ကလေးလေးကို သန်ချဆေး စတင်တိုက်ပေးရမယ့်အရွယ်
ကလေးငယ်တွေရဲ့ ဗိုက်ထဲမှာ သန်ကောင်တွေရှိနေတယ်ဆိုရင် မေမေဖေဖေတို့ ပေါ့ပေါ့ဆဆမနေဘဲ အမြန်ပျောက်အောင် ကုသပေးဖို့ အရေးကြီးတယ်နော်။
မေမေ့ကလေးလေးမှာ သန်ကောင်တွေများနေတဲ့ လကၡဏာ တွေပြနေရင် သန်ချဆေးတိုက်ဖို့ စဉ်းစားရတော့မှာပါ။ ကလေးလေးက အသက်ငယ်သေးတာကြောင့် သန်ချဆေးကို ဘယ်အချိန်မှာ စတိုက်ရမယ်ဆိုတာ ဒွိဟဖြစ်နေမှာပေါ့။ ကျွမ်းကျင်သူတွေကတော့ ကလေးလေးအသက် (၁)နှစ်ပြည့်ပြီးတဲ့အခါမှာ သန်ချဆေးစတင်တိုက်လို့ရနိုင်ပြီလို့ သတ်မှတ်ကြပါတယ်။ ကလေးငယ်တွေက တစ်ယောက်နဲ့တစ်ယောက်ကိုယ်ခံအားချင်း မတူညီတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ တိုက်သင့်မတိုက်သင့်ကို ဆုံးဖြတ်ပေးတာ အကောင်းဆုံးပါ။
ကလေးငယ်တွေမှာ သန်ကောင်ဘယ်လို ကူးစက်လာတာလဲ
မသန့်ရှင်းတဲ့ ရေကို သောက်သုံးခြင်း၊ မကျိုချက်ဘဲ သောက်သုံးခြင်း
အစားမစားခင် လက်မဆေးခြင်း
ဟင်းသီးဟင်းရွက်တွေကို စနစ်တကျ မဆေးကြောခြင်း
အသားငါးတွေကို ကျက်အောင် မချက်ပြုတ်ခြင်း
အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ကစားပြီး လက်မဆေးခြင်း
စားပြီး ပန်းကန်တွေကို သန့်ရှင်းအောင် မဆေးခြင်း
ဖိနပ်မပါဘဲ လမ်းလျှောက်ခြင်း
တစ်ခုခုကို ကိုင်ဆောင်ပြီး လက်မဆေးခြင်း
တခြားကလေးငယ်တွေရဲ့ အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေကို အတူတူဝေမျှသုံးခြင်း
သန့်ရှင်းမှုနည်းတဲ့ ရေကူးကန်မှာ ရေကစားခြင်းနဲ့
သန်ကောင်ရှိတဲ့ ကလေးငယ်တွေနဲ့ တူတူကစားခြင်း စတဲ့အခြေအနေတွေကြောင့် ကလေးငယ်တွေမှာ သန်ကောင်တွေ ကူးစက်ခံရပါတယ်။
သန်ကောင်အမျိုးမျိုးရှိပါတယ်။ သန်ကောင်တွေ တစ်ကောင်နဲတစ်ကောင် အမျိုးအစားတွေမတူညီကြသလို ကူးစက်ခံရခဲ့ရင်လည်း ဖြစ်ပွားနိုင်တဲ့ လက္ခဏာတွေလည်း မတူညီကြပါဘူး။ သန်ချဆေးကို (၆)လတစ်ကြိမ်သောက်သုံးပေးရင် လုံလောက်ပါပြီ။ ဒါကြောင့် မေမေဖေဖေတို့က အစိုးရိမ်လွန်ပြီး လတိုင်း သံချဆေးတိုက်စရာမလိုပါဘူး။ ကလေးငယ်တွေကို သံချဆေးတိုက်မယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ တိုက်ပေးတာက ပိုပြီးထိရောက်မှုတွေ ရှိစေပါတယ်။
ကလေးငယ်တွေမှာ သံကောင်ရှိနေတဲ့ လက္ခဏာများ
အစားစားရန် တွန့်ဆုတ်ခြင်း
အစာအိမ်နာကျင်ခြင်း
စအိုတဝိုက်ယားယံခြင်း
ညအချိန်မှာ ကလေးငယ်တွေကို စိတ်တိုခြင်း
ညအချိန်မှာ ကလေးငယ်တွေ အိပ်မပျော်ခြင်း
မစင်ထဲမှာ သွေးထွက်ခြင်း
မစင်ထဲမှာ သန်ကောင်ပါခြင်း
သွေးအားနည်းခြင်း
ပျို့အန်ခြင်း
ခန္ဓာကိုယ်မှာ အဖုပေါက်ခြင်း
ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့
ဝမ်းလျှောခြင်း စတဲ့ လက္ခဏာတွေ ပြသနေပါတယ်။
ကလေးငယ်တွေမှာ သန်ကောင်တွေရှိနေတယ်ဆိုရင် မေမေဖေဖေတို့အနေနဲ့ သန်ချဆေးတိုက်ပေးဖို့လိုပြီး ဘယ်အသက်အရွယ်မှာ စတင်တိုက်ကျွေးရမယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
#Credit