
မိန်းကလေးတေွဟာ အလှအပနောက်ကိုလိုက်ရင်း ကျန်းမာရေး ထိခိုက်စေနိုင်တာတေွကို အလေးမထားမိတာမျိုး ဖြစ်တတ်ကြပါတယ်။

၁။ စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း
-----------------------------------------
ယောကျာ်းလေးအများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစားတတ်ကြပြီး မိန်းကလေးတေွကတော့ စိတ်ညစ်တဲ့အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာတေွကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတေွက သင့်ခါး အနေအထားကို ပြောင်းလဲစေပြီး သင့်ကို ဝလာစေပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစားတာထက် လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတေွနဲ့ ပျော်ပျော်ပါးပါးနေတာတေွနဲ့ အစားထိုးလုပ်ဆောင် ကြည့်ပါ။

၂။ ဝသည်ဟု ထင်မြင်နေခြင်း
----------------------------------
မိန်းကလေးတေွက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့တတ်ကြပြီး ဝိတ်ချနေတယ်လို့လည်း တွင်တွင် ပြောတတ်ကြပါတယ်။ လေ့လာမှုအရ မိန်းကလေးတေွရဲ့ ၉၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတေွကို ခွဲစိတ် ဖယ်ရှားနိုင်တယ် ဆိုပေမယ့် အစားအသောက်နဲ့ ကိုယ်အလေးချိန် လေှျာ့ချတာက အကောင်းဆုံးနည်းလမ်းပါ။

၃။ မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း
-------------------------------------
ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက်နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တေွ၊ ကပ်ငြိနေတဲ့ ဖုန်တေွနဲ့ ထွက်လာတဲ့ ချေှးတေွ မျက်နှာမှာရှိတဲ့ ချေှးပေါက်တေွကို ပိတ်စေပါတယ။် မျက်လုံးမှာဆိုးထားတဲ့ မျက်တောင်ကော့ ဆေးရည်ကိုမဖျက်ဘဲ အိပ်တာက မျက်လုံးကို ယားယံတာ၊ ပိုးဝင်တာတေွကို ဖြစ်စေပါတယ်။
ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တေွကို သေချာစွာ သန့်စင်ပေးဖို့ လိုပါတယ်။ မျက်နှာ သန့်စင်ရာမှာ ကြေးချှတ်အား မပြင်းတဲ့ မျက်နှာသစ်ဆေးရည်ကို အသုံးပြုပါ။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေးနိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။

၄။ ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း
--------------------------------------------------------------------
ဒီကနေ့ခေတ်မှာ မိန်းကလေးတေွဟာ ယောကျာ်းလေးတေွနဲ့ ရင်ပေါင်တန်းကာ မူးယစ်သောက်စားတတ်လာပါတယ်။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပေမယ့် လက်ခံကျင့်သုံးသူ များလာပါတယ်။ မိန်းကလေးတေွဟာ ယောကျာ်းလေးတေွထက် ခန္ဓာကိုယ်အနည်းငယ် ပိုပြီး သေးသွယ်တာကြောင့် အရက်ရဲ့ ပြင်းအားကို လေှျာ့ချဖို့ ခန္ဓာကိုယ်မှာ ရေဓာတ်အသုံးပြုမှု အနည်းငယ် ပိုနည်းပါတယ်။
လူမှုရေးအရ အပေါင်းအသင်းတေွနဲ့ ဆက်ဆံရေး မပျက်ချင်ဘူးဆိုတဲ့ ဆင်ခြေတစ်ခုနဲ့တော့ အရက်ဆက်သောက် မနေသင့်ပါဘူး။ အရက်က ခန္ဓာကိုယ်ကို ဆိုးကျိုးများ စွာဖြစ်စေတယ်ဆိုတာ သင်သိပြီးသား ဖြစ်ပါ လိမ့်မယ်။ သင့်အနေနဲ့ လုံးဝမသောက်သုံးလို့ မဖြစ်တဲ့အခြေအနေမျိုးမှာ အရက်နဲ့ အချိုရည်ကို တစ်လှည့်စီသောက်ပြီး အရက်သောက်သုံးမယ့် ပမာဏကို လေှျာ့ချပါ။

