စျေး မီဒီယာ

Posted by Nyein Ei San August 30, 2020

ဝမ်းချုတ်တတ်တဲ့ ကလေးငယ်ငယ် ( အပိုင်း ၂)

ခုတလော ဝမ်းချုတ်တဲ့ ကလေးငယ်လေးတွေတွေ့နေရတယ်။

အဓိကကတော့ ၁ နှစ်အောက် ကလေးငယ်လေးတွေပါပဲ။

၆ လ အစာ စကျွေးတဲ့ အချိန်မှာ စပီးဝမ်းချုတ်တော့တာပါပဲ။

အစာလဲဆေး ဆေးလဲ အစာမို့ ကိုယ်စကျွေးတဲ့ အစာလေးတွေ သတိထားရပါတယ် ။

အရင်ကတော့ ဆန်ပြုတ်အရည်ကျဲကျဲလေးလေးတွေ စပီးကျွေးကြတယ် ။

ခုနောက်ပိုင်းမှာတော့ cereal တွေ ready made ဆန်မုန့်တွေပေါလာတော့ ဒါတွေက စကျွေးကြတယ်ပေါ့။

ဆန်ပြုတ်ပြုတ်တဲ့ အချိန်မှာ အရည်ကျဲကျဲ ပြုတ်ဖြစ်တယ် ၊ အရည် များများပါတယ်ပေါ့ ၊ ဒါပေမယ့် ဒီ ready made တွေ ကျွေးတဲ့ အချိန်မှာတော့ အရည် နဲနဲ ပျစ်ပျစ်ပဲဖျြော်ဖစိကြတယ်။ ရေ နည်းနည်းပဲ တိုက်ဖြစ်တယ် ။

နို့ထဲမှာ ရေပါတာမှန်ပေမယ့် ၆ လအောက်ကလေး ရေ လုံးဝ မတိုက်ရတာပါ ။ ၆ လအထက် ကလေးအငယ်လေးများ အတွက် ကတော့ ရေ စတင်တိုက်ရပါတော့မယ် ။ စတိုက်ခါစမှာ ၆၀ မှ ၁၂၀ စီစီ ပမာဏ ကနေ ဝမ်းချုပ်တာနဲ့ အမျှ တိုးရပါတော့မယ် ။

မေမေနို့စို့တဲ့ ကလေးတွေ အတွက် အမေ စားတဲ့ အစားအသောက်က ဝမ်းချုပ်စာ ရှောင်ရမယ် ။ ဥပမာ - ပန်းသီးဆော့ ၊ ငှက်ပျောသီး၊ cereal ပေါ့ ။ ဝမ်းနူးစာစားပါ။ ဒိန်ချဥိ သောက်ပါ ။

နောက်ကလေးကို အမျှင်များတာ ကျွေးရမယ် ။ ပန်းမုံလာတို့ ၊ သင်္ဘောသီး ၊ သစ်တော်သီး ဖျော်ရည် ၊စတာလေးတွေ ညှပ်တိုက် ၊ တခါတိုက်ရင် ၁၀၀ စီစီ လောက် ရအောင် တိုက်ပေးရပါတယ် ။ ကြီးတဲ့ ကလေးတွေ ( တနှစ်အထက်) ဒိန်ချဉ်တိုက် ၊ ချိစ်လေးတွေကျွေးပါ ။

🏋🚴လေ့ကျင့်ခန်းလုပ်မယ် ဘေဘီလေးရယ်

နောက်တခုကတေါ့ အစာအပြင် ကလေးကို ကိုယ်လက်လှုတ်ရှားမှု ရှိရပါတယ် ။ ခုခေါတ်လူနေမှု စနစ်အရ ကလေးတွေဟာ တိုက်ခန်းမှာ နေ အပြင်က မြေကြီးမထိရ ၊ အပြင် ထွက်ရင် ရောဂါ ကူမှာစိုးလို့ မထွက်ဖြစ်တဲ့ ကလေးတွေ လမ်းမလျှောက်သေးတော့လှုပ်ရှားမှုကမရှိ ဒါနဲ့ ဝမ်းချုတ်၊ ချုပတ်တော့ ညှစ်၊ ညှစ်တော့ကွဲ (ဖင်) ၊ ကွဲတော့ ချုတ်နဲ့ သံသရာ လှလှ ကြီးလည်ပါတော့တယ် ။

ဒီတော့ လမ်းမလျှောက်သေးတဲ့ကလေးကို တနေ့ ၃ ကြိမ် လေ့ကျင့်ခန်းလုပ်ပါ ။ အလွယ်လေးပါ ။

✝စက်ဘီး စီးသလို ကလေး ခြေထောက်နှစ်ဘက်ကိုလှုပ်ပေးတာပါ။

✝ နောက်တခုက ရေချိုးပီး ရငိ ဗိုက်ကို သံလွင်ဆီ သို့ အုန်းဆီနဲ့ နာရီလက်တန်လှည့်သလို့ အသာလေး ပွတ်ပေးတာပါ။

✝ ပါတ်ဝန်းကျင် အပြင်ခေါ်ပါ ။
✝ လေးဘက်သွားပစ္စည်းယူနိုင်အောင် အရုပ်ကို အဝေးမှာထား ယူခိုင်းပါ ။

✝ နောက်လေ့ကျင့်ခန်းက ဘေဘီလေးတွေ ဖင်ဝကို လေ့ကျင့်ခန်း တို့ထိတဲ့ အနေနဲ့ ဂွမ်းလေး နဲ့ တို့တို့ပေးတာလဲ လုပိလိုရပါတယ် ။

ဆေးကတော့ ဆရာဝန်နဲ့ သေချာပြပီးမှ လိုအပ်မှ တိုက်ပါ ။

ခုတလော မေမေတွေရဲ့ မေးခွနိးတွေမို့ စိတ်ချမ်းသာစွာ အင်းအင်းစောင့်နိုင်ကြပါစေ ။

Sharing knowledge is a kind of caring ပါ လို့
Credit
မေတ္တာဖြင့်

ဒေါက်တာခိုင်ဝါဝါထွန်း
ကလေးအထူးကုဆရာဝန်
၂၉.၈.၁၉

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.