စျေး မီဒီယာ

Posted by Khine Thin Thin War September 2, 2020

"ကိုယ်ဝန်ဆောင်စဉ်အိပ်နည်းပုံစံ - Sleeping Position In Pregnancy"

(၁) ဘေးစောင်းအိပ်ခြင်း (SOS Sleeping on Side)
- ပထမကိုယ်ဝန်၃လမှစ၍ ဘေးစောင်းအိပ်နိုင်အောင် စတင်ကြိုးစားသင့်ပါတယ်။
- ဆုံပိုင်းကလေးဖြစ်နေတဲ့ ဘေးစောင်းအိပ်နည်းဖြင့် အနေအထားပြန်မှန်စေတယ်လို့ဆိုပါတယ်။
(ဆုံပိုင်းကလေးအတွက် ပြန်လှည့်အောင် လေ့ကျင့်ခန်းလုပ်နည်းနဲ့ အိပ်နည်းကို သီးသန့်ရေးပေးပါမယ်)

(၂) ဘယ်ဘက်စောင်းအိပ်ခြင်း (Sleep on the Left Side)
- ဘယ်ဘက်စောင်းအိပ်ခြင်းက ကိုယ်ခန္ဓာရဲ့ ညာဘက်အပိုင်းမှာရှိတဲ့ အဓိကသေွးပြန်ကြောမကြီးအတွက် အကောင်းဆုံးအနေအထားဖြစ်ပါတယ်။
- Sims' position (lateral recumbent position)လို့ခေါ်ပါတယ်။ (ပုံတွင်ကြည့်ပါ)
- ဗိုက်ကို ဖိအားမဖြစ်စေတဲ့အနေအထားလောက်အထိ ဘယ်ဘက်သို့ မေှာက်ခုံနီးပါးဖြစ်အောင်စောင်းပါ။
- ဘယ်လက်နဲ့ခြေထောက်ကို ခပ်ဆန့်ဆန့်(သို့) အတန်ငယ်ကေွးပြီး၊ ညာဘက်ပေါင်နဲ့ဒူးခေါင်းကိုကေွးကာ (ခေါင်းအုံးခု)အိပ်နည်းဖြစ်ပါတယ်။
- ဘယ်ဘက်စောင်းအိပ်ခြင်းအားဖြင့် ခြေထောက်ဖောယောင်ခြင်းကို သက်သာစေပါတယ်။

ကိုယ်ဝန်ဆောင်စဉ် သိပ်ပြီးမအိပ်သင့်တဲ့ပုံစံကတော့ ပက်လက်နဲ့ ညာဘက်စောင်းအိပ်ခြင်းဖြစ်ပါတယ်။

ကိုယ်ဝန်ရင့်စဉ် ပက်လက်အိပ်တဲ့အခါ သားအိမ်ရဲ့အလေးချိန်က ဝမ်းဗိုက်သေွးလွှတ်ကြော(abdominal aorta)နဲ့ ကိုယ်ခန္ဓာအောက်ပိုင်းသေွးပြန်ကြောမကြီး(inferior vena cava )ကို ဖိထားသလိုဖြစ်စေတာကြောင့် ပက်လက်အိပ်သေွးပေါင်ကျခြင်း (SHS - supine hypotensive syndrome)ကို ဖြစ်ပွါးလွယ်စေပါတယ်။

SHS လက္ခဏာတေွကတော့ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ နှလုံးခုန်နေှးခြင်း၊ ချေွးစေးပြန်ခြင်း၊ အော့အံခြင်း၊ သေွးပေါင်ကျခြင်းနှင့် မူးဝေခြင်းတို့ဖြစ်ပါတယ်။

သန္ဓေသားစီလဲ အောက်စီဂျင်ပို့ဆောင်မှုကျဆင်းတာကြောင့် သတိထားသင့်ပါတယ်။

ပက်လက်အိပ်တာက သန္ဓေသားကို တိုက်ရိုက်ထိခိုက်စေတာမျိုးတော့မဟုတ်ပါဘူး။

တချို့သုနေသနပြုချက်အရ ပက်လက်အိပ်ရင် ကလေးအသေမေွးနှုန်းဖြစ်စေတယ်ဆိုတဲ့အချက်ကို တေွ့ရှိသောငြား၊ လုံလောက်တဲ့သုတေသနရာခိုင်နှုန်းမဟုတ်သေးဘူးလို့လဲဆိုပါတယ်။

