စျေး မီဒီယာ

Posted by Eaint Eaint May May September 1, 2020

ကလေးဖျားလျင် -၅

အဖျားနှင့် အနီစက်

ကလေးတွေဖျားလို့ အနီစက် အနီပြင်တွေ ထွက်ရင် မိဘတွေ စိုးရိမ်လေ့ရှိပါတယ်။ စိုးရိမ်ရလောက်အောင်လည်း တချို့သော ရောဂါတွေဟာ အန္တရာယ်ရှိပါတယ်။

ဒါပေမဲ့ တချို့ကလေးတွေမှာ အဖျားကျပြီး ကလေးကလန်းလန်းဆန်းဆန်းဖြစ်နေရင် မျက်နှာတို့ကိုယ်ခန္ဓာတို့မှာအနီစက်တွေထွက်လာတာကတော့စိုးရိမ်စရာမရှိပါဘူး။

အနောက်နိုင်ငံတွေမှာတော့ အဲလို အနီစက်ထွက်ရင် meningococcal meningitis/ meningococcaemia လို့ခေါ်တဲ့ ဦးနှောက်
အမြှေးရောင် သို့မဟုတ် သွေးဆိပ်တက်တဲ့ရောဂါတစ်မျိုးကိုအင်မတန်ကြောက်ပါတယ်။ ချက်ချင်း အသက်ဆုံးနိုင်တဲ့ရောဂါပါ။ မြန်မာပြည်မှာလဲ ဖြစ်တတ်ပါတယ်။ ဆေးရုံတက်ပြီးပိုးသတ်ဆေးအရေးပေါ်သွင်းဖို့လိုပါတယ်။

အဲဒီရောဂါမှာထွက်တဲ့ အနီစက် အနီပြင်တွေကို တခြား အန္တရာယ်မရှိတဲ့ အနီစက်ထွက်တတ်တဲ့ ရောဂါတွေနဲ့ ခွဲဖို့ glass test ဆိုတာကို မိဘတွေအိမ်မှာပဲ လုပ်လေ့ရှိပါတယ်။

Glass test လုပ်ပုံကတော့ -

၁၊ အနီစက်ပေါ်ကို ဖိကြည့်ဖို့အတွက် ကြည်ပြီး ဖေါက်ထွင်းမြင်နိုင်တဲ့ အလွယ်တကူမကွဲနိုင်တဲ့ ဖန်ခွက် သို့မဟုတ် ပလပ်စတစ်ခွက်ကို ယူပါ။

၂၊ အနီစက်တည့်တည့်ကို ခွက်နဲ့ ဖြည်းဖြည်းချင်းဖိပါ၊ အနီစက်ပတ်လည်က အရေပြား အရောင်ဖျော့တဲ့အထိ ဖိပါ။ ခွက်မကွဲဖို့ သတိထားပါ။

၃၊ ဒီလိုဖိကြည့်လို့ အနီစက်တစ်ခုလုံး သိသိသာသာ အရောင်လျော့သွား ပျောက်သွားရင် ဒါဟာ အန္တရာယ်မရှိတဲ့ ရောဂါမျိုူးပါ။ ဒီလို အနီစက်မျိုးကို blanching rash လို့ခေါ်ပါတယ်။

လုံးဝအနီစက်အရာင်မပြောင်းရင် (non blanching rash) တော့ အထက်မှာပြောခဲ့တဲ့ ရောဂါမျိုး ဖြစ်နိုင်ပါတယ်။

အခြေခံကျကျပြောရင်တော့ အရေပြားအောက်မှာ သွေးယိုစိမ့်တတ်တဲ့ ရောဂါတွေမှာ non blanching rash ကို တွေ့ရပါတယ်။ သွေးဟာ ဖိရုံနဲ့ ပျောက်မသွားပါဘူး။ ဆရာဝန် ချက်ချင်း ပြသင့်ပါတယ်။ လုပ်ပုံလုပ်နည်းမှန်ဖို့တော့ လိုပါတယ်။

