စျေး မီဒီယာ

Posted by Aye Mya Nandar August 29, 2020

ကလေးငယ် ခေါင်းမပြားအောင်
*************************
✅(၁) မွေးစကလေးများတွင် ခေါင်းနောက်ပိုင်းပြားခြင်း၊ ဘေးတစ်ခြမ်းပြားခြင်းတို့ မကြာခဏ တွေ့နိုင်သည်။ စိတ်မပူပါနှင့်။ ကလေးခေါင်းက အရိုးများ မခိုင်မာသေးသောကြောင့် မိခင်သားအိမ်နှင့် မွေးလမ်းကြောင်းထဲ တိုးဆင်းခဲ့ရချိန်တွင် ယာယီပုံပျက်သွားခြင်းဖြစ်ပါသည်။ မွေးပြီး ၁ လခွဲ အတွင်းပုံမှန်ဖြစ်သွားပါလိမ့်မည်။

✅(၂) ၁ လခွဲကျော်လို့ ပြားနေသေးလျှင် ဘာလုပ်ပေးနိုင်ပါသလဲ။

(က) အိပ်ချိန်- တစ်နှစ်အောက်ကလေးများကို ပက်လက်ပဲ သိပ်ပါ။ ဒါပေမယ့် ခေါင်းကို နာရီဝက် တစ်နာရီခြား ဘယ်ညာလှည့်ပေးပါ။ 🔺

(ခ) အိပ်တဲ့နေရာ- ကလေးငယ်များသည် အိပ်ရာထဲ နိုးနေစဉ် တစ်နေရာထဲကို စိုက် ကြည့်လေ့ရှိသည်။ ဥပမာ ပြတင်းပေါက်ဆီသို့ ကြည့်တတ်လျှင် ပုခက်(သို့) အိပ်ရာကို နေရာလှည့်ပေးခြင်းဖြင့် ခေါင်းတစ်ဖက်ထဲဖိမိခြင်းမှ ကာကွယ်ပေးနိုင်သည်။🔺

(ဂ) ကစားချော့မြူချိန်-ကလေးကို ဘေးတိုက်(သို့) မှောက်လျက်ထားနိုင်ပါသည်။ ပက်လက်ထားချိန်တွင်လည်း ကလေး ကြိုက်နှစ်သက်စွာကြည့်လေ့ရှိသောအရုပ်များကို ဘယ်ညာရွှေ့ပြောင်းပေးပါ။ 🔺

(ဃ) မတ်တပ်ချီနည်း အမျိုးမျိုးသုံးနိုင်ပါသည်။🔺

မှတ်ချက်- ခေါင်းပြားခြင်းသည် ဦးနှောက်ကို လုံးဝ မထိခိုက်ပါ။ ကလေးအများစုသည် ထိုင်နိုင်ချိန် မတ်တပ်ရပ်နိုင်ချိန်များတွင် ခေါင်းလုံးလုံးလှလှလေးများ ဖြစ်သွားပါလိမ့်သည်။

#နေနေမိုးဆွေ (Child Health Myanmar Page)
Reference: Positional Plagiocephaly( RCH Melbourne Australia)
Photo Credits to Google& RCH
#naynaymoeswe

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.