ဒါ့အပြင် သန္ဓေသားကို ရေမွှာရည်က အကာအကွယ်ပေးထားတာကြောင့် ပက်လက်အိပ်လိုက်၊ ဘေးစောင်းပြောင်းအိပ်လိုက်လုပ်ခြင်းက ပြဿနာမရှိဘူးလို့ယူဆပါတယ်။

အဓိကအားဖြင့် မိခင်ဖြစ်သူ အနေရခက်ရင် ကလေးလဲအနေရခက်တာမျိုးဖြစ်တာကြောင့်၊ မိခင်ဖြစ်သူက ပက်လက်အနေအထားဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပါက စိုးရိမ်စရာမလိုပါဘူး။

အကယ်၍ မိခင်ဖြစ်သူက ပက်လက်အနေအထားမှာ သက်တောင့်သက်သာမရှိပဲ SHS လက္ခဏာတေွခံစားရပါက ချက်ချင်းဘယ်ဘက်စောင်းအိပ်သင့်ပါတယ်။

ပက်လက်အိပ်ပြီး နိုးထတဲ့အချိန်မှာ ဗိုက်သားပြင်တင်းလွန်းတာမျိုးဖြစ်ပါက သားအိမ်ဖိအားကြောင့် ကိုယ်တွင်းကလီစာတေွ ဒဏ်ဖြစ်စေတယ်လို့ ယူဆရတာကြောင့် ကိုယ်ဝန်ဒုတိယ၃လနဲ့ တတိယ၃လတေွမှာ သတိထားသင့်ပါတယ်။

ပက်လက်အိပ်တဲ့အခါ ခါးနှင့်ခြေထောက်အောက်ပိုင်းကို အတန်ငယ်မြှင့်ပြီး အိပ်ခြင်းအားဖြင့် ဗိုက်သားတင်းမှုကို ပြေလျော့စေပြီး၊ သေွးလှည့်ပတ်မှုကိုလဲ တိုးတက်ကောင်းမွန်စေပါတယ်။

ပက်လက်အိပ်ခြင်းကို သားအိမ်အရမ်းမကြီးထွားခင်အချိန်အထိအိပ်နိုင်သော်ငြား လရင့်ချိန်တတိယ၃လရောက်ရင်တော့ ဘေးစောင်းသာ ကြိုးစားအိပ်သင့်ပါတယ်။

ကိုယ်ဝန်ရင့်စဉ်မှာ ပက်လက်အိပ်ခြင်းက ခါးနာ၊ အသက်ရှုကြပ်၊ အစာအိမ်နာ၊ သေွးပေါင်ကျခြင်းနဲ့ လိပ်ခေါင်းရောဂါတို့ကို ပိုဆိုးစေတတ်တာမို့ သတိထားသင့်ပါတယ်။

မေှာက်ခုံအိပ်ခြင်းကတော့ ကိုယ်ဝန်နုစဉ်မှာ ပြဿနာမရှိသော်ငြား ကိုယ်ဝန်ရင့်လာရင်တော့ မသင့်တော်ပါဘူး။

ညာဘက်စောင်းအိပ်ခြင်းက ကိုယ်ဝန်တတိယ၃လမှာ ပက်လက်/မေှာက်ခုံအိပ်အိပ်ခြင်းထက်စာလျင်တော့ မဆိုးတဲ့ပုံစံဖြစ်ပါတယ်။

သို့သော် အသည်းအပေါ်ဖိအားသက်ရောက်စေတာကြောင့် သိပ်တော့မသင့်တော်လှပါဘူး။

ဘယ်ဘက်စောင်းအိပ်ခြင်းကသာ တကိုယ်လုံးကို relaxဖြစ်စေတာကြောင့် သက်တောင့်သက်သာအရှိစေဆုံးဖြစ်ပါတယ်တဲ့။