ဘယ် ဗိုင်းရပ်စ်ပိုးမဆို ၁-၂ ရက်ဖျားပြီးရင် အနီစက်တွေ ထွက်တတ်ပါတယ်။ ဒါလဲ အတွေ့ရများပါတယ်။ ကလေးက အဖျားကျမယ် လန်းမယ် ဆော့မယ် အရည်ဝင်မယ် ဆိုရင် အဲဒီအနီစက်တွေဟာ စိုးရိမ်ရန် မလိုပါ။ ၁-၂ရက်အတွင်း ပျောက်တတ်ပါတယ်။ အဲဒီအနီစက်မျိုးက ဖိရင်ပျောက်တဲ့ blanching rash မျိုးပါ။ မျက်နှာ၊ ကိုယ်ခန္ဓာ၊ ခြေလက်တွေမှာ ထွက်တတ်ပါတယ်။ ပိုးသတ်ဆေးမလိုပါ။

မြန်မာပြည်မှာ ပိုကြောက်စရာကောင်းတာက သွေးလွန်တုတ်ကွေးပါ။ သွေးလွန်တုတ်ကွေးမှာ အနီစက် မျိုးစုံတွေ့တတ်ပါတယ်။ သွေးလွန်တုတ်ကွေးဟာလဲ ဗိုင်းရပ်စ် ကြောင့် ဖြစ်တာမို့လို့ အထက်မှာပြောတဲ့ ဖိရင်ပျောက်တဲ့ အစက်မျိုး အစပိုင်းမှာ တစ်ခါတလေ တွေ့တတ်ပါတယ်။ လူသိအများဆုံးကတော့ Hess test လို့ခေါ်တဲ့ သွေးပေါင်ချိန်ကိရိယာနဲ့ ၅မိနစ် တင်ထားရင် ပေါ်လာတဲ့ အနီစက်တွေပါ။ ဒါ့အပြင် သွေးယိုစိမ့်လာရင်တော့ ခြေ လက်တွေမှာ ဖိရင်မပျောက်တဲ့ အနီစက်မျိုးလဲ အလိုလို ထွက်လာပါတယ်။အဲဒီအချိန်ဟာ အရေးပေါ်ပြသင့်တဲ့ အချိန်ပါ။ ပိုစိတ်ဝင်စားစရာကောင်းတာက သွေးလွန်တုတ်ကွေးနလံထ ရင်ပေါ်လာတဲ့ recovery rash လို့ ခေါ်တဲ့ အနီစက် အနီပြင်တွေပါ။ ရ ရက်မြောက်လောက်မှာပေါ်တတ်ပါတယ်။ ခြေ လက်တွေမှာ ပေါ်လေ့ရှိပြီး ယားပါတယ်။ အနီစက် အနီပြင်တွေရဲ့ အလယ်မှာ ပုံမှန်အရေပြားကို အဖြူအဝိုင်းပုံစံတွေ့ရတတ်ပါတယ်။ ဒါမျိုးတွေ့ရင်တော့ သွေးလွန်တုတ်ကွေး သေချာသလို အန္တရာယ်မရှိတော့ဘူးလို့ ပြောလို့ရပါတယ်။ သွေးလွန်တုတ်ကွေးမှာ ပိုးသတ်ဆေးမလိုပါ။

ကလေးတွေမှာ နောက် အဖြစ်များတာက hand, foot mouth disease လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့်ပဲဖြစ်တဲ့ ရောဂါပါ။ နံမည်အတိုင်း အနီစက် အရည်ကြည်ဖု ပြည်ဖုလို မျိုးတွေကို လက်ဖဝါး ခြေဖဝါး ပါးစပ်အတွင်းတို့မှာ တွေ့ရပါတယ်။ ဒူးခေါင်း တံတောင်ဆစ် တင်ပါးတို့မှာလဲ တွေ့တတ်ပါတယ်။ ပါးစပ်ကနာလို့ အစာကျွေးရခက်တတ်ပါတယ်။ ၂-၃ ရက်လောက်ပြီးရင် အလိုလို ပျောက်တတ်ပါတယ်။ ပါရာစီတမောနဲ့ အဖျား အနာသက်သာအောင် ကုသပြီး အရည်များများဝင်အောင် တိုက်ပါ။ ပိုးသတ်ဆေးမလိုပါ။

