ကလေးကို ကတုံး တုံးပေးဖို ့မေးတဲ့မေမေတေွ ဒီစာလေးဖတ်ပါနော်
▪️ ကလေးကို ကတုံးတုံးပေးခြင်း
ကလေးဆံပင်သန်ဖို့ ကတုံးတုံးပေးသင့်တယ်ဆိုတာ မမှန်ပါဘူး။ အာရှနိုင်ငံ တော်တော်များများမှာ ကလေးရဲ့ မေွးဆံပင်ကို ကတုံးတုံးပေးလိုက်ရင် ဆံပင်သန်တယ်ဆိုတဲ့ အယူအဆနဲ့ ကတုံးတုံးပေးနေကြတဲ့အတွက် လသားကလေးလေးတေွ တော်တော်များများကို ကတုံးလေးတေွနဲ့ တေွ့နေရတာ မဆန်းတော့ပါဘူး။
တကယ်တော့ ကလေးကို ကတုံးတုံးပေးတာ၊ ဆံပင်တိုတိုလေး ညှပ်ပေးတာတေွက ဆံပင်သန်ခြင်း၊ မသန်ခြင်းမှာ ထိရောက်မှု မရှိပါဘူး။ ဆံပင်ဆိုတာ ဦးခေါင်းခွံမှာရှိတဲ့ မေွးညှင်းပေါက်လေးတေွက ထွက်လာတာပါ။ မေွးညှင်းပေါက်ရဲ့ အပေါ်ယံက ဆံပင်မေွှးတေွကို ညှပ်လိုက်၊ ကတုံးတုံးလိုက်တာနဲ့ ဦးခေါင်းခွံက မေွးညှင်းပေါက်လေးတေွမှာ ဘာမှ အပြောင်းအလဲ မဖြစ်ပါဘူး။ ကတုံးတုံးလိုက်လို့ မေွှးညှင်းပေါက်တေွ ပိုပွားမလာပါဘူး။ အဲ့ဒီလိုမေွှးညှင်းပေါက်လေးတေွ ပွားလာခြင်းမရှိတဲ့အတွက် ဆံပင်ပိုများလာတယ်ဆိုတာလည်း မမှန်ပါဘူး။ ဆံပင်ထွက်တဲ့ မေွှးညှင်းပေါက်ကလေးတေွကလည်း မျိုးရိုးဗီဇအလိုက် ဖြစ်လာတာဖြစ်ပြီး ပြောင်းလဲလို့ မရပါဘူး။
▪️ ကတုံးတုံးတဲ့အခါမှာ ဆံပင်အကုန်လုံးက တပြိုင်ထဲ ပြန်ထွက်လာတဲ့အတွက် ပိုပြီးသန်လာသလိုလို ထင်ရတာပါ။ ကတုံးမတုံးဘဲ သဘာဝအတိုင်း ထားတဲ့ ဆံပင်တေွကတော့ အတို၊ အရှည်မညီကြပါဘူး။ ကလေး နည်းနည်းကြီးလာမှ အတိုအရှည်ညီလာတာပါ။ ▪️
ကလေး တော်တော်များများက မေွးဆံပင်ပါးပါးလေးတေွနဲ့ပဲ မေွးလာကြတာပါ။ အဲဒီဆံပင်လေးတေွကို "Vellus Hair" လို့ ခေါ်ပါတယ်။ အဲဒီဆံပင်လေးတေွက တိုတယ်၊ ပျော့တယ်၊ အရောင်ဖျော့ဖျော့ကလေးတေွ ဖြစ်မယ်။ ဒါပေမဲ့ မေွးပြီး သုံးလကနေ ခုနှစ်လအတွင်းမှာ ဆံသားလေးတေွက ပြောင်းလာပါပြီ။ ကလေး ၂ နှစ်သားမှာတော့ အဲဒီမေွးဆံပင် Vellus Hair လေးတေွ နေရာမှာ သန်တဲ့၊ ထူတဲ့ ဆံပင်လေးတေွ ဖြစ်နေလောက်ပါပြီ။ ငယ်တုန်းမှာ ကတုံးတုံးတာ၊ ညှပ်တာတေွက ကလေးရဲ့ဆံပင်လေးတေွ ပိုပြီးသန်လာ၊ ထူလာဖို့အတွက် အကျိုးသက်ရောက်မှု ဘာမှမရှိပါဘူး။
ကတုံးတုံးချင်တယ်ဆိုရင်လည်း ကလေးနည်းနည်းကြီးတဲ့အထိ စောင့်တာကောင်းပါတယ်။ ကလေး အတော်ငယ်တုန်းမှာ ဆံပင်ကို ရိတ်ရင် ထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။ လသား ကလေးတေွရဲ့ ဦးခေါင်းခွံက အရမ်းနူးညံ့ပါသေးတယ်။ သူ့ဦးခေါင်းခွံတေွ အပြည့်အဝ မဆက်သေးတော့ လှုပ်နေတဲ့ ပျော့စိစိနဲ့ အခွက်ကလေး (Fontanelle) ကလည်း ရှိပါသေးတယ်။
ကလေးလေးတေွ မေွးဆံပင် နည်းနည်းကျွတ်တာ (သို့မဟုတ်) မေွးဆံပင် အကုန်လုံးကျွတ်ကုန်တာကလည်း ဖြစ်တတ်တဲ့ သဘာဝပါပဲ။ အထူးသဖြင့် အသက် သုံးလေးလမှာ ဖြစ်တတ်ပါတယ်။ မြန်မာတေွကတော့ အနှီးစားတယ်လို့ ထင်နေကြတာ တေွ့ရပါတယ်။ ကလေးခေါင်းကို အနှီးတစ်ခါမှ မပတ်ဘဲနဲ့လည်း အကွက်လိုက်လေးတေွ ကျွတ်တတ်တာပါပဲ။ ကျွတ်သွားတဲ့နေရာမှာ ဆံပင်ပြန်ပေါက်ဖို့ အချိန်နည်းနည်း ကြာတတ်ပါတယ်။ ပေါက်လာတဲ့အခါမှာလည်း ဆံသား အရွယ် မတူတာ၊ အရောင် မတူတာတေွ ရှိတတ်ပါတယ်။ အချိန်တန်ရင် သူ့ဘာသူ ဆံသား အရွယ်၊ အရောင် ညီသွားပါတယ်။
ကလေးရဲ့ ဆံပင်ကျန်းမာရေးအတွက် တစ်ပတ်ကို နှစ်ခါ၊ သုံးခါလောက် ပုံမှန်ခေါင်းလျေှာ်ပေးပြီး သန့်သန့်ရှင်းရှင်း ထားသင့်ပါတယ်။ ပုံမှန်ခေါင်းလျေှာ် မပေးရင် ကလေးရဲ့ ဦးခေါင်းမှာ သဘာဝအတိုင်း ဖြစ်လာတဲ့ ဗေါက်လိုဟာလေးတေွ စုခဲသွားပြီး Cradle Cap ဆိုတာလေးတေွ ဖြစ်တတ်ပါတယ်။ အဲဒါက အန္တရာယ်တော့ မရှိပေမယ့် ကလေးကတော့ မနေသာပါဘူး။ လူကြီးတေွ ဗေါက်ရှိနေသလိုပဲ ခံစားနေရရှာမယ်။ အဲဒီလို ဖြစ်နေရင်တော့ ဆေးခန်းပြပါ။ ဆရာဝန်ကို မေးပါ။
Jessica Mozart (အေးအေးမျိုးဆက်)
11 September 2016
Ref : www.babycentre.co.uk, http://m.scmp.com