
မေမေတို့ရေ လေယာဉ်စီးချိန် လေးနာရီထက် နဲလှျင် ခြေသလုံးကြွက်သားရှိ သေွးကြောထဲမှာ သေွးခဲခြင်းအတွက် စိတ်ပူစရာမရှိပါဘူး။ ဒါပေမယ့် လေယာဉ်စီးချိန်လေးနာရီထက် ကြာလွန်ခဲ့ရင် သေွးခဲခြင်းတေွ ဖြစ်နိုင်တာကြောင့် လေယာဉ်စီးရင် နာရီဝက်တစ်ခါ ခြေမျက်စေ့ကို ကော့လိုက်ကုတ်လိုက် လုပ်ကစားခြင်းတေွ လုပ်ပေးရပါမယ်နော်။
ဒီလိုလုပ်ခြင်းက ခြေသလုံးကြွက်သားလှုပ်ရှားမှုတေွနဲ့ သေွးတေွကို နှလုံးသို့ ပြန်တွန်းပို့ပေးတာပါ။ ခြေထောက်သေွးခဲခြင်းကို ကာကွယ်တဲ့ ခြေစွပ်မျိုးကို ၀တ်ဆင်ပါ။ သေွးခဲခြင်းမှ ကာကွယ်ပေးရန် အရည်များများသောက်ပေးပါ။လေယာဉ်ပေါ်တွင် လှုပ်ရှားမှုမှန်မှန် ပြုလုပ်ပေးပါ။
အဝတ်အစားတေွ ၀တ်တဲ့အခါမှာ လွတ်လွတ်လပ်လပ်ပေါ့ပါးသောအဝတ်အစားများသာဝတ်သွားပါ။သေွးကျဲခြင်းကို ဖြစ်နိုင်ခြေများပါက သေွးကျဲဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ပါလို့ ပြောပါရစေ..။ မေမေများ ပျော်ရွှင်ဖွယ်ရာ ခရီးလေးကို အန္တရာယ်ကင်းစွားသွားနိုင်ကြစေပါနော်..။
Ref;မေ့ရင်သေွး