်နို့တေွနဲ့ HIV ရောဂါ ကူးစက်ခံရနိုင်ပါတယ်။ ကိုယ်ဝန်ရရှိခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတေွ ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ ရေှာင်ကြဉ်ခြင်း ဖြစ်ပါတယ်။ လိင်ဆက်ဆံမယ်ဆိုရင်လည်း မမေှျာ်လင့်ပဲ ကိုယ်ဝန်ရရှိမှုနဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါရရှိမှုကနေ ကာကွယ်ဖို့ ကွန်ဒုံးကို အချိန်တိုင်း အသုံးပြုသင့်ပါတယ်။
တကယ်လို့ သင်ဟာ ကိုယ်ဝန်ရလိုပြီး တစ်နှစ် (သို့) တစ်နှစ်ကျော်ကြာအောင် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး မရဘူးဆိုရင်တော့ ဆရာဝန်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#ဒေါက်တာ ဖြူမွန်လတ်
#ရှမ်းပုတ်(မိုမိုလေး)