စျေး မီဒီယာ

Posted by Aye Myat Noe August 24, 2020

ကလေးအစာမစားလျှင် - မိဘများမှ ဆောင်ရန်ရှောင်ရန်

၁၊ ကလေးအစားလျော့နိုင်တဲ့အကြောင်းရင်းများကိုပြန်လည် စစ်ဆေးပေးပါ။ လိုအပ်တာကို ပြုပြင်ပါ။ စမ်းသပ်စစ်ဆေးပါ။

👉နေမကောင်းခဏခဏဖြစ်သလား၊
👉ဆေးဝါးတွေအတိုက်များသလား၊ အထူးသဖြင့်ပိုးသတ်ဆေးတွေခဏခဏတိုက် သလား၊
👉 အချိုရည်တွေ၊ အာဟာရမဖြစ်တဲ့သွားရည်စာတွေ အရမ်းစားသောက်နေသလား၊
👉ကလေးစိုးရိမ်သောက၊ ပင်ပန်း၊ စိတ်ဓာတ် ကျလောက်တဲ့အခြေအနေတွေရှိသလား၊
👉 အိပ်ချိန်၊ ကစားချိန်၊ စားချိန် မမှန်ဖြစ်နေသလား၊
👉သွေးအားနည်းလက္ခဏာရှိသလား၊
👉သံမှန်မှန်ချဖြစ်သလား၊
👉ဝမ်းချုပ်တတ်သလား

၂၊ ကလေးမှာတခြားလက္ခဏာတွေရှိသလား?
ဥပမာ- အဖျားရက်ရှည်တာ၊ ချောင်းရက်ရှည် ဆိုးနေတာ၊ ခဏခဏအန်နေတာ၊ ခံတွင်းသန့်ရှင်းရေးမကောင်းတာ၊ ဆီးသွားရင် နာတာကျင်တာ။

ဒါတွေရှိရင် ဆရာဝန်ပြပါ။

၃၊ ကလေးရဲ့ကိုယ်အလေးချိန်ကိုပြန်လည်ဆန်းစစ်ပါ။ယခုလက်ရှိအလေးချိန်ထက်အရင်ကရှိခဲ့တဲ့အလေးချိန်နဲ့ပြန်ယှဉ်ကြည့်တာကပိုအရေးကြီးပါတယ်။

ကလေးရဲ့ကိုယ်အလေးချိန်ဟာတဖြည်းဖြည်းကျလာတယ်ဆိုရင်ဆရာဝန်နဲ့ပြသတိုင်ပင်ပါ။

👍 နံပါတ်နှစ်မှာဖော်ပြခဲ့တဲ့ လက္ခဏာမျိုးတွေလည်းမရှိဘူး။ကလေးပေါင်ချိန်လည်းကျမလာဘူးဆိုရင်မစိုးရိမ်ပါနဲ့။

၄၊ ကလေးအစားအသောက်ကျွေးပုံကျွေးနည်းများကိုပြန်လည်ဆန်းစစ်ပြီးတော့လိုအပ်သလိုပြုပြင်ကြည့်ပါ။ ဒီနေရာမှာကျွန်တော်ဟာအာဟာရပညာရှင်တစ်ယောက်မဟုတ်တဲ့အတွက်ယေဘူယျပဲအကြံပေးနိုင်ပါတယ်။

👉 ကျွေးတဲ့သူ
- စိတ်ရှည်ပါ။
- ကလေးကို မဆူပါနဲ့။
- ကျန်းမာရေးဗဟုသုတများ လေ့လာဆည်းပူးပါ။

👉 ပတ်ဝန်းကျင်
- ကလေးပျော်ရွှင်နှစ်ခြိုက်တဲ့ပတ်ဝန်းကျင် ဖြစ်ပါစေ။
- ထမင်းဝိုင်းမှာမိသားစုစုံစုံညီညီဝိုင်းထိုင် ခြင်းဟာလည်းကလေးအတွက်အများစားသလိုပိုစားချင်စိတ်ပေါက်လာနိုင်ပါတယ်။
- ကလေးကိုအာရုံပြောင်းစေတဲ့အရုပ်တွေ၊ ရုပ်ပုံစာအုပ်၊ တီဗွီစသည်တို့ကိုအဝေးမှာဖယ်ထားပြီးကလေးကိုထမင်းဟင်းကိုအာရုံစိုက်လာအောင်လုပ်ပေးကြည့်ပါ။
- ဒါပေမယ့်တချို့ကလေးကျတော့လည်းစိတ်ဝင်စားစရာပြပြီးကျွေးမှအစားဝင်တဲ့ကလေးမျိုးဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့အခြေအနေကြည့်ပြီးတော့အပြောင်းအလဲလုပ်ပါ။ ဖုန်း၊ YouTube တွေပြပြီး ကျွေးတာတော့ အားမပေးပါ။