ရေကျောက်ကတော့ ၁-၂ ရက်ဖျားပြီး ကိုယ်ခန္ဓာပေါ်ကစ အရည်ကြည်ဖုတွေထွက်ပါတယ်။ ယားပါတယ်။ နောက်၃ ရက်အတွင်း မျက်နှာ ခြေ လက်တွေကို ပြန့်ပါတယ်။ ပိုးသတ်ဆေး သာမန်အားဖြင့် မလိုပါ။ ပုံမှန် အစာကျွေးပါ။ ရေချိုးပါ။ ဆေးမလူးပါနဲ့။ ပါရာစီတမော ကို ဖျားရင် နာရင် တိုက်ပါ။ ပိုးသတ်ဆေးမလိုပါ။

ဝက်သက်ကတော့ ၂-၃ ရက်ဖျားပြီး မျက်စေ့တွေနီ နှာမွှန်ချောင်းဆိုး အရမ်းဖြစ်ပြီးရင် အနီပြင်တွေ မျက်နှာကစ ထွက်တတ်ပါတယ်။ သူလည်း ၁-၂ ရက်အတွင်း ကိုယ်ခန္ဓာအောက်ပိုင်း ပြန့်သွားပါတယ်။ ဝက်သက်ပေါက်ပြီးရင် ဝမ်းသွားခြင်း၊ အာဟာရချို့တဲ့ခြင်း၊ အဆုတ်ရောင်ခြင်း၊ တီဘီဖြစ်ခြင်း စတဲ့ နောက်ဆက်တွဲတွေ လိုက်လာတတ်ပြီး အသက်အန္တရာယ် ထိရှိနိုင်ပါတယ်။ အထူးသဖြင့် အစထဲက အာဟာရ ချို့တဲ့ တဲ့ ကလေးတွေမှာပါ။ ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်တဲ့ ရောဂါပါ။ ပိုးသတ်ဆေးမလိုပါ။

Rubella လို့ခေါ်တဲ့ ဂျိုက်သိုးရောဂါကလည်းကာကွယ်ဆေးရှိပါတယ်။ အဖျားလေးနဲနဲ ဖျားပြီး တစ်ကိုယ်လုံး အနီစက်သေးသေးလေးတွေ ပေါ်လာပါတယ်။ နားရွက်နောက်တို့ နောက်စေ့တို့ မှာ အကြိတ်တွေ ထွက်လာပါတယ်။ ကလေးမှာပေါက်ရင်အန္တရာယ်မရှိပေမဲ့ကိုယ်ဝန်ဆောင်မိခင်မှာပေါက်ရင်တော့ သန္ဓေသားအတွက် အန္တရာယ်ရှိပါတယ်။ ပိုးသတ်ဆေးမလိုပါ။

အနီစက် အနီပြင်တွေဟာ ဆေးမတည့်ရင်လဲ ထွက်တတ်ပါတယ်။ အထူးသဖြင့် ပိုးသတ်ဆေးတွေကြောင့်ထွက်တတ်ပါတယ်။

ခြုံပြီးပြောရရင်တော့ မိဘတွေအနေနဲ့ ဖျားပြီးအနီစက်ထွက်တိုင်း စိုးရိမ်ရန် မလိုသလို ဖိရင် မပျောက်တဲ့ non blanching rash တွေဆိုရင်တော့ ဆရာဝန်တွေနဲ့ပြသတိုင်ပင်သင့်ပါတယ်။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.