စျေး မီဒီယာ

Posted by Htet Htet Kyaw August 26, 2020

ကိုယ်တိုင်လေ့လာ၊ဖတ်ရှု ပြီး လိုက်နာကျင့်သုံးနေသည့်
မွေးစကနေ ၆လအထိ ကလေးပြုစုပျိုးထောင်နည်းများ

၁- မွေးစ ကလေး အသားနုနုကလေးကို ပေါင်ဒါ သုံးပေးခြင်း ရှောင်ကြဉ်ပါ။ပေါင်ဒါမှုန့်များ ကလေးရဲ့ အသက်ရှုလမ်းကြောင်း အတွင်း ဝင်နိုင်သောကြောင့် အန္တရာယ်ရှိပါတယ်။မိမိကလေးကို မွှေးမွှေးလေး နဲ့ ချစ်စဖွယ် ဖြစ်စေချင်ရင်တော့baby powder lotion တွေ baby lotion တွေ နေရာတော်တော်များများ ဝယ်နိုင်ပါပြီ။ အနည်းဆုံး ကလေး၆လ အထက်မှသာ ပေါင်ဒါကို အသုံးပြုပေးပါ။တိုက်ရိုက်ကလေးကို လိမ်းပေးခြင်းထက် အကျီ င်္လေး ဝတ်ပေးပြီးမှ လည်ပင်းပေါက်ကနေ အသာအယာ ပေါင်ဒါလေး ဖြူးပေးရင် ပိုကောင်းပါတယ်။ပေါင်ဒါမှုန့်ကလေး နှာခေါင်းထဲ မဝင်စေချင်လို့ပါ။ကလေး တင်ပါးတစ်ဝိုက် ဒိုင်ဘာလောင်လျှင်(သို့) အပူလောင် သလို နီရဲ နေလျှင် ပေါင်ဒါ မသုံးပေးပါနဲ့။ပိုဆိုးပါတယ်။ အသားလောင်ပျောက်ဆေး Diaper cream (or) zinc oxide သုံးပေးပါ။

၂- အသက် ၆လ အောက် ကလေးငယ် လေးများကို ဘယ်လိုအခြေအနေ ဖြစ်နေပါစေ ရေတိုက်ရန်မလိုပါ။မိခင်နို့မှာ ရေဓါတ် ၁၀၀% ပါဝင်ပြီးသားပါ။၆လ အောက် ကလေး ရေမဆာတတ်ပါ။ရေ တိုက်လိုက်မှ သာ အန္တရာယ်ရှိနိုင်ပါတယ်။အသက် ၆လ မတိုင်ခင် ကလေးရဲ့ ကျောက်ကပ်ကလေးက ကောင်းစွာ အလုပ်မလုပ်နိုင်ပါ။ ရေတိုက်မိပါက ကျောက်ကပ်ထိခိုက်နိုင်ပါတယ်။ရေမသန့်တာဖြစ်ဖြစ် ဒါမှမဟုတ် ထည့်တဲ့ခွက် မသန့်တာများ ဖြစ်ပါကလည်း ကလေးငယ် ဝမ်းပျက်ဝမ်းလျော ဖြစ်စေနိုင်ပါတယ်။နို့ဘူးတိုက်တဲ့ ကလေးများ လည်း နို့ဖျော်ရာတွင် သတ်မှတ်ထားတဲ့ ရေပမာဏထက် မကျော်လွန်သင့်ပါ။

၃- ကလေးကို မွေးမွေးချင်း မှ စ၍ လိုအပ်တဲ့ ကာကွယ်ဆေးများ အသက်အရွယ် အလိုက် တိုကျကြှေး ခြင်း ဆေးထိုးပေးခြင်း မဖြစ်မနေ လုပ်ရပါမယ်။ဆရာဝန်များ ကျန်းမာရေး ဝန်ထမ်းများ ရဲ့ လမ်းညွှန်မှုအတိုင်း လိုက်နာပါ။ကလေး တစ်ဘဝ လုံးအတွက် အလွန် အရေးကြီးပါတယ်။ကလေး ကာကွယ်ဆေးမထိုးခင် biogesic ကို ၁နာရီ အတွင်း တိုက်ပေးထားပါ။ဆေးထိုးတဲ့ အချိန် ကလေးနာကျင်မှုသက်သာစေသလို ထိုးဆေးအရှိန်ကြောင့် ဖျားနာခြင်းလည်း အထိုက်အလျောက် ကာကွယ်ပေးပါတယ်။

