စျေး မီဒီယာ

Posted by Ngu Kay September 1, 2020

လက်မ စုပ်တဲ့ ကလေးများ
================
-သားသားမီးမီး ကလေး အတော်များများမှာ လက်မ စုပ်တဲ့ အကျင့်လေးတွေ ရှိပါတယ်။ အချို့က ခြေမ မှီရင် ခြေမပါစုပ်ပါတယ်။ ၄ နှစ်အောက် ကလေးတွေ မှာ အဖြစ်များပြီး ကျောင်းသွားချိန် ၅-၆ နှစ် အရွယ်မှာ အခြား အာရုံသစ်တွေရတဲ့ အချိန်မို့ အလိုလို အကျင့်ပျောက်သွားတတ်ပါတယ်။

-၆ နှစ် ၇ နှစ်မှာ ကြီးသွားစပေါက်တော့ လက်မ စုပ်တဲ့ အကျင့်ကြောင့် ရှေ့သွားခေါခြင်း၊ သွားမညီခြင်းတို့ဖြစ်နိုင်ပါတယ်။ အဲ့ဒီ အချိန်ကျ အကျင့်လေးပျောက်အောင် ဘယ်လို ကြိုတင် ကူညီကြမလဲ?

-ကလေးတွေက စိတ်လှုပ်ရှားရင် စုပ်တတ်သလို ပျင်းရင်လည်းစုပ်ပါတယ်။ ဇိမ်ခံချင်ရင်စုပ်ပါတယ်။ ကိုယ့်ကလေးက ဘယ်လို အခါမျိုးစုပ်လဲ လေ့လာပြီး အာရုံပြောင်းပေးပါ။ လက်မစုပ်တာနဲ့ အရုပ်ကလေးပေးကိုင်တာမျိုး ပုံပြင်စာအုပ်လေးဖွင့်ပြီး ပြောပြတာမျိုးလုပ်နိုင်ပါတယ်။ တူတူရေဝါးဆော့ပေးပါ။ လိုအပ်ရင် ချိုလိမ်ကို ခဏ တပ်ပေးကြည့်နိုင်ပါတယ်။

-လက်မ စုပ်ရင် ဆူတာ၊ အပြစ်ပေးတာမျိုးလုပ်ခြင်းဖြင့် ကလေးစိတ်ဖိအားတိုးပြီး ပိုစုပ်ကောင်းစုပ်နိုင်ပါတယ်။ ဘာသာပြန်ဆောင်းပါးအချို့မှာ ရေးတဲ့ မှားယွင်းသောကုထုံးများ ရှောင်ပါ။ ဥပမာ ကလေးလက်ကို အနံ့ဆိုး သုတ်ထားတာမျိုး, ကော်ကပ်ထားတာမျိုး၊ ပလတ်စတာကပ်ပေးတာမျိုး မလုပ်ပါနဲ့။

-လက်မ စုပ်တာ သူငယ်နာမဟုတ်ပါ။
-လက်မ စုပ်တိုင်း နို့မဆာပါ။

#နေနေမိုးဆွေ ( Child Health Myanmar Page)
Photo Credits to Google
#naynaymoeswe

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.