ထမင်းဝါးကျွေးခြင်း
***************
ကလေးကို ထမင်းဝါးကျွေးခြင်းက ဟိုးရှေးရှေးက အစားကြိတ်စက် Blender များ၊ ထမင်းနှင့် အသားကို နူးအိစေသော ပေါင်းအိုးများ မပေါ်ခင်က မလွှဲသာမရှောင်သာလုပ်ခဲ့သော ဓလေ့တစ်ခုဖြစ်ပါသည်။
ကလေးကို ထမင်းဝါးကျွေးခြင်းဖြင့် ကူးစက်နိုင်သော ရောဂါပိုး မြောက်မြားစွာရှိပါသည်။ ဥပမာ တုပ်ကွေးရောဂါပိုး ရှေ့အပတ်က ကူးစက်ခံရသော မိခင်က ကိုယ်ခံအားကောင်း၍ ရောဂါလက္ခဏာမပြသော်လည်း ရောဂါပိုးက ကလေးကို တံတွေးမှ တဆင့် ကူးသောအခါ ကိုယ်ခံအား အပြည့်အဝ မဖွံ့ဖြိုးသေးသော ကလေးက နာမကျန်းဖြစ်နိုင်သည်။
တံတွေးမှ တဆင့် ကူးစက်နိုင်သော ရောဂါများမှာ
-သွားပိုးစားစေသော ဘက်တီးရီးယားများ
-အသည်းရောင် အသားဝါ ဘီ
-တုပ်ကွေး အပြင်းစား
-အအေးမိ နှာစေးပိုး
-အကြိတ်ရောင် ဗိုင်းရပ်စ်
-ရေယုန်
-ရေကျောက်
-ကြွက်နို့
မိခင် လက်မှ ကလေးသို့ ကူးစက်နိုင်သော ရောဂါများမှာ
-အသည်းရောင် အသားဝါ အေ
-ဝမ်းလျှောဝမ်းပျက်စေသောရောဂါပိုးများ
-သွေးဝမ်းသွားစေသော ပိုးများ
-တိုက်ဖွိုက်ရောဂါ
ဖြည့်စွက်စာကို နူးအောင် သန့်ရှင်းစွာ ချက်ပြုတ် ကြိတ်ချေပြီး ကျွေးခြင်းက ထမင်းဝါးကျွေးခြင်းထက် ကလေးကို အန္တရာယ်ကင်းဝေးစေပြီး မေမေတို့ကို စိတ်အေးစေပါလိမ့်မည်။
နေနေမိုးဆွေ (Child Health Myanmar)
Reference- South Australia Government Health, Better Health Channel, Victoria, Australia.
Photo Credit to Google Images
#naynaymoeswe