၄- ကလေး အသက် ၆လ မပြည့်မချင်း ဖွညျ့စှကျစာကြှေးဖို့ မကြိုးစားပါနဲ့။၄၅ ရက် ပြည့်ရင် ထမငျးဇကာတိုကျကြှေးရတယျ ဆိုတဲ့ မဟာ့ မဟာ ပညာရှင်များ စကား နားမယောင်လိုက်ပါနဲ့။လုံးဝ မဟုတ်ပါ။ချွင်းချက် အခြေအနေတွေရှိပါတယ်။တချို့ကလေးငယ်များက ၄လ နှင့် အစာအိမ်က အစာကို တောင်းပါတယ်။ဒါမှမဟုတ် ကလေး တစ်ဦးနှင့် တစ်ဦး အခြေအနေမတူနိုင်သလို အာဟာရ လိုအပ်ချက်ခြင်း မတူတာကြောင့် လိုအပ်လျှင်ဆရာဝန်က ဖြည့်စွက်စာ စကြှေးဖို့ ပြောပါလိမ့်မယ်။မသေချာ မရေရာလျှင် ကလေးဆရာဝန်များဆီ အရောက်သွားပြီ မေးပါ။ကိုယ်ကိုယ်တိုင် ဒါမှမဟုတ် ဘေးက မဟာ့ မဟာပညာရှိ စကားများ အတိုင်း ဒေါက်တာရမ်းတုတ် မလုပ်ပါနဲ့။ကလေးက ကိုယ်ပြုသလို နုရတာပါ။ကလေး ခေါင်းထောင်နိုင်လျှင်၊အမှီကလေး နှင့် ထိုင်နိုင်စပြုနေလျှင်၊ လူကြီး အစာစားတာကို စိတ်ဝင်းစားပုံ ပြလျှင်၊ စားစရာမြင်တဲ့အခါ ပါးစပ်ပြင်ရင်၊နို့ ကို စို့ရတာ မဝသလို ထင်ရလျှင်၊ ကလေး အသက် ၆လ ဝန်းကျင်ရှိလျှင် စတဲ့ အချက်တွေ ယေဘုယျ ကြည့်ရပါမယ်။

၅- မွေးစကလေး ခေါင်းတုံး တုံးရန် လုံးဝ(လုံးဝ) မလိုပါ။ဖြစ်နိုင်ရင် ကလေးကို ၆လ အထိ မွေးဆံပင်အတိုင်းထားပေးပါ။မနေနိုင်လို့ တိုပေးချင်တယ်ဆိုရင် ကလေးသုံး စက်ကတ်ကြေးလေးတွေ သုံးပြီး ဆံပင်လေးတွေညှပ်ပေးပါ။ကလေး မဟာဂုရုများက ဝိုင်းဝန်းအကြံပြုကြပါလိမ့်မယ်(ကိုယ်တွေ့) ခေါင်းတုံးတုံးမှ ဆံပင်သန်ပါမယ်။မဟုတ်ရင် ဆံပင်ပါးမယ် နဖူး ပြောင်မယ်လို့ ပြောပါလိမ့်မယ်။တကယ်တော့ ဆေးပညာရှင်တွေ ပြောတာဖတ်ရသလောက် ခေါင်းတုံးတုံးခြင်းက ဆံပင်သန်ခြင်း မသန်ခြင်းနဲ့ ဘယ်လိုမှ မသက်ဆိုင်ပါ။တုံးတုံး မတုံးတုံး ထွက်လာရမယ့် ဆံပင် အရေအတွက် လျော့သွားခြင်း တိုးလာခြင်း လုံးဝမရှိပါဘူး။ဖြစ်နိုင်တာကတော့ မွေးဆံပင် အဖျားအနုလေးတွေကို ဖြတ်လိုက်တော့ အလယ်က နည်းနည်းကြမ်းတဲ့ ဆံပင်လေးတွေက ထူသယောင်မှတ်ယူကြတယ် လို့ ထင်ပါတယ်။ဒီလို ခေါင်းတုံးတုံးတဲ့နေရာမှာ ကြောက်စရာ အကောင်းဆုံးက ခေါင်းတုံး တုံးရာက ကလေးခေါင်းအသားအရေ နုနုနယ်နယ်ကို ဓါးထိမိပြီး မေးခိုင်ပိုး ဝင်နိုင်သလို အခန့်မသင့်ရင် အအေးပတ်နှာစေး ဖြစ်စေပါတယ်။အကယ်၍ ခေါင်းတုံးမိလို့ ကလေးခေါင်းမှာ အပူဖုလေးတွေလို အဖုဖုတွေ ဖြစ်လာရင် ပြောတတ်ပါတယ် မဟာပညာရှင်တွေက တွေ့ပလား ကလေးအခုမှ အပူတွေ ထွက်တာလို့ လုံးဝ မဟုတ်ပါဘူး ဒါစိတ်ပူစရာပါ ဆရာဝန်ဆီသာ ပြေးပါတော့။

