ကလေးကိုလူကြီးလိုပြောဆိုဆက်ဆံသင့်သလား?(စာဖတ်ချိန် ၆ မိနစ်ခန့်)
ကလေးတွေကိုလူကြီးလိုနေရာပေးပြီးဆက်ဆံသင့်ပါတယ်။ ဘာကြောင့်လဲဆိုတာ "သီအိုရီ" နဲ့ "လက်တွေ့" ပေါင်းပြီးရှင်းပြချင်ပါတယ် သီအိုရီကိုမကြိုက်ဘူးဆိုရင်တော့ အင်္ဂလိပ်စကားပုံလေးတစ်ခုကိုပြောပြချင်ပါတယ်။ "သီအိုရီမပါတဲ့ လုပ်ဆောင်ချက်ဟာ ပဲ့ကိုင်မပါတဲ့လှေလိုပဲလိုရာခရီးမရောက်ဘူးတဲ့" ဥပမာကိုယ့်ကလေးမှာ ပေါ့ပေါ့ဆဆပြောဆိုနေထိုင်တက်တဲ့အကျင့်ရှိတယ် ဘယ်လောက်ပြောပြောမရဘူး။ ကြာလာတော့စိတ်မရှည်တော့ဘူးအော်မိတယ်၊ သူကပြန်ပြီးအော်တယ်၊ ကိုယ်ကမိုက်ရိုင်းတယ်ဆိုပြီးရိုက်တယ်၊ ဒီလိုနဲ့နှစ်တွေကြာလာတော့ ကလေးကအိမ်ပေါ်ကဆင်းတာတွေ၊ မိဘကိုပြန်ရန်ပြုတာတွေဖြစ်လာရော...ဒါမျိုးက သီအိုရီအခြေခံသဘောကိုမသိပဲဆုံးမတဲ့နည်းမမှန်လို့ လိုရာခရီးမရောက်တာဖြစ်တယ်။
☘️ TA သီအိုရီ
Transitional Analysis (TA) လို့ခေါ်တဲ့လူမှုဆက်ဆံရေးပညာရပ်သီအိုရီတစ်ခုကိုပြောပြချင်ပါတယ်။ နယ်သာလန်မှာအလုပ်လုပ်တုန်းကရုံးတွင်းဆက်ဆံရေးကောင်းမွန်အောင်ဆိုပြီး consultant တစ်ယောက်ကိုရုံးကဌားပြီး ဝန်ထမ်းတွေကိုသင်တန်းပေးတယ်.. အဲ့တုန်းကTA ကိုစသိခဲ့တာပါ။
အတိုချုံးပြောရရင်လူတွေဟာ ... ဓါတ်ပုံထဲမှာတွေ့ရတဲ့အတိုင်း
- Parent (မိဘဆန်သူ/ဆရာလုပ်သူ/ပွားသူ)
- Adult (အရွယ်ရောက်ပြီးသူ/ရင့်ကျက်သူ/အေးဆေးပဲ)
- Child (ကလေးဆန်သူ/မသိနားမလည်သူ/အပြိုင်ရန်ဖြစ်သူ) ဆိုတဲ့
ego stages (စိတ်အခံ) ၃ ခုနဲ့ပြောဆိုဆက်ဆံလေ့ရှိတယ်လို့ဆိုပါတယ်။
မိဘနဲ့ကလေးပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာအထက်အောက်ဆက်ဆံရေးပဲဖြစ်ဖြစ် အပေါ်စီးကပြောရင်အဆင်မပြေတာများပါတယ်။ တကယ်ဖြစ်သင့်တာက ၂ ဦးစလုံး ရင့်ကျက်သူ (adult) နေရာကနေအပြန်အလှန်လေးလေးစားစားဆက်ဆံပြောဆိုရမှာဖြစ်တယ်။
ဒါကြောင့်ကိုယ့်ကိုပြန်သုံးသပ်ကြည့်ပါ...ကလေးကိုကိုယ်ကဘယ်လိုပုံစံနဲ့ပြောဆိုဆက်ဆံလေ့ရှိသလဲ? မိဘနေရာကနေဆရာကြီးလေသံနဲ့ပြောနေရင်လျော့ရမယ်။ သူ့ကိုအရွယ်ရောက်ပြီးသားလူကြီးတယောက်လိုသဘောထားပြီးပုံမှန်ပြောဆိုဆက်ဆံရင်ပိုပြီးနားဝင်စေတဲ့အပြင် ကလေးဟာလည်းပိုပြီးရင့်ကျက်လာမှာဖြစ်ပါတယ်။
☘️ လက်တွေ့မှာဘယ်လိုသုံးလို့ရသလဲ?
