စျေး မီဒီယာ

Posted by Cherry September 1, 2020

မိခင်နို့အောင်မြင်စွာတိုက်ကျွေး‌ရေး - အပိုင်း (၁၇)

လျှာခင်တွဲခြင်း
———————-

ဒီပြဿနာကလည်း မိခင်နို့တိုက်ကျွေးရာမှာ မအောင်မြင်ရတဲ့ အကြောင်းတွေထဲက တစ်ခုအဖြစ် တွေ့ကြုံရတတ်ပါတယ်။

လျှာအောက်ဘက်မျက်နှာပြင်မှာ တွယ်ဆက်နေတဲ့ အရွတ်လေးက ပုံမှန်ထက် ပိုတွယ်နေတဲ့အခါ လျှာရဲ့လှုပ်ရှားမှုကို ဆွဲတုပ်ထားသလိုဖြစ်ပြီး နို့စို့တဲ့အခါ ကောင်းကောင်းမစို့နိုင်၊ မဟပ်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ ကလေးရဲ့လျှာကိုကြည့်လိုက်ရင် အလည်မှာချိုင့်နေလို့ အသည်းနှလုံးပုံလို (Heart shaped) တွေ့ရတတ်ပါတယ်။

တခါတရံ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

နို့စို့တဲ့အခါ လျှာကို ရှေ့ထိုး နောက်ဆုတ်လုပ်ရ၊ ပါးစပ်ကျယ်ကျယ် ဟ,ရတာကြောင့် လျှာခင်တွဲတဲ့ကလေးတွေမှာ နို့ဟပ်တာ၊ နို့စို့တာ ခက်ခဲတတ်ပါတယ်။လျှာခင်တွဲဆက်မှု အနည်းအများပေါ်မူတည်လို့ ကလေးနို့စို့ခက်တဲ့ပမာဏ ကွဲပြားနိုင်ပါတယ်။

ဒီလက္ခဏာတွေ တွေ့ရတတ်ပါတယ်။
****************************************
- နို့လုံးဝမဟပ်နိုင်ခြင်း။
- နို့ငုံစို့ရာတွင် ခက်ခဲခြင်း။
- နို့လွတ်သွားချိန် 'ကလစ်' ခနဲ အသံကြားရခြင်း။
- နို့စို့ခက်ရာက ကလေးတွင် နို့ဝင်နည်းခြင်း၊ အသားဝါလာခြင်း၊ ကိုယ်အလေးချိန်မတက်ခြင်း။
- နို့သက်ချိန် နို့ကောင်းကောင်းမစို့နိုင်၍ နို့သီးတတ်ခြင်း။

အမေမှာလည်း ဒါတွေခံစားရပါလိမ့်မယ်။

- နို့သီးခေါင်းကွဲခြင်း၊ နာခြင်း။
- ကလေးနို့စို့နည်းတဲ့အတွက် နို့တင်းလွန်၊ နို့ချောင်းပိတ်၊ နို့ကျိတ်ဖြစ်ခြင်း။
- နို့စို့နည်း၍ နို့ထွက်နည်းလာခြင်း။
- စိတ်ပျက်၊ ပင်ပန်း၍ နို့တိုက်ရန် လက်လျှော့သွားခြင်းတို့ ဖြစ်နိုင်ပါတယ်။

အမေနို့ဖြတ်ပြီး၊ နို့ဘူးတိုက်ဖို့ဆုံးဖြတ်တာက ဖြေရှင်းနည်းမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လျှာခင်တွဲတဲ့ကလေးတွေမှာ အမေနို့စို့ရာမှာသာမက နို့ဘူးစို့ရာမှာပါ ခက်ခဲတတ်ပါတယ်။

ကုသနည်း
*************
တွဲဆက်မှုအနည်းအများပေါ်မူတည်လို့ ကုသရမှာပါ။
နို့စို့ရာမှာ အခက်အခဲရှိနေရင် တွဲဆက်နေတဲ့ လျှာခင်ကို ကိုက်ဖြတ်ပေးလိုက်တာက ခဏနဲ့ထိရောက်တဲ့ကုသနည်းဖြစ်ပါတယ်။

