မွေးကင်းစ သားသားမီးမီးတွေ အဖြစ်များဆုံးပြသနာ သေးပူလောင်ခြင်းdiaper rash အကြောင်း
သေးပူလောင်တာက ပူတူတူးလေးတွေ ဖြစ်ပွားမှုများတာကြောင့် ကြိုတင်ကာကွယ်စေဖို့ နဲ့ အိမ်တွင်းကုသနည်းလေးတွေ တင်ပြလိုက်ရပါတယ်
(၁) သေးပူလောင်တယ်ဆိုတာ ဘာလဲ မွေးကင်းစ ကလေးတယောက်ကို တစ်နေ့ကို ၁၀ခါလောက်အနှီး သို့ တခါသုံးဆီးခံ လဲပေးရတတ်ပါတယ် တခါတလေ ဆီးပေါက်ထားတဲ့ အဝတ်ကို မလဲပဲ အသုံးပြုမိမယ်ဆိုပါက သေးပူ အနှီးပူလောင်တတ်ပါတယ် ပူပြီးစိုစွတ်လို့ဖြစ်လာတဲ့ သေဘာပါ
(၂) သေးပူလောင် အနှီးပူလောင်နေပြီလို့ ဘယ်လိုသိနိုင်မလဲ
သားသားမီးမီးရဲ့ တင်ပါး အင်္ဂ ါတဝိုက် အနီကွက်တွေ ပေါ်နေကာ ဆီးသွားဝမ်းသွားပြီးတိုင်း ရေနဲ့ဆေးတဲ့အခါ ကလေးအော်နေပြီဆိုရင် ယေဘူယျ သိနိုင်ပါပြီ
(၃) မဖြစ်အောင် ဘယ္လိုလုပ်ျကမလဲ
အရေးအကြီးဆုံးက ကလေးကို diaperဝတ်ပေးမယ်ဆိုရင် ကလေးနဲ့ သင့်တော်တဲ့အရွယ်အစားကို သုံးရပါမယ် တအားကြပ်အောင် လည်းဝတ်မပေးပါနဲ့ ဝတ္တဲ့အခါ ခြောက်သွေ့သန့်ရှင်း နေရပါမယ် ကလေး ဆီးသွားပြီးတိုင်း အဝတ်သန့်သန့် ကို ရေစွတ်ပြီး သေချာသုတ်ပေးပါ ရေနဲ့ဆေးပေးလည်းရပါတယ် ဆေးတဲ့နေရာမှာ ရှေ့ကနေနောက်ကို ဆေးကို နောက်ဖက်ကနေရှေ့ကိုဆေးတာမျိုးမလုပ်ပါနဲ့ ဆေးပြီးရင် သေချာခြောက်သွေ့အောင် သုတ်ပေးပါ အနှီးသုံးမယ်ဆိုပါက လျှော်တဲ့နေရာမှာ ဆပ်ပြာ မကျန်အောင် သေချာ ၃ ၄ ခါရေစိပ်ပြီး ပြန်ပြန်ညှစ်ပါ။
zinicပါတဲ့cream တွေ နဲ့ ဆီးပူကာကွယ်တဲ့ လိမ်းဆေးတွေသုံးပေးခြင်းဖြင့်လည်း ကြိုတင်ကာကွယ်စေနိုင်ပါတယ် လုံးဝမလုပ်သင့်တာတွေက ကလေးကို တအားကြပ်တဲ့ အဝတ်အစား တအားထူတဲ့အဝတ်တွေဝတ်ပေးတာ ရာဘာ အခင်းတွေ နဲ့သိပ်တာ တွေရှောင်ပါ ကေလးအဝတ်တြေက လေဝင်လေထြက်ကောင်းရပါမယ် ပေါင်ဒါတွေကလည်း ကလေးအဆုတ်ကိုထိခိုက်စေတတ်တာမို့ မွေးကင်းစကလေးတွေမှာ မသုံးပါနဲ့ ကလေးကို ရေချိုးရာမှာ လူကြီးဆပ်ပြာတွေမသုံးမိ ပါစေနှင့်
(၄) ဆီးပူလောင်တိုင်း ဆရာဝန်ပြဖို့လိုအပ်လား ဘယ်အချိန် မှာလိုမလဲ
ဆီးပူလောင်တိုင်းတော့ ပြသစရာမလိုပါဘူး ဆီးသွားတိုင်း အပေါ်ကအတိုင်းလုပ်ပေးဖို့နဲ့ ဆီးစိုအဝတ်နဲ့ မထားမိစေဖို့သာ ဂရုစိုက်ပါ zinicပါတဲ့ diaper cream မိုးကို လိမ်းပေးလို့ရပါတယ် ဆေးခန်းပြသပေးသင့်တဲ့ အခိန္က
(၁) diaperဝတ်ပေးတဲ့နေရာမှာ အရေကြည်ဖုတွေထနေရင်
(၂) ကလေးဖျားလျှင်
(၃) တအားနီကာ ရောင်နေလျှင်
(၄) ပြည်ဖုလေးများ ပေါက်လာလျှင်
(၅) သေချာခြောက်သွေ့အောင်ထားသော်လည်း ပိုဆိုးလာလျှင် ပြသစစ်ဆေးဖို့လိုအပ်ပါတယ်
ဒီလောက်ဆိုလျှင်ဖြင့်ဆီးပူ အနှီးပူလောင်တာ နဲ့ပတ်သတ်ဆောင်ရန် ရှောင်ရန် နဲ့ ကာကွယ်နည်းမျာကို သိရှိနားလည်နိုင်ပြီ ထင်မြင်မိပါတယ်
မညိုးသောစိတ်ဖြင့်ရွှင်လန်းနိုင်ကြပါစေ
ဒေါက်တာလင်း မိသားစုကျန်းမာ