👉 အစားအသောက်
- ကလေးကိုအစာကျွေးတိုင်း သူကြိုက်နှစ်သက်တာလေးတစ်ခုတော့အနည်းဆုံးပါပါစေ။
- အစားအသောက်တစ်မျိုးတည်းကိုရိုးမသွားအောင် အပြောင်းအလဲလေးပြုလုပ်ပေးပါ။
- ကလေးတွေဟာသွားရည်စာကိုကြိုက်ပါတယ်။ ဒါကြောင့် သွားရည်စာကိုကျွေးတဲ့အချိန်မှာအာဟာရဖြစ်စေမဲ့ သွားရည်စာမျိုးကို ကျွေးသင့်ပါတယ်။ဥပမာ- မြေပဲလှော်၊ မြန်မာမုန့် မျိုးစုံ၊ အသားညှပ်ပေါင်မုန့် စသည်ဖြင့်
- အာဟာရတစ်ခုဝင်စေချင်တယ်၊ ဒါပေမယ့်ကလေးကငြင်းမယ်ဆိုရင်ဒီအာဟာရကိုတခြားအစားအသောက်ပုံစံတစ်ခုနဲ့အစားထိုးပါ။ဥပမာနို့မသောက်တဲ့ကလေးအတွက် နို့ဆန်ပြုတ်လိုမျိုး၊ ဒိန်ချဉ်လိုမျိုးကျွေးလို့ရပါတယ်။
- သန့်ရှင်းလတ်ဆတ်စွာ ပြင်ဆင်ကျွေးမွေးဖို့အရေးကြီးပါတယ်။

👉 ကျွေးပုံကျွေးနည်း
- ကလေးကိုအနည်းဆုံး တစ်ကိုက်၊တစ်လုပ်၊ တစ်ဇွန်း မြည်းကြည့်ခိုင်းပါ။ သူ့ကိုကြိုတင်ကတိပေးထားပါ။မြည်းကြည့်၊ မကြိုက်ရင်မစားလို့ရတယ်လို့။
- ကလေးမကြိုက်မှန်းသိပေမဲ့လည်းခဏခဏပုံမှန်စားခိုင်းကြည့်ပါ။ကြာလာရင်သူစမ်းသပ်ကြည့်ချင်စိတ်ပေါ်လာနိုင်ပါတယ်။
- တဖက်ကလည်း အပေးအယူလုပ် ကြည့်ပါ။ဥပမာသူမကြိုက်တာတစ်ခုစားရင်သူကြိုက်တာတစ်ခုကျွေးမယ်ဆိုတာမျိုး။
- တစ်ခါတည်းအများကြီးကျွေးတာထက်စာရင် နည်းနည်းနဲ့ အကြိမ်များစွာကျွေးတာကလည်းပိုထိရောက်တတ်ပါတယ်။
- ကလေးမစားချင်တာကို အတင်းဆူပူပြီးတော့မကျွေးပါနဲ့။

👉 အချိန်
- မိမိကလေးရဲ့အနေအထားကိုကြည့်ပြီးတော့ နေ့လည်စာစားချိန်၊ ညစာစားချိန်၊ သွားရေစာကျွေးချိန် စသည်တို့ကိုသတ်သတ် မှတ်မှတ်ခွဲခြားပေးပါ။
- အဓိကအစာကျွေးချိန်၊ သို့မဟုတ် ကျွေးခါနီးအချိန်မှာ သွားရေစာကျွေးတာမျိုးမလုပ်ပါနဲ့။

ခြုံပြောရမယ်ဆိုရင်တော့ ကလေးဟာအစားအသောက်လျော့ပေမယ့် ပျော်ရွှင်လန်းဆန်းနေတယ်၊ ကျန်းမာတယ်၊ ကစားတယ်၊ ပေါင်ချိန်မကျဘူးဆိုရင် စိုးရိမ်စရာမရှိပါဘူး။

#KyawLinn_ကလေးကျန်းမာသိကောင်းစရာ

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.