တွယ်ဆက်နေတဲ့အရွတ်လေးကို ကိုက်ဖြတ်ပေးလိုက်ရုံနဲ့ မိခင်နို့ကို ကောင်းကောင်းပြန်စို့နိုင်တာကြောင့် မိခင်နို့ရဲ့ကောင်းကျိုးတွေရမယ်။
ကိုယ်အလေးချိန် သိသိသာသာတက်လာမယ်။ စကားပြောရာမှာ၊ အာခေါင်နဲ့သွားတွေ ဖွံ့ဖြိုးမှုမှာ အနှောင့်အယှက်မပေးတော့ဘူး ဆိုတဲ့ကောင်းကျိုးတွေကြောင့် Diagnosis သာ သေချာရင်၊ တကယ်လည်း နို့စို့ခက်နေတယ်ဆိုရင် တွဲဆက်နေတဲ့ လျှာခင်ကို ဖြတ်ပေးသင့်ပါတယ်။

နို့တိုက်တဲ့အနေအထား
*************************
ကလေးကိုနို့တိုက်တဲ့ အနေအထားနဲ့ နို့ငုံပုံ၊ နို့ဟပ်ပုံမှန်အောင် သတိထားခြင်းကလည်း ကုသခြင်းထဲမှာ အရေးကြီးပါတယ်။

မိခင်ကျောခင်းအနေအထားမှာ ကလေးကို မိခင်ရင်ဘတ်ပေါ် မှောက်လို့ နို့စို့တဲ့ပုံစံ ပြုလုပ်ပေးလို့ရပါတယ်။ Laid-back position လို့ ခေါ်ပါတယ်။ ဒီလိုအနေအထားနဲ့နို့တိုက်တဲ့အခါ ကမ္ဘာမြေဆွဲအားက တွယ်ဆက်နေတဲ့လျှာကို ရှေ့ပိုထုတ်နိုင်အောင် ကူညီပေးတာမို့ ကလေးအဖို့ နို့စို့ရလွယ်ကူစေပါတယ်။

Kangaroo mother care
****************************
မိခင်ရင်ခွင်မှာ အမေနဲ့ကလေး အသားချင်းထိကပ်ပြီး Kangaroo mother care ပြုလုပ်ပေးခြင်းကလည်း လျှာခင်တွယ်တဲ့ကလေးတွေမှာ မိခင်နို့စို့ရာမှာ အကူအညီပေးပါတယ်။

(Kangaroo mother care အကြောင်း အပိုင်း - ၆ မှာ ရေးထားပါတယ်။)

မိခင်ရင်သား ပျော့ပျောင်းနေဖို့လိုပါတယ်။
****************************************
ပုံမှန်ကလေးမှာတောင် နို့တင်းနေရင် စို့ရခက်ခဲတတ်ပါတယ်။ လျှာခင်တွဲဆက်နေတဲ့ကလေးမှာတော့ ပိုခက်ခဲတတ်တာမို့ မိခင်နို့တင်းမနေစေဖို့ အထူးဂရုစိုက်ရပါမယ်။ နို့စို့ရခက်ခဲနေပေမယ့် ခဏခဏ ကြိုးစားတိုက်ပေးရပါမယ်။

နို့သီးခေါင်းအမည်းကွင်းနေရာမှာ လက်ချောင်းထိပ်လေးတွေနဲ့ စုဝိုင်းလို့ အကွင်းလိုက်လေး ချိုင့်ဖြစ်အောင်ဖိပြီး ကလေးနို့စို့‌ဖို့ လွယ်ကူအောင် ကူညီပေးနိုင်ပါတယ်။ နို့စို့နေတုန်းမှာလည်း လက်နဲ့အသာအယာ ကူညှစ်ပေးပြီး နို့စို့ရလွယ်ကူအောင် ကူညီပေးရပါမယ်။