၆- ဗမာတိုင်းရင်းဆေးများ ဖြစ်နိုင်တော့ ကလေးအတွက် မတိုက်စေချင်ပါ။များသောအားဖြင့် ဗမာဆေးက အမှုန့်တွေ ဖြစ်တာကြောင့် မှို အန္တရာယ် ရှိပါတယ်။တချို့ပါဝင်ပစ္စည်းများမှာ ကလေးအတွက် မကောင်းပါ။ကလေး သူငယ်နာဗမာဆေး မတိုက်လျှင် သူငယ်နာပါတတ်တယ်လို့ ဆိုပါတယ်။မှားပါတယ်။ဘယ်ရီ ဘယ်ရီရောဂါ အရပ်ခေါ်သူငယ်နာ ရောဂါက နို့တိုက်မိခင်က ကလေး လေနာမှာစိုးတယ် ဆိုတာနဲ့ အစားရှောင်ပြီး အသီးအရွက် မစား ပဲမစား အသားငါးအငန်များသာ စားတတ်သူများကြောင့် ကလေးက ဖြစ်တာပါ။ဗမာဆေး မတိုက်လို့ ဖြစ်တာ လုံးဝ မဟုတ်ပါ။ကျွန်မသား အသက် ၁၀လ ကျော်ပါပြီ ဆရာဝန် မညွှန်တဲ့ ဘာဆေးမှ ကျွန်မ မတိုက်ရဲခဲ့ပါ။ဗမာဆေးလည်းမတိုက်ဖူးပါ။သား ကျန်းကျန်းမာမာ ရှိပါတယ်။

၇- ကလေး ဝမ်းချုပ်လျှင် ရင်လူးဆေးလိမ်းပေးခြင်းက ထိထိရောက်ရောက် မသက်ဆိုင်ပါလို့ ဆေးဝါးသုတေသီ များကပြောပါတယ်။ကလေး ဝမ်းချုပ်ပါက ကလေးကို ပက်လက် အနေအထားနေစေပါ။ဗိုက်ကို အသာအယာ နှိပ်နယ်ပေးပါ။ခြေထောက်လေး ၂ချောင်းကို ကိုင်ပြီး စက်ဘီးနင်းသလို ပြုလုပ်ပေးပါ။ဒီလိုလေး တလှည့်စီ လုပ်ပေးပါ။ကလေး ငြိမ်နေအောင် မေမေက(ပြုလုပ်ပေးနေသူ) ကဗျာလေး ဖြစ်ဖြစ် ကလေး နှစ်သက်တဲ့ သီချင်းလေး ဆိုပြပေးပါ။ကလေး နဲ့လည်း နွေးထွေးစေလို့ နည်းလမ်းကောင်းလေးပါနော်။ဒါမှ အဆင်မပြေသေးဘူး ကလေး အီးအီးညှစ်ရခက်နေတယ်ဆိုရင်တော့ vaseline လေးကို နားကြပ်ဂွမ်းတံလေးမှာ အနည်းငယ်ယူပြီး ကလေး စအိုဝ လေးထဲကို အသာအယာ သုတ်လိမ်းပေးပါ။အဆင်ပြေသွားပါလိမ့်မယ်။

