
ဒူးအဆစ်လေ့ကျင့်ခန်း
ပထမဆုံးပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ ဒူးဆစ်လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ပထမဦးဆုံး ဒူးလေးကေွးပါ။ ခါးကော့ကာ တံတောင်ဆစ်ကိုကေွးပြီး (၄၅ ဒီဂရီ) ပုံခုံးနဲ့ တန်းတန်းသို့ မြေှာက်တင်ပါ။ ပြီးရင် ထိုင်ခုံမှာထိုင်တဲ့ ပုံစံမျိုးလေး တင်ပါးကို အားပြုကာထိုင်ပါ။(လုံးဝ ထိုင်မချရပါ၊ အောက်ကြမ်းပြင်နဲ့ ထိရုံလေူထိပါ) အသက်ရှုသွင်း၊ရှူထုတ် ပြလုပ်ပေးပြီး မတ်တပ်ပြန်ရပ်ပါ။ အနည်းဆုံး (၅)ကြိမ် ပြုလုပ်ပေးပါ။
လက်လွှဲခြေလွှဲလေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်လေး ပြုလုပ်ဖို့အတွက်တော့ ပေါင်တုံး (၁ပေါင်) လိုအပ်ပါတယ် (ရေသန့် 1L ဗူးကိုလဲ အသုံးပြုလို့ ရပါတယ်)။ လေကောင်းလေသန့် ရရှိနိုင်မည့် ပတ်ဝန်းကျင်မှာ မတ်မတ်လေး မတ်တပ်ရပ်ပါ။ ညာဘက်လက်ကို ခါးမှာထောက်ပါ။ ပေါင်တုံး (၁ပေါင်တုံး) သို့မဟုတ် 1L ရေဗူးကို ဘယ်ဘက်လက်မှကိုင်ပြီး ဆန့်တန်းပါ။ ဘယ်ခြေထောက်ကို ရပ်ထားတဲ့အတိုင်းထားပြီး ညာဘက်ခြေထောက်ကို ၁၈လက်မအထိခွဲကာ အနည်းငယ်ဘေးအပေါ်သို့ မြေှာက်ပါ။(၁ မှ ၁၀)အထိ ရေတွက်ပြီး ခြေထောက်ပြန်ချပါ။ ထို့နောက် တစ်လှည့်စီပြုလုပ်ပေးပါ။
လက်ထောက်လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်း ပြုလုပ်မယ်ဆိုရင် သတိထားပြုရမယ့် အချက်တစ်ချက်ကတော့ ကြမ်းပြင်အနေအထားပါ။ ကြမ်းပြင်ချောမေွ့နေတာ မျိုးဆိုရင် ချော်ကျစေနိုင်တာမို့ အထူးသတိထားပေးရပါမယ်။ ကြမ်းပြင်ချောမေွ့ နေတယ်ဆိုရင် အနည်းငယ်ကြမ်းသွာအောင် အဝတ်စထူထူလေး ခင်းပေးပါ။ နောက်ပြီး လက်မ (၂၀)ခန့်မြင့်တဲ့ ခုံတန်းတစ်ခုပေါ်မှာ တံတောင်ဆစ်ကို အားပြုပြီး လက်ထောက်ပါ။ လက်ဖျံကိုတော့ ခုံပေါ်မှာချထားပြီး ခြေထောက်ကို နောက်သို့ပို့ကာ မေှာက်လျက်ပုံစံအတိုင်း နေပေးပါ။ ခြေဖျားထောက်ကာ ဒူးကို အပေါ်အောက် လှုပ်ရှားပေးရပါမယ်။
Ref; မေ့ရင်သေွး ( December 2016 )