စျေး မီဒီယာ

Posted by joseph August 29, 2020

မဆူမငေါက်ဘဲ မရိုက်ဘဲ တပည့်သားသမီးကို ဘယ်လို ဆုံးမရမလဲ ………?
(အပိုင်း-4)
××××××××××××××××××××××××××××××××××××××××××
ဆုံးမစကားပြောတဲ့အခါ ဘယ်လိုစကားလုံး ရွေးချယ်သုံးရမလဲ…?
××××××××××××××××××××××××××××××××
စကားလုံးရွေးချယ်သုံးနှုန်းခြင်းဟာ ဆုံးမမှုအတွက် အလွန်အရေးပါတဲ့ အလုပ်ဖြစ်ပါတယ်။

အပြစ်သဘောဆောင်တဲ့ စကားလုံးတွေနဲ့ အမြဲဆုံးမခံရတဲ့ ကလေးငယ်ဟာ "သူ့ကို အမြဲ အပြစ်ပဲ ပြောတယ်၊ သူဘာလုပ်လုပ် အမြဲ အပြစ်ပဲ အပြောခံရတယ် ဆိုတဲ့ အတွေးနဲ့ " အရာရာဂျစ်တိုက် အရွဲ့တိုက်ချင်တဲ့စိတ်တွေ၊ ဆရာမိဘ မကြိုက်တာမှ လုပ်ချင်တဲ့ စိတ်တွေ ဖြစ်လာစေတတ်ပါတယ်။

အပြုသဘောဆောင်တဲ့ စကားလုံးတွေနဲ့ အမြဲဆုံမခံရတဲ့ ကလေးကတော့ " သူ့ရဲ့လိုအပ်ချက်တွေကို တိုးတိုးပြီး ပြောင်းလဲချင်တဲ့စိတ်တွေ၊ သူ့အရည်အချင်းအချင်းတွေကို တိုးတိုးပြီး ကောင်းအောင် ပြောင်းလဲချင်တဲ့ စိတ်တွေ ဖြစ်လာစေတတ်ပါတယ်။

ဒါ့ကြောင့် ကလေးတစ်ယောက်ကို ဆုံးမစကားဆိုတဲ့အခါ အပြုသဘောဆောင်တဲ့ စကားလုံးတွေ ရွေးချယ်သုံးပေးဖို့ အရေးတကြီးလိုအပ်ပါတယ်။

ဒါ့ကြောင့် - ဆရာဒေါက်တာ သိမ်းလွင်ရဲ့ ကလေးတွေ သင်ကြားရေးမှာ အောင်မြင်အောင် ဘယ်လိုကူညီကြမလဲ စာအုပ်ထဲမှာ အပြုသဘောနဲ့ အပြစ်သဆောင်တဲ့ စကားလုံးတွေကို အောက်ပါအတိုင်း ယှဉ်တွဲ ဖော်ပြထားပါတယ်။

(အပြစ်သဘောဆောင်တဲ့ စကားလုံး)
×နင်ဟာလေ သိပ်လျှမ်းတာပဲ။
ဒီထက်ပိုဂရုစိုက်ပြီး စာတွေကို ပိုသေသပ်အောင် မရေးတတ်တော့ဘူးလား။
(အပြုသဘောဆောင်တဲ့ စကားလုံး)
*ဟာ…အရောင်တွေ ခြယ်ထားလိုက်တာ ကောင်းလိုက်တာ။
စာလုံးလေးတွေ ရေးတဲ့အခါမှာ ပိုသေသပ်အောင် ကြိုးစားရေးလိုက်မယ်ဆိုရင် ပုံနဲ့စာဟာ လိုက်ဖက်ပြီး သိပ်ကောင်းသွားမှာ။

(အပြစ်)
×နင်က အဲ့ဒါကို ပုံပြင်လို့ ပြောနေတာလား။ စာကြောင်းလေး သုံးကြောင်းပါတာ ပုံပြင်လား။ ဒါလေးရေးတာတောင် မျက်ရည်က ကျလိုက်ရသေး။
(အပြု)
*သမီးရွေးထားတဲ့ စကားလုံးတွေက သိပ်ကောင်းတာပဲ။ သမီးရေးထားတဲ့ စာစီစာကုံးမှာ မိဒါန်း၊ စာကိုယ်၊ နိဂုံးတွေ ပါသလားဆိုတာ လေ့လာကြည့်ရအောင်။ သမီးကော ဘယ်လို သဘောရသလဲ။

(အပြစ်)
×ကြိုးစားအားထုတ်မှုမလုပ်ရင် ဘောလုံးကန်တာမှာ သား ဘယ်တော့မှ တော်လာမှာ မဟူတ်ဘူး။
(အပြု)
*သားဟာ ဘောလုံးလေ့ကျင့်တာ သိပ်ကောင်းပါတယ်။ ဒါပေမယ့် သားကိုယ်သား ဂိုးသွင်းတဲ့နေရာမှာ သိပ်မကျေနပ်ဘူးဆိုတာ ဖေဖေ သိတယ်။ ဘောလုံးကို ဘေးကန်ထုတ်လိုက်တာ ဖေဖေ တွေ့လိုက်တယ်။ ပိုကောင်းလာအောင် သားဘာလုပ်နိုင်တယ်ဆိုတာ ကြိုးစား ကြည့်ကြရအောင်။

(အပြု)
×မင်းညီမလေးနဲ့ ဘာ့ကြောင့် အခုလို ခဏခဏ ရန်တွေ ဖြစ်နေတာလဲ။ မင်း ညီမလေးကို မညှာဘူး။
(အပြု)
*ကစားစရာတွေကို သားက ညီမလေးနဲ့ အတူမျှဝေကစားနေတာ အရင်က မေမေတွေ့ပါတယ်။ အဲ့ဒိလို အတူတူမျှေ၀ ကစားတာ ရန်ဖြစ်တာထက် စိတ်ထဲမှာ ခံစားရာတာ ကောင်းတယ်မို့လား။ ညီးမလေးနဲ့ ကစားစရာတွေကို မျှဝေကစားတော့ သားစိတ်ထဲမှာ ဘယ်လိုခံစားရလဲ။

(အပြစ်)
×ရန်ဖြစ်တာရပ်လိုက်။ မင်းတို့ဟာ အမြဲရန်ဖြစ်နေတော့တာပဲ။ တစ်ခါတစ်လေတောင် သင့်သင့်မြတ်မြတ် မကစားနိုင်ကြဘူးလား။
(အပြု)
*သားက ညီလေးနဲ့ ရန်ဖြစ်နေတာကို မေမေကြားလိုက်တယ်။ အခုလိုအော်လိုက်၊ ငြင်းခုန်လိုက် မဖြစ်အောင် ဘာလိုလုပ်ရင် ကောင်းမယ်ထင်သလဲ။

#ကလေးစိတ်ပညာနှင့် ပညာရေး

အပိုင်း.1
https://www.facebook.com/100034646130954/posts/245789889919214/?app=fbl

အပိုင်း.2
https://www.facebook.com/100034646130954/posts/246428716521998/?app=fbl

အပိုင်း.3
https://m.facebook.com/story.php?story_fbid=294338751730994&id=100034646130954

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.