မိဘတစ်ချို့ဟာကိုယ့်အမှားကိုကလေးကအတုယူမှားမှာစိုးလို့ (သို့) မိဘကိုလေးစားမှုမရှိတော့မှာစိုးလို့ ဖုံးကွယ်ထားလေ့ရှိပါတယ်။ နေရာ၊ ဒေသ၊ ချိန်ခါလိုက်ပြီး သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို အသက်အရွယ်အလိုက်သင်ခန်းစာယူတက်အောင်... ပါးပါးနပ်နပ်ပြောတက်ရင်တော့အကျိုးရှိပါတယ်။ လူကြီးလူကောင်းဆန်ဆန်၊ ရင့်ကျက်တဲ့ပြောဆိုမှုမျိုးဖြစ်ဖို့လိုပါတယ်။
တစ်ချို့ကတော့လင်မယားရန်ဖြစ်ရင် ကလေးအရှေ့မရှောင် ငယ်ကျိုး၊ ငယ်နာများကို စိတ်ဆိုးပြီးပြောလေ့ရှိပါတယ်။ ဒါမျိုးကတော့ကလေးကိုစိတ်ဒဏ်ရာသာရစေလို့လုံးဝမလုပ်သင့်ပါဘူး။ နောက်ပြီး "လက်ရှိ" ဖြစ်နေသောပြဿနာများ - ဥပမာ မိဘတစ်ယောက်ကအိမ်ထောင်ရေးဖေါက်ပြန်တာ၊ လောင်းကစားစွဲတာ၊ ငွေကြေးအဂတိလိုက်စားတာ ဒါတွေဟာကလေးတွေရဲ့ moral value ကိုထိခိုက်စေပြီး၊ သိရင်စိတ်ဒဏ်ရာပဲရစေပြီး ကောင်းစရာမရှိလို့ သူတို့အရွယ်မတိုင်ခင်မှာအသိမပေးသင့်ပါ။ လင်နဲ့မယားမသင့်မြတ်သော်လည်း ကလေးတွေကိုကာကွယ်ရမဲ့တာဝန် ၂ ယောက်စလုံးမှာရှိလို့ မိဘ ၂ ပါးလုံးကြိုတင်တိုင်ပင်သဘောတူချက်ယူထားဖို့လိုပါတယ်။
ကျွန်တော် (၈)တန်းတုန်းကမှားခဲ့ဖူးတဲ့အရာတစ်ခု (အင်္ကျီအိပ်ထဲကပိုက်ဆံလူကြီးမသိအောင်နှိုက်တာ) သား ၂ ယောက်ကိုပြီးခဲ့တဲ့အပတ်တုန်းက breakfast စားရင်းပြောပြခဲ့ဖူးတယ်။ သူတို့တော်တော်အံ့သြသွားတယ် သူတို့အထင်ကြီးလေးစားတဲ့အဖေဟာဒီလိုလုပ်ပါလားပေါ့။ သူတို့ကိုရှင်းပြတယ်ခုလိုပြောပြရတဲ့ ရည်ရွယ်ချက် (၂) ခုရှိတယ် တစ်ခုကဆယ်ကျော်သက်တွေဟာဦးနှောက်ဖွံဖြိုးမှုသဘောအရ ဆုံးဖြတ်ချက်အမှားလုပ်တက်တယ်ဆို့တဲ့ nuroscience သဘောကိုသိစေချင်တယ်။ နောက်ပြီးသားတို့လည်းအမှားလုပ်နိုင်တယ်ဆိုတာကိုသိစေချင်တယ်ဆိုပြီးဆုံးမတယ်။
သူတို့ဘယ်လိုတုန့်ပြန်သလဲ?
