
မေမေတို့ရေ နို့တိုက်မိခင်တွေအနေနဲ့ နို့ထွက်နည်းရတဲ့ အခြေအနေမျိုးတွေကို ကြုံတွေ့ရတတ်ပါတယ်။ အဲ့ဒီလိုနို့ထွက်နည်းတယ်လို့ ဆိုရာမှာတော့ အမှန်တကယ်နို့ထွက်နည်းတာလား (ဒါမှမဟုတ်) မိခင်က ထင်မြင်ယူဆတာလားဆိုတာလည်း သိဖို့လိုပါတယ်နော်။ အမှန်တကယ်နို့ထွက်နည်းရတာကတော့ ...
- မိခင်နို့တိုက်ချိန်နည်းခြင်း
- ရေ (ဒါမှမဟုတ်) အခြားအစားအစာတွေ တိုက်ကျွေးထားခြင်း
- နို့တိုက်ပုံစံအချိုးမကျခြင်းကြောင့် ကလေးက နို့သီးခေါင်းတစ်ခုတည်းကိုပဲ စုပ်ယူနေမိခြင်း
- မိခင်အနေနဲ့ စိုးရိမ်ပူပန်မှုများခြင်း
- အကြောင်းအမျိုးမျိုးကြောင့် နာကျင်မှုကိုခံစားနေရတဲ့အခါမျိုးမှာ နို့သက်စေတဲ့ အာရုံကြောလှုပ်ရှားမှုနည်းခြင်း
- မိခင်အနေနဲ့ အီစတိုဂျင်ဓာတ်ပါတဲ့ ပဋိသန္ဓေတားဆေး မှီဝဲနေရခြင်း
- နို့တင်းလွန်းခြင်း
- မိခင်နဲ့ကလေးခွဲနေရခြင်းတွေကြောင့် ဖြစ်ပေါ်တတ်ရပါတယ်နော်။ မေမေတို့ရေ နို့ထွက်သန်ပြီး ကျန်းမာပျော်ရွှင်တဲ့ ရင်သွေးလေးကို ပျိုးထောင်နိုင်ပါတယ်နော်။
မိခင်နဲ့ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး