Kyarlay.com
over 1 year
ဖေဖေ၊ မေမေတို့ရေ သားသားမီးမီးတို့ရော၊ မိသားစုဝင်တွေအားလုံးရော ကျန်းမာပြီးရောဂါကင်းဝေးစေဖို့က အားလုံးအတူတူကာကွယ်စောင့်ရှောက်ကြရမှာမဟုတ်လား။ မိသားစုတွေအားလုံးအတွက် ကျန်းမာပြီး ရောဂါကင်းဝေးစေဖို့ အသည်းရောင်အသားဝါရောဂါပိုးတွေကူးစက်မခံရအောင် ကြိုတင်ကာကွယ်ထားနိုင်မယ့် နည်းလမ်းလေးတွေကို ကျားလေးကနေ မျှဝေပေးချင်ပါတယ်။
အသည်းရောင်အသားဝါ(ဘီ) ရောဂါပိုး ကူးစက်မခံရစေဖို့အတွက် ..
- အသည်းရောင်အသားဝါ (ဘီ) ပိုးကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံခြင်း
- ကလေးမွေးဖွားပြီး ၂၄ နာရီအတွင်း မွေးစကလေးအား အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေးထိုးနှံခြင်း
- လူတိုင်း အသည်းရောင်အသားဝါ ကာကွယ်ဆေး သုံးကြိမ်ထိုးနှံခြင်း
- သွေးမလှူမီ သွေးလှူရှင်အား HIV ၊ ဆစ်ဖလစ် ၊ အသည်းရောင်အသားဝါ (ဘီ) (စီ) ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်း စတာတွေကို ဂရုပြုရမှာဖြစ်ပါတယ်။
အသည်းရောင် အသားဝါ (စီ) ရောဂါပိုးကူးစက်မခံရအောင် ကာကွယ်ဖို့ဆိုရင်တော့ ..
- မလိုအပ်ဘဲ ဆေးထိုးခံခြင်းမှ ရှောင်ကြဉ်ခြင်း
- တစ်ခါသုံးဆေးထိုးအပ်များကိုသာ အသုံးပြုခြင်း
- လက်သန့်ရှင်းရေးနှင့် တကိုယ်ရေသန့်ရှင်းရေးကို အထူးအလေးထားဆောင်ရွက်ခြင်း
- သွေးမလှူမီ သွေးလှူရှင်အား HIV ၊ ဆစ်ဖလစ် ၊ အသည်းရောင်အသားဝါ (ဘီ) (စီ) ရှိ/မရှိ စစ်ဆေးခြင်း
- လိင်ဆက်ဆံတိုင်း ကွန်ဒုံးစနစ်တကျသုံးစွဲခြင်း
- သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်ဓားများကို မျှတသုံးစွဲခြင်းကနေ ရှောင်ကြဉ်ခြင်း စတဲ့အချက်တွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်နော်။ မိသားစုတွေအားလုံး ကျန်းမာပျော်ရွှင်ကြစေဖို့ ကျားလေးက ဆုမွန်ခြွေအပ်ပါတယ်။
Ref;HM (ကျားလေး)