# ဒီနေ့ကျတော့ ၂တန်းအရွယ်သားငယ်လေးက... ဖေကြီးကိုကိုလိုမျိုး (၈)တန်းဘဝကိုပြန်သွားလို့ရရင် ဘာလုပ်မလဲဆိုပြီး... စိတ်ကူးရင်ဆန်ဆန်မေးခွန်းလာမေးတယ်။ ကိုယ်လည်းစဥ်းစားရင်းချက်ချင်းခေါင်းထဲမပေါ်တာနဲ့ သားဆိုရင်ကောဘာလုပ်မလဲဆိုပြီးခေတ်သစ်ကလေးထိန်းနည်းအတိုင်း သူ့အပေါ်ဦးနှောက်ကိုအလုပ်ပေးတဲ့မေးခွန်းပြန်မေးလိုက်တယ်။ သားဆိုရင်ဖေကြီးပိုက်ဆံခိုးတဲ့ကိစ္စကို fix (မခိုးအောင်) လုပ်မယ်ဆိုပြီးပြန်ပြောတယ်။ ကျွန်တော် အံ့သြသွားတယ်။ တဆက်တည်းမှာပဲ ကျွန်တော်ပေးချင်တဲ့ message သူရသွားတယ်ဆိုတာကျွန်တော်နားလည်လိုက်တယ်။ ဒါနဲ့သူ့အမေရော၊ အကိုရောခေါ်ပြီး သူဟာမှန်ကန်တဲ့အတွေးရှိတယ်ဆိုပြီး hi5 ရိုက်ပြီးဝိုင်းဂုဏ်ပြုလိုက်ကြတယ်။ ဒါကတော့ဖခင်တစ်ယောက်ရဲ့အမှားအပေါ်ကို ၂ တန်းအရွယ်သားငယ်တစ်ယောက်သင်ခန်းစာယူပြီးတုန့်ပြန်တဲ့ပုံစံ။
# ဒါနဲ့ (၈) တန်းအရွယ်သားကြီးဘယ်လိုစဥ်းစားသလဲသိချင်လို့... "ဖေကြီးသားအရွယ်တုန်းကပိုက်ဆံခိုးတယ်ဆိုတာပြောပြတော့ဘယ်လိုခံစားရသလဲလို့" မေးကြည့်တယ် ... အံ့သြတယ် ဒါပေမဲ့ ဆယ်ကျော်သက်တွေဟာ ဆုံးဖြတ်ချက်အမှားလုပ်တက်တယ်ဆိုတဲ့ TED Talk video ကိုကြည့်ထားပြီးသားဆိုတော့ shock တော့မရဘူးပါတဲ့။ ကိုယ်ကဆက်မေးတယ်... သားတို့ကိုဖေကြီးအမှားဆီကသင်ခန်းစာယူစေချင်တာကိုကော သေချာနားလည်ရဲ့လားဆိုတော့ ... No တဲ့ 😳
# Debate စပြီ... Why? ဆိုတော့... ဖေကြီးကဆယ်ကျော်သက်တွေဟာ decision အမှားလုပ်တက်တယ်ဆိုပြီးတော့ပဲပြောတယ် အဲ့ဒါဟာသိပြီးသားပဲလေ... ဘာထပ်ပြီးပြောစရာလိုလို့လဲဆိုပြီးထောက်ရော... အဲ့ဒါတွေပဲထပ်ပြောတော့ သူ့ကိုစိတ်အနှောက်အယှက်ဖြစ်စေတာပဲအဖတ်တင်တယ်တဲ့။ အဲ့ဒါနဲ့ခုလိုပွင့်ပွင့်လင်းလင်းပြောလို့ကျေးဇူးတင်တယ်။ ဖေကြီးထပ်ခါသလဲလဲပြောတဲ့နောက်ခံအကြောင်းအရင်းကိုကြည့်ရအောင်ဆိုပြီး... သားကသိတယ်ဆိုတဲ့ Knowledge အဆင့်ကနေ action "လက်တွေ့" လုပ်တဲ့အဆင့်မရောက်ဘူး (ဥပမာ လမ်းကိုအမေနဲ့ကူးမယ်လို့သဘောတူထားပြီးမှတယောက်တည်းကူးတဲ့ကိစ္စမျိုး) ဒါကြောင့်ထပ်ခါသလဲလဲပြောတဲ့ကိစ္စဖြစ်လာရတဲ့နောက်ကွယ်ကအကြောင်းအရင်းကို ခေတ်သစ်ကလေးထိန်းနည်းထဲကအတိုင်းကိုယ်စဥ်းစားတဲ့ပုံကိုသူသိအောင်ဆွေးနွေးတယ်။ ဘာပဲပြောပြော...