
ချက်ချင်းကြီး နောက်ထပ် ကလေးတစ်ယောက်ယူမယ်ဆိုရင် သားအိမ်ကွာခြင်း ဒါမှမဟုတ် အချိန်မတိုင်မီမေွးခြင်း စတဲ့ ကိုယ်ဝန်ပြဿနာတေွကို ရင်ဆိုင်ရနိုင်ပါတယ်။ဖေဖေ မေမေတို့ရေ ပထမကလေးလေးအတွက် ညီအစ်ကိုမောင်နှမတေွ ထပ်မေွးချင်ကြမှာပါပဲ။ ဒါပေမယ့် ပထမကလေးကို ဗိုက်ခွဲပြီး မေွးထားတယ်ဆိုရင်တော့ ဒုတိယကလေး ယူဖို့ အချိန်တစ်ခုတော့ စောင့်ရမှာပါ။ ဒီတော့ ဗိုက်ခွဲမေွးထားပြီး နောက်ပိုင်းမှာ ဘယ်လောက်ကြာမှ နောက်ကိုယ်ဝန်ယူရမယ်ဆိုတာ ဖတ်ကြည့်ပါဦးနော်။

ကလေးမေွးပြီးချိန်မှာ သေွးအားနည်းရောဂါတေွ ဖြစ်နေနိုင်ပါတယ် (Photo: FirstCry Parenting)
နောက်ထပ်ကိုယ်ဝန်ယူဖို့အတွက် စောင့်ဆိုင်းရတဲ့ အချိန်ဟာ (၆) လကနေ (၂) နှစ်အထိ ဖြစ်သင့်ပါတယ်။ ဒါဟာ ရိုးရိုးမေွးတဲ့ မေမေတေွနဲ့ စောင့်ရတဲ့ အချိန်နဲ့ တူတူပါပဲ။ တကယ်တော့ အန္တရာယ်ကင်းစေဖို့အတွက် မေမေ့ခန္ဓာကိုယ်က ပြောင်းလဲမှုတေွနဲ့ အသားကျတဲ့အချိန်ထိ တတ်နိုင်သမှျ ကြာကြာစောင့်ဆိုင်းဖို့ လိုပါတယ်။ အကယ်လို့ စောနိုင်သမှျ စောစောလိုချင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။

ဆရာဝန်နဲ့ တိုင်ပင်ရပါမယ် (Photo: FirstCry Parenting)
ပထမကလေး နို့မပြတ်မချင်းတော့ ဒုတိယကိုယ်ဝန်မဆောင်သင့်ပါဘူး။ ဒီအချိန်အတွင်းမှာ ခန္ဓာကိုယ်က သူ့အလိုလိုပျောက်ကင်းဖို့ ကုသနေမှာဖြစ်ပြီး ဆုံးရံှုးသွားတဲ့ အာဟာရတေွကို ပြန်လည်ဖြည့်တင်းနေတဲ့အပြင် ကလေးအတွက်လည်း နို့ရည်တေွ ထုတ်ပေးနေရပါသေးတယ်။ ဒီလို အလုပ်တေွ အများကြီး ဆောင်ရွက်ရခြင်းဟာ ခန္ဓကိုယ်ကို ၀န်ပိစေတဲ့အတွက် နောက်ကလေးတစ်ယောက်ကို ဆက်ယူခြင်းက ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေတဲ့အပြင် ကလေးအတွက်လည်း အန္တရာယ်မကင်းနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်စဉ်တုန်းက ကလေးနဲ့ အချင်းကို ပို့ထားပေးရတဲ့ သံဓာတ်တေွနဲ့ သေွးတေွ ဆုံးရံှုးထားတာကြောင့် ကလေးမေွးပြီးချိန်မှာ သေွးအားနည်းရောဂါတေွ ဖြစ်နေနိုင်ပါတယ်။
ခန္ဓာကိုယ်အနားရဖို့ အချိန်ပေးရပါမယ်။

မေွးဖွားပြီး ၁၈လမတိုင်ခင်မှာပဲ နောက်တစ်ကြိမ်ကိုယ်ဝန်ရမယ်ဆိုရင် ပထမကလေး ထိန်းကျောင်းဖို့အတွက် အဆင်မပြေနိုင်ပါဘူး။ မေမေလောင်းရဲ့ အသက်က (၃၅) နှစ်နောက်ပိုင်းဆိုရင်တော့ ကိုယ်ဝန်ချက်ချင်းယူလိုက်တာက ကိုယ်ဝန်ပြဿနာတော့ နည်းစေပါတယ်။ တကယ်လို့ ချက်ချင်းကြီး နောက်ထပ် ကလေးတစ်ယောက်ယူမယ်ဆိုရင် သားအိမ်ကွာခြင်း ဒါမှမဟုတ် အချိန်မတိုင်မီမေွးခြင်း ဒါမှမဟုတ် အလေးချိန်မပြည့်တဲ့ကလေးမေွးခြင်း စတဲ့ ကိုယ်ဝန်ပြဿနာတေွကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် မေမေတို့ ဗိုက်ခွဲမေွးထားပြီး နောက်ထပ်ကလေးယူမယ်စိတ်ကူးရင် အနည်းဆုံးတော့ (၂) နှစ်ခြားပါ။
#Ref (ခင်ထေွး(ဆေး ၁) )
#ရှမ်းပုတ်(မိုမိုလေး)