ကလေးကို ကူညီပေးပါ။
************************
နို့ငုံ၊ နို့ဟပ်တာ တတ်နိုင်သမျှ အစွမ်းကုန်ငုံနိုင်၊ ဟပ်နိုင်အောင် ကူညီပေးရပါမယ်။ ဒါမှ ကလေးအာခေါင်ထိ အမေနို့သီးခေါင်းရောက်တာကြောင့် အမေနို့သီးခေါင်းနာတာ သက်သာမယ်၊ ကလေးလည်းနို့စို့အားကောင်းလို့ နို့ဝမယ်။

လျှာရဲ့ ရှေ့နောက်လှုပ်ရှားမှု များလာအောင် ကြိုးစားပေးပါ (အမေက လျှာကို သွင်းလိုက်၊ ထုတ်လိုက်လုပ်ပြရင်း ကလေးကို အတုခိုးလိုက်လုပ်စေတာမျိုး၊ အမေနို့ပေါ် ဒါမှမဟုတ် ကလေးနှုတ်ခမ်းပေါ် နို့စက်လေးချပေးပြီး ကလေးကို လှမ်းလျက်စေတာမျိုး)

နို့ထွက်နှုန်း ကျမသွားအောင် ဆက်ကြိုးစားနေပါ။
*******************************************
ကလေးကို ဘယ်လိုပဲကူညီနေပါစေ၊ နို့စို့ရ တကယ်ခက်ခဲနေတဲ့အခါ နို့ကိုကုန်အောင် မစို့နိုင်တာကြောင့် မိခင်မှာ နို့တင်းလွန်တာ၊ နို့ခဲ အကျိတ်ထွက် ဖြစ်တတ်ပါတယ်။ ဒီအချိန်မှာ တင်းနေတဲ့ရင်သားတွေကို နို့ကုန်အောင် အချိန်မှန် ညှစ်ပေးရပါမယ်။ လက်သန့်သန့် ခွက်အသန့်နဲ့ ညှစ်တာပဲဖြစ်ဖြစ်၊ နို့ညှစ်စက်နဲ့ညှစ်လို့ပဲဖြစ်ဖြစ် ကလေးကို တိုက်လို့ရပါတယ်။ ဇွန်းနဲ့၊ ဆေးထိုးပိုက်နဲ့၊ ခွက်စောင်း ကလေးကို တိုက်ပေးနိုင်ပါတယ်။ ဒါမှ နို့ထွက်နှုန်း ကျမသွားဘဲ ဆက်ထွက်နေမှာပါ။

Tongue Tie ကို ဘယ်လို ခွဲစိတ်လဲ?
**********************************
ခြောက်လအောက်ကလေးတွေမှာ ထုံဆေး၊ မေ့ဆေး မလိုပါဘူး။
ခြောက်လကျော်ရင်တော့ မေ့ဆေးလိုပါပြီ။
တချို့ လျှာခင်လေးတွေက ခပ်ပါးပါးပဲတွယ်ဆက်နေတတ်တော့ ကလေးအသက်လေးရလာတာနဲ့ ခွဲစရာမလိုဘဲ အလိုလိုပြေလည်သွားတတ်ပါသေးတယ်။ ဒါပေမယ့် မြန်မြန်ဖြတ်တောက်လိုက်ရင်တော့ ကလေးမှာ နို့စို့ခက်တဲ့ပြဿနာ ချက်ချင်းပြေလည်သွားမှာပါ။ ကလေးခွဲစိတ်အထူးကုနဲ့ ပုက္ကလိကဆေးရုံများမှာ ဆောင်ရွက်နိုင်ပါတယ်။ ပြည်သူ့ဆေးရုံများမှာတော့ ရက်ချိန်းစောင့်ရနိုင်ပါတယ်။

ကလေးငယ်တွေမှာ မေ့ဆေးမလိုတာက မနာသလောက်မို့ပါ။ အချိန်အားဖြင့်လည်း ကတ်ကြေးနဲ့ အသာဖြတ်တောက်လိုက်ရုံပဲမို့ မိနစ်ပိုင်းပဲ ကြာပါတယ်။ ခွဲစိတ်မှုပြီးတာနဲ့ ချက်ချင်းနို့တိုက်နိုင်ပါပြီ။ အနာကျက်လည်း သိပ်မြန်ပါတယ်။