၈.ကလေး ရင်သားစူစူတွေကို လက်နဲ့ညှစ်တာ မျိူး လုံး၀ လုံး၀ မပြုလုပ်သင့်ပါ ။ မွေးကင်းစ ကလေးမှာ မိခင်ဟော်မုန်း အပြည့်၀ ရယူထားတဲ့အတွက် ရင်သားစူသလိုဖြစ်နေတတ်ပါတယ် ၄လကျော်ရင် အကောင်းတိုင်းချပ်ချပ်ရပ်ရပ် ဖြစ်သွားမှာပါ။ ကလေးဆိုတာ အလွန်နုနယ်တဲ့အရေပြားကို ပိုင်ဆိုင်ထားတာမို့ ညှစ်ရင် မချိမဆန့်နာကျင်မှာပါ။ ညှစ်တဲ့လက်မသန့်ရင် ပိုး၀င်ပြီး ခွဲစိတ်ရတဲ့အထိ အရေးကြီးပါတယ်

၉. မွေးကင်းစကလေး ခြေခွင်တယ်ဆိုပြီး ရေချိူးပြီးစ လက်နဲ့ အတင်းဖြောင့်တာမျိူး မလုပ်ရပါ ။ လမ်းမလျှောက်တတ်သေးလို့ ခြေထောက်အရိုးအနေအထားက ပုံမှန်မဖြစ်သေးလို့ ခွင်နေတာပါ လမ်းလျှောက်ကျင့်ရင်း ပူံမှန်(လုံး၀ပုံမှန်)ပြန်ဖြစ်သွားပါတယ်။

၁၀. နို့တိုက်မိခင် အစားအစုံစားပါ သားငါး ကြက်ဥ အိုဗာတင်း နွားနို့ ဟင်းသီးဟင်းရွက် ရာသီပေါ် (အမှည့်လွန်မဟုတ်)လတ်လတ်ဆတ်ဆတ် အသီးနှံ အကုန်စားသင့်ပါတယ်။လေနာမှာစိုးတဲ့အကြောင်းပြချက်နဲ့ ကြက်ကြော်တခုတည်းမစားသင့်ပါ ။ မြန်မာ နိုင်ငံမှာ မိခင်အစားရှောင် လို့ ဘီ၀မ်းချိူ့တဲ့ပြီး ဘယ်ရီဘယ်ရီ ဆုံဆို့နာ နဲ့ သေတဲ့၆ လအောက်ကလေးက၁၀၀မှာ ၁၅ ယောက်ပါတဲ့။လုံး၀ လုံး၀ အစားမရှောင်ရပါ။

၁၁ . ဆနွင်းကိုဆေးတပါးဖြငိ့သောက်ချင်လျှင်၁၅ရက်ကျော်မှ သောက်ပါ မလိမ်းရ ။ ကလေးငယ်မှာ ရက်၂၀ကျော်လျှင်မိခင်ကိုယ်နံ့ကိုမှတ်မိကာ စိတ်လုံခြုံမှု ယူတတ်ပါတယ်။ဆနွင်းနံ့က ကလေးအတွက်စိတ်အနှောင့်ယှက်ဖြစ်စေတယ်လို့ ကလေးပါရဂူ စာအုပ်တွင်မှတ်သားဖူးပါတယ်။

၁၂. နို့ထွက်နည်းသော မိခင်များ မမွေးခင် ကိုယ်၀န် ၆လက စလို့ နို့သွေး ကြောဖွင့်ပါ။ (နို့သန်လွန်းလို့ စိတ်တောင်ညစ်ယူရမှာပါ)အိပ်ရာ၀င်တိုင်း နို့ပတ်ပတ်လည်ကို လက်ထိပ်ဖွဖွဖြင့် လှည့်လည်ညင်သာစွာ နှိပ်နယ် ပေးပါ။ဖြညိးညှင်းစွာ လက်ချောင်းထိပ်ဖြင့် ပုတ်ပေးပါ။

မူရင်းရေးသားပြုစုသူမေမေများကိုလည်းလေးစားစွာ credit ပေးပါတယ်ရှင့်

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.