ညအချိန် အိပ်စက်ရာမှာ နှာခေါင်းပိတ်လေ့ရှိတဲ့ ကလေးငယ်တွေဟာ များသောအားဖြင့် နိုးထလာလျှင် ချောင်းဆိုးခြင်းပိုများလာပြီး စိတ်တိုလွယ်လေ့ရှိပါတယ်။ ရင်သွေးငယ်လေး နှာခေါင်းပိတ်ခြင်းဟာ အုပ်ထိန်းသူများအတွက် ကိုင်တွယ်ရခက်ခဲစေနိုင်ပါတယ်။ ထိုသို့ဖြစ်ပေါ်တဲ့အခါ ပထမဦးစွာ သင့်ရင်သွေးလေး အေးဆေးတည်ငြိမ်စေဖို့ လုပ်ဆောင်ရမှာပါ။
သင့်ရင်သွေးကို ခေါင်းအုံးထူထူဖြင့် မအိပ်ပါစေနှင့်။ SIDS နဲ့ အသက်ရှူကြပ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ ရင်သွေးငယ်လေး အိပ်ပျော်နေချိန်မှာ တဖြောင့်တည်းထားပြီး သင့်အနေနဲ့ နိုးနိုးကြားကြား ရှိခြင်းက တစ်စုံတစ်ရာ ဖြစ်ပေါ်တဲ့အခါ အမြန်ဆုံး ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
နှာခေါင်းပိတ်ခြင်းဟာ အပူချိန်မြင့်မားတဲ့ ရာသီဥတုကြောင့် ပိုဖြစ်နိုင်သလို စီးကရက်ငွေ့များ ၊ မီးခိုးများ ၊ ဖုန်မှုန့်များ ရှူရှိုက်ရခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။
ဒါ့အပြင် လမစေ့ဘဲမီးဖွားခြင်း ၊ ကိုယ်ဝန်ဆောင်စဉ်က မိခင်မှာဆီးချိုရောဂါဖြစ်ခြင်း ၊ လိင်မှတဆင့် ကူးစက်တတ်သော ပိုးရှိသည့် မိခင်မှ မီးဖွားခြင်း စတဲ့ ကလေးများမှာ အများဆုံး တွေ့ရပါတယ်။
HYA (kyarlay)