ရင်သွေးတို့ မိခင်နို့အပြည့်အဝသောက်စို့နိုင်ကြပါစေ။ ။
ဒေါက်တာသက်ထားရွှေစင်ဝင်း
ကလေးဆရာဝန်

—————————————————————————

ရေးပြီးသား အပိုင်း (၁၆) ပိုင်းရဲ့ Link လေးတွေ‌ အောက်မှာ စုစည်းပေးထားပါတယ်။ ဆက်လက်ရေးသွားပါဦးမယ်။

မိခင်နို့အောင်မြင်စွာတိုက်ကျွေး‌ရေး - နိဒါန်း
https://www.facebook.com/364666921043726/posts/378623612981390/?substory_index=0

မိခင်နို့အောင်မြင်စွာတိုက်ကျွေး‌ရေး - အပိုင်း (၁)
https://www.facebook.com/364666921043726/posts/378665132977238/

မိခင်နို့အောင်မြင်စွာတိုက်ကျွေး‌ရေး - အပိုင်း (၂)
https://www.facebook.com/364666921043726/posts/392186821625069/?substory_index=0

မိခင်နို့အောင်မြင်စွာတိုက်ကျွေး‌ရေး - အပိုင်း (၃)
https://www.facebook.com/364666921043726/posts/417178952459189/

မိခင်နို့အောင်မြင်စွာတိုက်ကျွေး‌ရေး - အပိုင်း (၄)
https://www.facebook.com/364666921043726/posts/418440118999739/?substory_index=0

မိခင်နို့အောင်မြင်စွာတိုက်ကျွေး‌ရေး - အပိုင်း (၅)
https://www.facebook.com/364666921043726/posts/434411387402612/?substory_index=0

မိခင်နို့အောင်မြင်စွာတိုက်ကျွေး‌ရေး - အပိုင်း (၆)
https://www.facebook.com/364666921043726/posts/546799772830439/

မိခင်နို့အောင်မြင်စွာတိုက်ကျွေး‌ရေး - အပိုင်း (၇)
https://m.facebook.com/story.php?story_fbid=549570622553354&id=364666921043726

မိခင်နို့အောင်မြင်စွာတိုက်ကျွေး‌ရေး - အပိုင်း (၈)
https://m.facebook.com/story.php?story_fbid=561606068016476&id=364666921043726

မိခင်နို့အောင်မြင်စွာတိုက်ကျွေး‌ရေး - အပိုင်း (၉)
https://www.facebook.com/364666921043726/posts/562727351237681/

မိခင်နို့အောင်မြင်စွာတိုက်ကျွေး‌ရေး - အပိုင်း (၁၀)
https://www.facebook.com/364666921043726/posts/568793907297692/

မိခင်နို့အောင်မြင်စွာတိုက်ကျွေး‌ရေး - အပိုင်း (၁၁)
https://www.facebook.com/364666921043726/posts/589713101872439/

မိခင်နို့အောင်မြင်စွာတိုက်ကျွေး‌ရေး - အပိုင်း (၁၂)
https://www.facebook.com/364666921043726/posts/591150315062051/

မိခင်နို့အောင်မြင်စွာတိုက်ကျွေး‌ရေး - အပိုင်း (၁၃)
https://www.facebook.com/364666921043726/posts/595423327968083/

မိခင်နို့အောင်မြင်စွာတိုက်ကျွေး‌ရေး - အပိုင်း (၁၄)
https://www.facebook.com/364666921043726/posts/602903963886686/

မိခင်နို့အောင်မြင်စွာတိုက်ကျွေး‌ရေး - အပိုင်း (၁၅)
https://www.facebook.com/364666921043726/posts/617798609063888/

မိခင်နို့အောင်မြင်စွာတိုက်ကျွေး‌ရေး - အပိုင်း (၁၆)
https://www.facebook.com/364666921043726/posts/

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.