စျေး မီဒီယာ

Posted by Chaw Kalayar September 4, 2020

ကလေးတွေကို 🦟ခြင်ကိုက်မခံရအောင် 🛡️ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ကြမလဲ❓

ခြင်အန္တရာယ်ကင်းအောင် လုပ်ကာမှ 🚫အန္တရာယ်ရှိတဲ့ ခြင်ပြေးဆေးတွေကြောင့် ကလေးလေးတွေ အတွက် အန္တရာယ်ပို မကင်းတာမျိုး ဖြစ်လာနိုင်မလား....🤔

💁🏻‍♀️ဒါဆို ဘယ်လို စံနှုန်းတွေနဲ့ ရွေးချယ်ကြမလဲပေါ့နော်

💡 ခြင်ကိုက်မခံရအောင် ကာကွယ်ဖို့ နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်

👍🏻 ဒါပေမယ့် ကိုယ့်ကလေးငယ်လေးတွေအတွက် စိတ်ချရဆုံး နည်းလမ်းနဲ့ရွေးချယ်ကာကွယ်ဖို့ အရေးကြီးဆုံးပါပဲ

🌀ခြင်ဆေးခွေတွေ ၊ 🔊အသံစနစ်နဲ့ ခြင်ပြေးစက်တွေ၊ 🧴လိမ်းဆေး၊ ဖျန်းဆေးတွေ စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်

👩‍👧‍👦သင့်နဲ့ သင့်ကလေးတွေ အတွက် ထိရောက်တဲ့ အန္တရာယ်ကင်းမှုမျိုးဖြစ်ပါ့မလား.....?

🌫️ ခြင်ဆေးခွေရဲ့ အငွေ့တွေက ရေရှည်မှာ ကျန်းမာရေးအတွက် ⛔မကောင်းသလို 🔊တုန်ခါမှု အသံစနစ်ကို သုံးပြီး ခြင်ပြေးစေတဲ့ စက်တွေကလည်း 👂အကြားအာရုံဖွံ့ဖြိုးဆဲဖြစ်တဲ့ ကလေးတွေအတွက် မသင့်တော်ပါဘူး။

ဒါဆို 🧴 လိမ်းဆေးတွေ၊ ဖြန်းဆေးတွရော အန္တရာယ်ကင်းပါ့မလား

ဟုတ်ကဲ့ ...ကလေးတွေအတွက် ✅အန္တရာယ်မဖြစ်အောင် အထူးထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို သုံးမယ်ဆိုရင်တော့ ထိရောက်မှုရှိပြီး ကာကွယ်ပေးနိုင်ပါတယ်။

💁🏻‍♀️ဘယ်လိုရွေးချယ်သင့်သလဲ?

ခြင်ပြေးလိမ်းဆေး၊ ဖြန်းဆေးတွေမှာ...
အဓိက🦟 ခြင်ပြေးစေတဲ့ DEET တို့လို Picaridin တို့လို ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။

ဒါတွေ ပါဝင်တဲ့ လိမ်းဆေး၊ ဖြန်းဆေးတွေဆိုရင် ၆လအောက်ကလေးတွေမှာ 🚫မသုံးသင့်ပါဘူး။ မသုံးတာအကောင်းဆုံးပါပဲ

💢DEET ဆိုတာ ခြင်ပြေးစေတဲ့ ဆေးတစ်မျိုးဖြစ်ပေမယ့် ကလေးငယ်လေးတွေ အတွက် ☢️အလွန်အန္တရာယ်ရှိစေပါတယ်။

💢အရေပြားပေါ်သို့ မကြာခဏ ထိတွေ့ရသော ကလေးငယ်များတွင် သတိမေ့ခြင်း ၊ အတက်ရောဂါတွေဖြစ်တတ်တယ်။

💢DEET သည် ပိုပြီး တာရှည်ခံတယ်။ ပိုပြီး ခြင်ပြေးစေတဲ့ အာနိသင်ရှိသော်လည်း ကလေးငယ်တွေအတွက်တော့ DEET မပါတာရွေးချယ်သင့်တယ်။

💢လိမ်းဆေး၊ ဖြန်းဆေးတွေကို လိမ်းတဲ့အခါ ပါးစပ်ထဲ ခြေ၊လက်ထည့်ထားတတ်တာ၊ ဟိုကိုင်ဒီကိုင်ရင်းနဲ့ ပါးစပ်ထဲ လက်ထည့်နိုင်တာမို့လည်း ဂရုစိုက်ပြီး လိမ်းပေးသင့်ပါတယ်။

💢နောက်နည်းလမ်း တစ်ခုက ယုံကြည်စိတ်ချရတဲ့ ကလေးသုံး ခြင်ပြေးကပ်ခွာလေးတွေလည်း အသုံးပြုပေးနိုင်ပါတယ်။

🌧️အခုလိုမိုးတွင်းကာလမျိုးမှာ ကလေးတွေ ခြင်ကိုက်မခံရအောင်….

• 🛌ခြင်ထောင်နဲ့သိပ်ပါ ။

• 🧥အင်္ကျီလက်ရှည်၊ 👖ဘောင်းဘီရှည် စသဖြင့် လုံလုံခြုံခြုံဝတ်ပေးပါ။ အရောင်တောက်တာလေးတွေကို ရွေးဝတ်ပေးပါ။

•✅အန္တရာယ်ကင်းပြီး ယုံကြည်စိတ်ချရတဲ့ နည်းလမ်းကို အသုံးပြုပြီး ခြင်အန္တရာယ်ကနေ ကာကွယ်ပါ။

ပုံမှန်အချိန်ထက် အခုလို 🦟ခြင်ပေါက်ဖွားမှုနှုန်းများတဲ့ 🌧️မိုးရာသီမျိုးမှာ ပိုပြီး ဂရုစိုက်ပေးပါနော်....

💙မေမေနဲ့ ကလေးလေးများအတွက်💙

Credit-Pureen Myanmr

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.