စျေး မီဒီယာ
အခြား

သင် ဗိုက်ပူနေပါသလား ဗိုက်ပူတယ်ဆိုတိုင်း ကျန်းမာရေးချူချာသူမဟုတ်ပါ

Posted by Zaw Lin Aung August 31, 2020
K8u2h4e522lty2fhl8wt

ကျန်းမာနေတဲ့ အဝလွန်မှုဆိုတာ ဒဏ္ဍာရီတစ်ရပ်လိုဖြစ်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဆိုလိုက်ပါတယ်။ ဗြိတိန်နိုင်ငံက လူပေါင်း ၃.၅ သန်းကို လေ့လာပြီးနောက် ရလာတဲ့ အဖြေကိုတွက်ချက် ခန့်မှန်းထားတာပါ။

Htj6lj4sxvuvepvhdjiv

အဆီပိုတေွများနေခြင်းဟာ နှလုံးရောဂါခံစားရနိုင်ခြေရှိနေသလို သေွးတိုးနဲ့ ဆီးချိုဖြစ်နိုင်ခြေ ပိုများတယ်လို့ သုသေသနအရ သိရှိပြီးဖြစ်ပါတယ်။ အဝလွန်ပုဂ္ဂိုလ်တေွဟာ ကျန်းမာရေးကောင်းနေသည့်တိုင်အောင် လေဖြတ်နိုင်ခြေနဲ့ နှလုံးကျန်းမာရေးချို့ယွင်းနိုင်ခြေ နှစ်ဆပိုများပါတယ်။ ဒါပေမဲ့လည်း ကိုယ်အလေးချိန်ပိုနေသည့်တိုင်အောင် ကျန်းမာနေသူတေွလည်း ရှိကြောင်းကိုလည်း ကာလရှည်ကြာ အငြင်းအခုံဖြစ်ခဲ့ရပါတယ်။ ယခုလေ့လာမှုမှာတော့ ခန္ဓာကိုယ်နဲ့အရပ်ညွှန်းကိန်း (BMI) ၃၀ နဲ့ အထက် ကျော်လွန်နေတာကလွဲရင် ဝနေပေမဲ့ ကျန်းမာရေးကောင်းမွန်သူတေွလည်း ရှိတာကို တေွ့ရပါတယ်။

Zpghihkdt9ndc5oxjbiw

အဝလွန်သူတေွဟာ သာမာန်ကိုယ်အလေးချိန်ရှိသူတေွနဲ့ယှဉ်ရင် လေဖြတ်နိုင်ခြေ၊ နှလုံးရောဂါဖြစ်နိုင်ခြေနဲ့ ဆီးချိုရောဂါ အမျိုးအစား-၂ ဖြစ်နိုင်ခြေတို့ ပိုများပါတယ်။ ဒါပေမဲ့ အခြားကျန်းမာရေးကဏ္ဍတေွမှာတော့ ကောင်းကောင််းမွန်မွန်ရှိတာကို တေွ့ရပါတယ်။ ယခင်ပြုလုပ်ခဲ့တဲ့ သုတေသနအရ ဆိုရင်တော့ အဝလွန်သူ သုံးဦးမှာ တစ်ဦးကတော့ ကျန်းမာရေးကောင်းကြတယ်လို့ သိရပါတယ်။

Ikjilhjzmybhdqbtvbkw

ယခုသုတေသနကိုတော့ ဘာမင်ဂမ်တက္ကသိုလ်ရှိ Applied Health Research အသင်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူပေါင်း ၃.၅ သန်းရဲ့ ၁၉၉၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ကျန်းမာရေးမှတ်တမ်းတေွကို အခြေခံကာ သုတေသနပြုခဲ့ကြတာ ဖြစ်ပါတယ်။
#ဒေါက်တာ မျိုးဝင်းဇေုာ်
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.