ဖေကြီးကအကြိမ်ကြိမ်ပွားတဲ့အမှားကိုလုပ်တယ်၊ သားကသိတဲ့အဆင့်ကနေလက်တွေ့လုပ်တဲ့အဆင့်ကိုလည်းရောက်အောင်မသွားနိုင်ဘူး။ နိဂုံးချုပ်ရင်တော့ သားအဖ ၂ ယောက်လုံး stuck ဖြစ်နေတယ်ဆိုပြီးသုံးသပ်ကြတယ်။
# သားကြီးက တစ်ချို့နေရာတွေမှာ (ဥပမာ အိပ်ရာသိမ်းဖို့အမြဲပြောရတာ) စကားနားမထောင်ဘူးဆိုတာတမင်လုပ်တာမဟုတ်ဘူး သူ့ဖာသာဦးနှောက်ကမေ့နေတာ၊ သူကအဲ့ဒီအကျင့်ဆိုး (behaviour) ကိုဘယ်လိုပြင်ရမှန်းမသိတာလို့ဝန်ခံပြောဆိုဖူးတယ်။ သူနဲ့လူကြီးလိုသဘောထားပြီးစကားပြောခဲ့တဲ့အတွက် သူ့ရဲ့ကြုံတွေ့နေရတဲ့အခက်အခဲကိုကိုယ်ကနားလည်လာခဲ့တယ်။ မိဘဖြစ်တဲ့ကျွန်တော်တို့ကိုယ်တိုင်လည်းအားနည်းချက်ကိုစီရှိကြတာပဲမဟုတ်လား။
# ဒါဆိုဘယ်လိုရှေ့ဆက်ကြမှာလည်းဆိုတော့...ဖေကြီးယေဘုံယျဆန်တဲ့စကားလုံးတွေနဲ့ lecture မရိုက်ပါနဲ့တဲ့။ အိုကေ...ဒါဆို သားမှာပြုပြင်ပြောင်းလဲဖို့လိုတဲ့ အကျင့်ဆိုး ၁-၂ ခုကိုအရင်ဖေါ်ထုတ်ကြမယ်၊ ပြီးရင်အဲ့ဒါကိုပဲအာရုံစိုက်ပြီး အချိန်တခုယူပြီးကောင်းအောင်ပြုပြင်မယ်ဆိုရင် ကောင်းလားလို့မေးတော့ ... "It makes sense" ကောင်းသားပဲ သဘာဝကျတယ်ဆိုပြီးလိုလိုလားလားပြန်ပြောတယ်။
# ဒါနဲ့အမူအကျင့်တစ်ခုကိုပြင်ဖို့ ပျှမ်းမျှ ၆၆ ရက်ကြာပြီး အနည်းဆုံး ၁၈ ရက်ကနေ ၂၅၄ ရက်လောက်ထိကြာတက်တယ်ဆိုတော့ ခုချက်ချင်းလုပ်ဖို့မဖြစ်နိုင်ဘူး နောက်မှထပ်ဆွေးကြမယ်လို့သဘောတူလိုက်ကြတယ်။ ဒါပေမဲ့ဘာလုပ်ရမှန်းမသိဖြစ်နေတာကိုတော့လမ်းပြပေးမယ်ဆိုပြီး... Behaviour change သီအိုရီအရအမူအကျင့်တစ်ခုပြောင်းဖို့ "mindset (စိတ်)" "environment (ပတ်ဝန်းကျင်)" နဲ့ role (လွှမ်းမိုးသူ) ၃ခုကိုကိုင်တွယ်ဖြေရှင်းရတယ်ဆိုတာကိုပြောပြခဲ့တယ်။
ခုလိုလူကြီးတစ်ယောက်လိုနေရာပေးပြီးပြောဆိုဆွေးနွေးတဲ့ရလာဒ်ကတော့သူဘာလုပ်ရမှန်းမသိတဲ့အဆင့်ကနေ သူ့ရဲအခက်အခဲကို စနစ်တကျရှုမြင်တက်သွားပြီ...အကျင့်ဆိုးကိုပြင်မယ်ဆိုတဲ့ပူးပေါင်းဆောင်ရွက်မှုကိုရပါတယ်။ ချက်ချင်းအဖြေမရှိတဲ့ကိစ္စမို့လို့ ခုချက်ချင်းပြောင်းစမ်းလို့ပြောတာသဘာဝမကျပါဘူး။ ခုလို မိနစ် ၃၀လောက်ဆွေးနွေးလိုက်တဲ့အတွက် မိဘနဲ့သားသမီးရန်ဖြစ်ရတဲ့အခက်အခဲကိုကျော်လွှားနိုင်ခဲ့ပါတယ်။ ကလေးထိန်းခြင်းအနုပညာလို့ခေါ်ရလောက်အောင်... နက်နဲသိမ်မွေ့တဲ့သဘောတရားတွေကိုလက်တွေ့အကောင်အထည်ဖေါ်ရင်းအနာဂဏ်မြန်မာပြည်အတွက် EQ မြင့်တဲ့ကလေးတွေကိုပြုစုပျိုးထောင်ပေးရကြရအောင်နော်...
PS: ဓါတ်ပုံကိုနှိပ်ကြည့်မှ infographic အပြည့်မြင်ရမယ်နော်။
လွန်ခဲ့တဲ့ ၅ လလောက်ကတင်ခဲ့တဲ့ပို့စ်ပါ ပိုမြင်သာအောင် infographic လေးလုပ်ပြီပြန်တင်ပေးလိုက်ပါတယ်။
Share မယ်ဆိုရင်
https://www.facebook.com/829968605/posts/10159094884883606/?d=n
Sharing is caring!