*---*---*---*---*---*

ပထမကိုယ်ဝန်၃လမှာ သက်တောင့်သက်သာအိပ်ပျော်စေရန်___
- အိပ်ယာပေါ်မှာချည်း အတင်းအိပ်ပျော်အောင် မကြိုးစားသင့်၊ ဆိုဖာထိုင်ခုံပေါ်မှာ လဲလျောင်းငိုက်မျည်းသင့်ပါတယ်။
- ခေါင်းအုံး ကူရှင်စတာတေွကိုလဲ ကိုယ်နဲ့သင့်တော်မယ့် အပျော့အမာကို ရေွးချယ်ပါ။ (ကိုယ်တေွ့၊ တသက်လုံးအိပ်လာတဲ့ ခေါင်းအုံးပျော့နဲ့အိပ်မရတော့လို့ ခေါင်းအုံးအမာနဲ့အိပ်မှအိပ်ပျော်တော့တယ်)
- အသက်ဝဝရှူခြင်း၊ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်းတို့ကိုလဲ ပြုလုပ်နိုင်ပါတယ်။
- မအိပ်ခင်မှာ အစာအိမ်နာစေတဲ့ ပူစပ်စပ်အစားအစာတေွ မစားသင့်ပါ။
- မအိပ်ခင် အပေါ့သွားပါ။
- ကိုယ်ဝန်လရင့်ပိုင်းအတွက် အကျင့်ရအောင် SOS positionကို စတင်လေ့ကျင့်ပါ။

*---*---*---*---*---*

ဒုတိယကိုယ်ဝန်၃လမှာ သက်တောင့်သက်သာအိပ်ပျော်စေရန်___
- အချိန်မှန်မှန်အိပ်ပါ။
- မအိပ်ခင် တီဗီမကြည့်ပါနှင့်။
- မအိပ်ခင်သီချင်းနားထောင်ခြင်း၊ ရေနေွးစိမ်ခြင်းဖြင့် ခန္ဓာကိုယ်ကို relaxဖြစ်အောင်ထားပါ။
- မအိပ်ခင်မှာ အစာအိမ်နာစေတဲ့ ပူစပ်စပ်အစားအစာတေွ မစားပါနှင့်။
- ညစာကို ဆီများတဲ့အစားအစာမျိုးကိုရေှာင်ကာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာမျိုးကိုစားပါ။
- အိပ်ယာကို သန့်ရှင်းနေအောင်ပြုလုပ်ပါ။

*---*---*---*---*---*

တတိယကိုယ်ဝန်၃လမှာ သက်တောင့်သက်သာအိပ်ပျော်စေရန်___
- ခေါင်းအုံး၊ ဖက်ခေါင်းအုံး၊ ကူရှင်စတာတေွကို မိမိအတွက် သက်တောင့်သက်သာအဖြစ်စေဆုံးကို ရေွးချယ်ပါ။
- ဘယ်ဘက်စောင်းအိပ်ကာ၊ ခေါင်းအုံး ကူရှင်စတာတေွကို ခြေထောက်ကြားနှင့် ခါးအနောက်ဘက်ပိုင်းမှာထားပါ။
- သက်တောင့်သက်သာဖြစ်စေသော ချည်ထည်အဝတ်အစားဖြင့်အိပ်ပါ။
- ညဘက်အိပ်မပျော်သော်ငြား နေ့ဘက် ဆိုဖာပေါ်တွင် ငိုက်မျည်းအိပ်ပါ။ (ညအိပ်မပျော်ခြင်းအပေါ် sensitiveမဖြစ်သင့်)
- ညစာကို အပူအစပ်ရေှာင်ကာ အစာကြေလွယ်သည်ကို စားပါ။
- ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းမျိုးကို ပြုလုပ်ပါ။
- မအိပ်ခင် ၁၅မိနစ်ခန့် ဘာမှမတေွးတောပဲ ခေါင်းရှင်းအောင်ပြုလုပ်ပါ။

မူရင်းရေးသူကို credit ပေးပါတယ်ရှင်

*---*---*---*---*---*

ကိုးကား
http://www.momjunction.com/articles/important-sleeping-positions-pregnancy-first-trimester_0022645/
http://americanpregnancy.org/pregnancy-health/sleeping-positions-during-pregnancy/
http://www.bellybelly.com.au/pregnancy/sleep-during-pregnancy-which-side-do-i-sleep-on/
http://192abc.com/25056
http://192abc.com/26725
http://baby.goo.ne.jp/member/ninshin/shinpai_mama/5/03.html

*---*---*---*---*---*

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.