၅။ အတိတ်ကဖြစ်ရပ်များကို မမေ့ပျောက်နိုင်ခြင်း
-----------------------------------------------------
စိတ်ဖိစီးမှုက သင့်စိတ်ရော၊ ခန္ဓာကိုယ်ပါ ကျန်းမာမှုအတွက် အဟန့်အတား ဖြစ်စေပါတယ်။ မိန်းကလေးတေွက ယောကျာ်းလေးတေွထက် စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်စိတ်များတာတေွကို နှစ်ဆ ပိုမိုခံစားတတ် ကြပါတယ်။
သုတေသီတေွရဲ့ လေ့လာမှုအရ မိန်းကလေးတေွဟာ ယောကျာ်းလေးတေွ ထက် အတိတ်က အကြောင်းအရာတေွကို မမေ့ ပျောက်နိုင်ဘဲ တမ်းတပူဆေွးမှုတေွ လွန်ကဲနေတတ် ပါတယ်။ စိတ်ငြိမ်အောင် တရားထိုင်တာ၊ ယောဂကျင့်တာတေွက စိတ်ဖိစီးမှုတေွကို လျော့ကျအောင် ကူညီပေးနိုင်ပါတယ်။

၆။ ဒေါက်မြင့်ဖိနပ်စီးခြင်း
---------------------------------
ဒေါက်မြင့် ဖိနပ်စီးတာက ခန္ဓာကိုယ်မှအဆစ်အပေါ် ဖိအားကျရောက်စေပြီး အရိုးအဆစ် ရောင်ရမ်းတာ၊ ခြေမ နာကျင်တာ၊ ခါးနာတာနဲ့ အရွတ်မှာ ဒဏ်ဖြစ်တာတေွှဖစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်ကြောင့်ဖြစ်ရတဲ့ ဒဏ်တေွ သက်သာစေဖို့ နေ့စဉ်စီးတဲ့ ဖိနပ်ရဲ့ ဒေါက်အမြင့်ဟာ တစ်လက်မခွဲထက် မပိုသင့်ပါဘူး။ သင်စီးတဲ့ဖိနပ်ဟာ အဆစ်အပေါ် ဒဏ်မပိစေတဲ့ ဖိနပ်မျိုး ဖြစ်ရပါမယ်။

၇။ သားသမီးများကို ဂရုစိုက်နေရခြင်း
--------------------------------------------
မိန်းကလေးတေွက ကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့အပြင် အိမ်ထောင်ထိန်းသိမ်းရတဲ့ တာဝန်လည်းရှိတာကြောင့် အိမ်သားတေွရဲ့ ကျန်းမာရေးကိုလည်း ဂရုပြုရပါတယ်။
အထူးသဖြင့် သားသမီးတေွ နေမကောင်းတဲ့အခါ၊ ထိခိုက်ဒဏ်ရာရတဲ့အခါ အိမ်ထောင်ရှင်မမှာ တာဝန်အပိုတေွ ပိစေပါတယ်။ သင့်ကလေးငယ်တေွ အအေးမမိအောင် မိုးရေထဲ ထွက်ဆော့တာကို တားမြစ်ပါ။ ကလေးတေွဟာ ပြေးလွှား ဆော့ကစား တတ်ကြတာကြောင့် အိမ်တွင်း၊ အိမ်ပြင်မှာ ချော်လဲနိုင်တာ၊ တိုက်မိခိုက်မိ နိုင်တာတေွကို ရှင်းလင်းထားပါ။
#မေသစ်နောင်(ဆေး ၁)
#ရှမ်းပုတ်(မိုမိုလေး)