စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

ရင်သွေးငယ်လေးကို ခြင်ကိုက်ခြင်းမှ ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများ

Posted by Htoo Yan Aung November 29, 2020
Shdebboys75ia87kttpq

မွေးကင်းစကလေးတွေအတွက် ခြင်ကိုက်ခြင်းဟာ ဖျားနာခြင်းကို ဖြစ်စေပါတယ်။ အခြားသော သွေးလွန်တုပ်ကွေး ၊ ငှက်ဖျားစတဲ့ ရောဂါပိုးများလည်း သယ်လာနိုင်တာကြောင့် ခြင်ကိုက်မခံရအောင် မိဘများ အထူးဂရုစိုက်ပေးရမှာပါ။

အထိရောက်ဆုံး နည်းလမ်းကတော့ ရင်သွေးငယ်လေးကို လုံလုံခြုံခြုံ ဝတ်ဆင်ပေးဖို့ပါပဲ။ ခြင်ကိုက်နိုင်မယ့် အရေပြားနေရာလေးတွေကို လုံခြုံစေမယ့် ပေါ့ပေါ့ပါးပါး အဝတ်အစားလေးများ ရွေးချယ် ဝတ်ဆင်ပေးရပါမယ်။

အိမ်မှာ ခြင်လုံဇကာ တပ်ဆင်ထားခြင်း ၊ ကလေးငယ်ကို ခြင်ထောင်ဖြင့် စနစ်တကျ အိပ်စက်စေခြင်းတို့ဖြင့်လည်း ခြင်ကိုက်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။ ခြင်ဖျန်းဆေး ၊ ခြင်ဆေးခွေများကို အသုံးပြုမယ်ဆိုရင်တော့ ကလေးငယ်လေးနဲ့ ဝေးတဲ့နေရာမှာသာ အသုံးပြုသင့်ပါတယ်။

ခြင်ပေါက်ဖွားမှုမရှိစေရန် ခြင်ခိုအောင်းနိုင်မယ့် နေရာများကို ရှင်းလင်းခြင်း ၊ အိမ်ခန်းအတွင်း အလင်းအမှောင်ကို ချိန်ညှိခြင်း ၊ လေဝင်လေထွက်ကောင်းမွန်အောင် ပြုလုပ်ခြင်းတို့ဖြင့် သင့်ရင်သွေးငယ်လေးကို ခြင်ကိုက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

HYA (kyarlay)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.