စျေး မီဒီယာ

Posted by Chaw Kalayar September 3, 2020

🍼နို့တိုက်ပြီးချိန် 👶🏻ကလေးတွေ လေမထစေဖို့....

👱🏻‍♀️မိခင်နို့ပဲ ဖြစ်ဖြစ် ၊ 🍼နို့ဘူးတိုက်တာပဲ ဖြစ်ဖြစ် ကလေးလေးတွေမှာ လေထတာမျိုး ဖြစ်လေ့ရှိကြပါတယ်။

ဒါပေမယ့် နို့ဘူးစို့တာထက်စာရင်

မိခင်နို့စို့တဲ့ ကလေးတွေက နို့စို့ချိန် လေတွေ မျိုချမိဖို့ အခွင့်အလမ်း ပိုနည်းကြတာကြောင့် လေပွတာ လေထတာ ဖြစ်နိုင်ချေနည်းပါတယ်။

🔹နို့ဘူးစို့တဲ့ ကလေးတွေအတွက် နို့ဘူးရွေးချယ်ရာမှာ ...
လေမထစေတဲ့ နို့ဘူးမျိုး Anti-Colic Bottle အမျိုးအစားကို ရွေးချယ်တိုက်သင့်ပါတယ်။

ဒီလို အမျိုးအစား နို့ဘူးတွေဟာ ကလေးပါးစပ်ထဲ လေဝင်တာနည်းစေပြီး လေပွခြင်း ကင်းဝေးစေနိုင်ပါတယ်။

🔹နို့ဘူးရဲ့ နို့သီးခေါင်းကိုလည်း ရွေးချယ်ရာမှာ .....
နို့သီးခေါင်းပေါက်ဟာ ကလေးပါးစပ်နဲ့ သင့်တော်မှု ရှိ၊ မရှိကိုလည်း သတိပြုပြီး ရွေးချယ်သင့်ပါတယ်။

နို့သီးခေါင်းပေါက် ကြီးနေတဲ့အခါ 🍼နို့တွေ အများကြီး ထွက်လာတဲ့အတွက် ကလေးအတွက် မျိုဖို့ ခက်ခဲနေတတ်ပါတယ်။

ကလေးကို အမေနို့တိုက်သည်ဖြစ်စေ၊ နို့ဘူးတိုက်သည်ဖြစ်စေ တိုက်ပြီးပြီချင်း မတ်မတ်ထားကာ လေထုတ်ပေးဖို့ကတော့ အထူးလိုအပ်ပါတယ်နော်‼️

💁🏻‍♀️ဒါမှသာ ကလေးလေပွခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်ရှင့်...

💙မေမေနှင့် ကလေးလေးများအတွက်💙

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright Š 2019 Kyarlay . All Rights Reserved.