မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ လိုအပ်တဲ့ကိုယ်အလေးချိန်တိုးမှုတွေ ရှိသင့်တာအမှန်ပါပဲ။ ဒါပေမယ့်လည်း အချို့သောမိခင်တွေကတော့ ကိုယ်ဝန်ဆောင်ချိန်ကာလရောက်ပေမယ့် ကိုယ်အလေးချိန်တိုးမလာတာ၊ အချို့တွေကျတော့လည်း တိုးသင့်တာထက်ပိုပြီးကိုယ်အလေးချိန်တိုးနေတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီတစ်ခါမှာတော့ ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ အခြားသူတွေထက် ကိုယ်အလေးချိန် ပိုတိုးနေတာဘာကြောင့်လဲဆိုတာကို သတိပြုမိနိုင်ဖို့အတွက် မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
ကိုယ်ဝန်ဆောင်ကာလမှာ အခြားသူတွေထက်ပိုပြီး ကိုယ်အလေးချိန်တိုးတယ်ဆိုတာက ...
- အမြွာကိုယ်ဝန်ဆောင်ခြင်း
- ရေမွှာများခြင်း
- ကလေးထွားလွန်းခြင်း
- အချိုးအစားမကျတဲ့ ကလေးကို ကိုယ်ဝန်ဆောင်ရခြင်း
- ကိုယ်ဝန်ဆောင်မိခင်မှာ ဆီးချိုရောဂါရှိနေခြင်းတွေဖြစ်တတ်ပါတယ်။
အဲ့ဒါကြောင့်လည်း ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ကိုယ်အလေးချိန်သိသိသာသာတိုးနေမယ်ဆိုရင်တော့ ဘာကြောင့်ဆိုတာကိုသိဖို့ ဆရာဝန်တွေနဲ့သေချာတိုင်ပင်ပြီး လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို ခံယူကြဖို့အတွက် ကျားလေးက အကြံပြုဖော်ပြပေးလိုက်ပါတယ်နော်။
မိခင်နဲ့ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး