စျေး မီဒီယာ

Posted by Eaint Eaint May May September 3, 2020

❇️ကလေးများ တွင်ဖြစ်တတ်သော အိပ်စက်ခြင်းရဲ့ ပြဿနာများ❇️

👉အိပ်ပျော်ဘို့ အချိန်ကြာခြင်း
👉ခနခနနိုးနေခြင်း
👉နံနက်အစောကြီးနိုးနေခြင်း
👉နေ့ညမှားခြင်း

🆘ကလေးတွေ ညဖက်မအိပ်ကြတဲ့ အတွက် မိဘတွေဒုက္ခရောက်ကြတယ်။ တချို့ကလေးတွေက နေ့နဲ့ည မှားကြတယ်။

💤💤ကလေးတစ်ယောက်ရဲ့ပျမ်းမျှအိပ်ချိန်ပါ။ ဒါပေမယ့်တယောက်နဲ့ တယောက် ကွဲလွဲမှုရှိနိုင်ပါတယ်။💤💤

၁ နှစ် မှ၂ နှစ် - ၁၁ နာရီမှ ၁၂.၅ နာရီ
၃ နှစ်မှ ၅ နှစ် - ၁၀.၅ မှ ၁၁.၅ နာရီ
၆ နှစ် မှ ၇ နှစ် - ၁၀.၅ နာရီ
၇နှစ်မှ ၁၃ နှစ် - ၁၀နာရီ

‼️ကလေးအိပ်ချိန်မှန်အောင်ဘယ်လိုလုပ်ကြမလဲ

✅ ပထမအနေနဲ့ sleep hygiene အိပ်ခြင်းကိုလေ့ကျင့်ပေးရပါမယ်။
စစချင်းတော့ခက်ခဲပါလိမ့်မည်။

၁။ အိပ်ခန်းကို လုံခြုံ တိတ်ဆိတ် အောင် သက်တောင့်သက်သာရှိအောင်ထားပါ။
အခန်းကို ကလေးအတွက် မပူလွန်း မအေးလွန်းသော အပူချိန်ဖြစ်ပါစေ။
၂။ ပုံမှန်အိပ်ချိန် ထချိန်ကိုသတ်မှတ်ထားပါ။
၃။ မအိပ်ခင် မှာ ကလေးကို ငြိမ်စေမယ့် routine ပုံမှန်အမြဲပြုလုပ်နေကြတခုကို သတ်သတ်မှတ်မှတ်ထား၍ လုပ်ပါ ။ ဥပမာ - ပုံပြောခြင်း ၊ သားချော့တေးသီချင်းဆိုပြခြင်း၊ ရှူးပေါက်ခိုင်းခြင်း၊ နို့တိုက်ခြင်း၊ ညဝတ်အကျီလဲပေးခြင်း
အဲ့ဒါဆိုရင် ကလေးက သူအိပ်ရတော့မယ်ဆိုတာ သိလာပါမယ်။
၄။ ကလေးကို နိုးကြွစေမည့် လှုပ်ရှားမှု့များကို အိပ်ယာမဝင်ခင် ၁နာရီမှာ မလုပ်ရန် ။ ဥပမာ သီချင်းသံ တီဗွီသံအသံကျယ်ကြီးဖွင့်ခြင်း၊ ကွန်ပြူတာ၊ ဖုန်း ၊ tablet များပေးကြည့်ခြင်းမှ ရှောင်ကျဉ်ပါ။
၅။ အိပ်ယာထဲ ကလေးကိုရောက်ပြီဆိုလျှင် မီးမှိတ်ပါ။ တံခါးပိတ်ပါ။ မီးမှိန်မှိန်လေးပဲဖွင့်ထားပါ။စကားပြောလျှင်လည်းပြန်မပြောပါနဲ့။ တချို့ကလေးတွေက တေးသံအေးအေးငြိမ့်ငြိမ့်လေးတွေဖွင့်ပေးလျှင်အိပ်တတ်ပါတယ်။
၆။ ကလေးက ကောင်းကောင်းအိပ် တယ်ဆိုလျှင် နောက်တနေ့မှာ ကလေးကို ပွေ့ ဖက်၍ချီးကျုးပါ ။
မအိပ်လျှင်လည်း အော်ငေါက်ခြင်း ခြိမ်းခြောက်ခြင်း မပြုလုပ်ပါနဲ့။
၇။အိပ်ခန်းထဲမှာ ပစ္စည်းတွေအများကြီးမထားပါနဲ့။ သူတို့စိတ်ကြိုက်အရုပ်လေးတွေ ပိုစတာလေးတွေ ထားပေးပါ။ တချိုကလေးတွေကစောင်ထူထူလေးလေးကိုကြိုက်ကြတယ်။

‼️ဘယ်လို အခါမျိုးမှာ သောက်ဆေးလိုမလဲ‼️

❇️အကယ်၍ကလေးမှာ အောက်ပါအခြေအနေများရှိလျှင် ဆရာ ဝန်နှင့်တိုင်ပင်၍ကုသရန် အပ်ပါတယ်။
👉ဖွံဖြိုးတိုးတက်မှု့ နောက်ကျနေခြင်း
👉စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သတ်၍ ရောဂါရှိခြင်း
👉အတက်ရောဂါရှီခြင်း
👉အော်တစ်ဇမ် နှင့်ADHD ရှိခြင်း
👉အမြင်အာရုံမကောင်းခြင်း/အကြားအာရုံမကောင်းခြင်း

💤💤ကလေးများအားလုံးကောင်းမွန်စွာ အိပ်စက်နိုင်ပါစေ။
🥰မေတ္တာဖြင့်
ဒေါက်တာထွေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.