စျေး မီဒီယာ
အခြား

မေမေတို့အတွက် နို့သီးခေါင်းနာခြင်း၊ ကွဲအက်ခြင်းဆိုင်ရာ သိကောင်းစရာ

Posted by May Thaw Htoo September 1, 2022
T8ovbmhb4ucuilk6v2rh

မေမေတို့ရေ နို့တိုက်မိခင်တွေကြုံတွေ့ရတတ်တဲ့ မေမေတို့ရဲ့ နို့သီးခေါင်းနာခြင်း၊ ကွဲအက်ခြင်းတွေနဲ့ပတ်သက်လို့ ဘယ်လိုဖြေရှင်းနိုင်မယ်ဆိုတာတွေကို ပြန်ပြီးမျှဝေပေးမယ်နော်။ နို့သီးခေါင်းနာခြင်းနဲ့ ကွဲအက်ခြင်းဖြစ်ပွားရတဲ့ အကြောင်းအရာတွေကတော့ ...
- ကလေးအနေနဲ့ နို့သီးခေါင်းသက်သက်ကိုသာ စုပ်ယူနေခြင်း
- နို့သီးခေါင်းကို ဆပ်ပြာနဲ့ဆေးခြင်း ၊ အရက်ပျံသုတ်လိမ်းခြင်း
- နို့စို့နေသောကလေးအား မိခင်နို့မှအတင်းဆွဲယူဖယ်ပစ်ခြင်း
- နို့သီးခေါင်း၌ မက်ခရုပေါက်ခြင်း တွေကြောင့်ဖြစ်ပွားနိုင်ပါတယ်။
အချို့သောမိခင်တွေကတော့ နို့တိုက်ခါနီးမှာ နို့ကိုဆေးတတ်ကြပါတယ်။ အဲ့ဒီလိုဆေးကြောမယ်ဆိုရင်တော့ အသားပေါ်မှာရှိတဲ့ သဘာဝအဆီတွေကို နည်းပါးစေပြီး နို့သီးခေါင်းကွဲတာကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။ မိခင်နို့သီးခေါင်းနာတာကြောင့် ကလေးကို နို့မတိုက်ဘဲနေရင်လည်း နို့တင်းပြီး နောက်ဆက်တွဲပြဿနာတွေဖြစ်ပွားနိုင်ပါတယ် မေမေတို့ရေ။

I1mttnzit3uj52iknxpa

မေမေတို့ရေ နို့သီးခေါင်းနာနေတယ်ဆိုရင်တော့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းလေးတွေရှိပါတယ်။
- နို့တိုက်ပြီးချိန် နောက်ဆုံးညှစ်ထုတ်လိုက်တဲ့ နှောင်းပိုင်းနို့ရည်နဲ့ နို့သီးခေါင်းကို သုတ်လိမ့်ခဲ့ဖို့လိုပါတယ်။
- ကလေးကို မကြာခဏနို့စို့စေခြင်းနဲ့ နို့တင်းမှုကို ရှောင်ကြဉ်ရပါမယ်။
- နို့သီးခေါင်းခြောက်သွေ့လွယ်စေဖို့ နေရောင်ခြည်ပေးတာ၊ လေသလပ်စေတာတွေကို ပြုလုပ်ပေးရပါမယ်။
- မနာတဲ့နို့သီးခေါင်းကနေ ကလေးကို နို့စစို့ခိုင်းပြီး နာတဲ့ဘက်ကိုမတိုက်မီ နို့လိုက်လာစေဖို့အတွက် လက်နဲ့စတင်ညှစ်ပေးပြီးမှ ဆက်လက်စို့စေရပါမယ်။
- အနာသက်သာဆေးတွေလည်း သုံးနိုင်ပါတယ်နော်။

မေမေတို့ရေ အနေအထားမမှန်မှုတွေကြောင့် ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှုတွေအတွက် စိုးရိမ်မှုမရှိဘဲ နည်းလမ်းမှန်မှန်နဲ့သားသားမီးမီးတို့အတွက် နို့ရည်ဝဝတိုက်ကျွေးကြရအောင်လားနော်။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.