ကိုယ်ဝန်ဆောင်ချိန်မှာ သင်ကြိုက်နှစ်သက်ရာကိုပဲ ရေွးချယ်စားသောက်နေလို့မရပါဘူး။ သင်စားလိုက်တဲ့အရာတေွဟာ သင့်ကလေးငယ်ရဲ့ကျန်းမာရေးကို သက်ရောက်စေပါတယ်။ ဒါကြောင့် သင်နဲ့သင့်ကလေးရဲ့ကောင်းကျိုးကို ရေှးရှုပြီး ဘာကိုစားရမယ်ဆိုတာကို သေချာဂရုတစိုက်ဆုံးဖြတ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ သင်နဲ့ သင့်ကလေးရဲ့ကျန်းမာရေးကို အကျိုးပြုစေတဲ့ အစားအစာတေွကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။
၁။ ဥများ
---------
ဗီတာမင်၊သတ္တုဓာတ်တေွနဲ့ ပရိုတိန်းတေွရဲ့အရေးကြီးတဲ့အာဟာရရင်းမြစ်တေွထဲက တစ်ခုဖြစ်တဲ့ ဥတေွဟာ သင့်ကလေးရဲ့ဆဲလ်တေွဖွံ့ဖြိုးမှုကိုအားပေးပါတယ်။ ဆဲလ်တိုင်းက ပရိုတိန်းကနေဖြစ်လာတာမဟုတ်လား။ ဒါ့အပြင် ဥတေွမှာ ပြည့်ဝဆား(saturated salt)နည်းပါးစွာပါ၀င်ပြီး။ ကြီးထွားမှုအားလုံးကို လှုံ့ဆော်ပေးနိုင်တဲ့ choline များပြားစွာပါ၀င်ပါတယ်။ ဒါတင်မကပါဘူး။ choline ဟာ ဦးနေှာက်ကို ကာကွယ်ပေးပြီး အာရုံကြောချွတ်ယွင်းမှုတေွမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒါ့အပြင် ဦးနေှာက်နဲ့ အမြင်အာရုံကို ဖွံ့ဖြိုးစေနိုင်တဲ့ အိုမီဂါ ( ၃ )တေွပါ၀င်တဲ့ ဥအမျိုးမျိုးရှိနေပါသေးတယ်။ တံဆိပ်တေွကို သေချာကြည့်ပါ။ အထူးသဖြင့် DHA ပြည့်ဝစွာပါ၀င်တယ်လို့ တံဆိပ်မှာ ညွှန်းထားတဲ့ အမျိုးအစားကိုရေွးဝယ်ပါ။
၂။ အစေ့အဆံများ
-------------------
ဓာတုနည်းနဲ့ပြုပြင်ထားတဲ့ အနံှတေွနဲ့မတူဘဲ အစေ့အဆံ တေွဟာ ကာဘိုဟိုက်ဒရိတ်ပါ၀င်မှုနည်းပြီး အမှျင်ဓာတ်၊ ဗီတာမင် ဘီ၊ ဗီတာမင် အီး၊ ဆီလီနီယမ် နဲ့ Phytonutrients တေွှကွယ်ဝစွာပါ၀င်ပါတယ်။ ဒီ ဒြပ်ပေါင်းတေွဟာ ကြီးထွားမှုနဲ့ ဆဲလ်တေွကိုကာကွယ်ပေးတဲ့နေရာမှာ အရေးကြီးတဲ့အခန်းကဏ္ဍကပါ၀င်ပါတယ်။ ဒါ့အပြင် သူတို့အားလုံးကို ပုံမှန်ရောစပ်လိုက်တာက နှလုံးရောဂါ၊ ဆီးချိုအမျိုးအစား ၂၊ အဝလွန်ခြင်းနဲ့ အချို့သော ကင်ဆာအမျိုးအစားတေွလို နာတာရှည်ရောဂါတေွှဖစ်နိုင်ချေကို လေှျာ့ချပေးနိုင်ပါတယ်။
၃။ အဆီနည်းအသားများ
----------------------------
အသားတေွဟာ ပရိုတိန်း၊ ဗီတာမင် ဘီ ၁၂၊ သံဓာတ်စတာတေွရဲ့ တကယ့်အရင်းအမြစ်ပါပဲ။ ဒါပေမယ့် အသားဝယ်တဲ့အခါမှာ ၉၅ ရာခိုင်နှုန်း ကနေ ၉၈ ရာခိုင်နှုန်း ထိ အဆီကင်းတဲ့ အဆီထုတ်ထားတဲ့အသားတေွကိုဝယ်ယူဖို့တိုက်တွန်းထားပါတယ်။ အမဲသား၊ ၀က်သား၊ အမေွးရှည်နွားရိုင်းသား(ဥရောပနွားရိုင်းမျိုး၊ bison)၊ ဆိတ်သား၊ ကြက်သား၊ ဘဲသားအစရှိသည်များ၊ အဆီနည်းဝက်သား စတာတေွကို သားဖွားဆရာဝန်တေွက အများဆုံးညွှန်းတတ်ကြပါတယ်။
၄။ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ
------------------------------------------------
ဟင်းသီးဟင်းရွက်တေွမှာ ဗီတာမင် အေ၊ စီ နဲ ့ကေ တို့ကြွယ်ဝစွာပါ၀င်ပြီး အထူးအရေးကြီးတဲ့ ဖောလိတ် တေွပါ၀င်တာကလည်း မျက်စိကျန်းမာရေးအတွက် အကျိုးရှိတယ်လို့ဆိုကြပါတယ်။ ဒီလို ဟင်းသီးဟင်းရွက်အမျိုးအစားတေွထဲမျာတော့ ဟင်းနုနွယ်၊ ကိုက်လန် နဲ့အခြားသောအစိမ်းရောင်ဟင်းသီးဟင်းရွက်တေွပါ၀င်ပါတယ်။
၅။ ဂရိဒိန်ချဉ် (Greek yogurt)
--------------------------------
ကလေးငယ်ရဲ့အရိုးတေွကိုဖန်တီးပေးဖို့နဲ့ သင့်အရိုးတေွကို မပျက်စီးစေဖို့ ကယ်လ်ဆီယမ်က မရှိမဖြစ်လိုအပ်ပါတယ်။ ဒိန်ချဉ်တေွ၊ အထူးသဖြင့် ဂရိဒိန်ချဉ်မှာ ကယ်လ်ဆီယမ်ဓာတ်မြင့်မားစွာပါ၀င်ပါတယ်။ ဂရိဒိန်ချဉ်မှာ ကယ်လ်ဆီယမ်ကြွယ်ဝစွာပါ၀င်တာတင်မဟုတ်ဘဲ ပုံမှန်ဒိန်ချဉ်တေွထက် ပရိုတိန်းဓာတ် ၂ဆပါ၀င်ပါသေးတယ်။
#ဒေါက်တာ မျိုးထက်(ဆေး - ၁)
#ရှမ်းပုတ်(မိုမိုလေး)