
ခန္ဓာကိုယ်ထဲက အကြီးဆုံး ကိုယ်တွင်းအင်္ဂါဖြစ်တဲ့ အသည်းဟာ ကိုယ်ထဲက လုပ်ငန်းပေါင်း ၅၀၀ ခန့်ကို ပြုလုပ်ပေးလျက်ရှိပါတယ်။ သူက တစ်မိနစ် အတွင်း သွေးပေါင်း ၁.၄ လီတာကိုစစ် ထုတ်ပေးနိုင်ပါတယ်။
အသည်းမှာ များသောအားဖြင့် အဆီ အနည်းငယ်ရှိပါတယ်။ အသည်းရဲ့ အလေးချိန် ၅ မှ ၁၅% မှာ အဆီတွေရှိနေရင် အသည်း အဆီဖုန်းတယ်လို့ ခေါ်ဆိုနိုင်ပါတယ်။ အသည်းအဆီဖုံးတာကြောင့် ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာ မဖြစ်နိုင်ပေမယ့် တစ်ချို့မှာတော့ အသည်းကြီးလာ၊ ရောင်ရမ်းလာနိုင်ပြီးအသည်းပျက်စီးနိုင်ပါတယ်။ ဒါကြောင့် အသည်းမှာ အဆီဖုံးနေသူတွေက အောက်ဖော်ပြပါ အစားအစာတွေကို စားသုံးရပါမယ်။

၁။ ကြက်သွန်ဖြူ
-------------------
သူက ရောဂါ အတော်များများကို ကုသနိုင်တဲ့ အစွမ်းထက် ဆေးဖက်ဝင် အစားအစာပါ။ ပထမအချက်အနေနဲ့ သူမှာ ပါဝင်တဲ့ ဆီလီနီယမ်တွေက အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဒုတိယ အချက် ကတော့ သူရဲ့ အင်ဇိုင်းတွေက အသည်း အတွင်းမှာရှိတဲ့ အဆိပ်တွေကို ရှင်းထုတ်ပေးပါတယ်။ တတိယအနေနဲ့ အသည်းအဆီဖုံးနေသူတွေရဲ့ ခန္ဓာကိုယ်အလေးချိန် နဲ့ အဆီတွေကိုလျော့ချပေးနိုင်တယ်လို့ လေ့လာမှုအရသိရပါတယ်။

၂။ ကော်ဖီ
-----------
မနက်ခင်းမှာ ကော်ဖီကိုတော့ လူတိုင်းနီးပါး သောက်တတ်ကြပါတယ်။ သူက အသည်းအဆီဖုံးရောဂါ အတွက် အကောင်းဆုံးသော အစားအစာ တစ်မျိုးပါ။ သူက အရက်ကြောင့် မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါ မဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကော်ဖီမှာ ပါဝင်တဲ့ ကလိုရိုဂျီနစ်အက်စစ် ကရောင်ရမ်းမှုကို လျော့ချနိုင်ပြီး ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ နှစ်စဉ်ထုတ် အသည်းရောဂါဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကဖင်းက ကိုယ်တွင်းက ကိုလက်စတရောပမာဏကို လျော့ချပေးနိုင်ပြီး သွေးဖိအားကို ကျဆင်းစေနိုင်ပါတယ်။ အသည်းမှာ အဆီဖုံးနေသူတွေက Black coffee သောက်ရပါမယ်။ သကြားထည့်သောက်ရင် ကယ်လိုရီအပိုရရှိသွားနိုင်ပြီး ပိုလျှံတဲ့ ကယ်လိုရီ အားလုံးက အသည်းမှာ အဆီအဖြစ် စုပုံ သွားနိုင်တာကြောင့်ပါ။ တစ်နေ့ကို ကော်ဖီအပါအဝင် ကဖင်းပါတဲ့ ဖျော်ရည်တွေကို ၂-၃ ခွက်ထက် တော့ ပိုမသောက်ပါနဲ့။ ရင်တုန်တာ၊ အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။

၃။ အိုမီဂါ 3 ဖက်တီးအက်စစ်
-------------------------------
လေ့လာမှုတွေအရ သူ့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက အများကြီးရှိတယ်လို့ သိရပါတယ်။ သူက ရောင်ရမ်းမှု၊ အဝလွန်တာ၊ အင်ဆူလင်ခံနိုင်အား၊ သွေးဖိအားမြင့်တက်တာတွေကို ထိန်းချုပ်နိုင်ပြီး ကိုယ်တွင်းက မကောင်းတဲ့ အဆီပမာဏကို လျော့ကျစေနိုင်တာမို့ အသည်းအဆီဖုံးရောဂါ အတွက် အကောင်းဆုံးသော အစားအစာပါ။ ငါးသေတ္တာ၊ ဆလ်လမွန်၊ သစ်ကြားသီးနဲ့ ဂုဏ်လျှော်စေ့တွေမှာ အိုမီဂါ အဆီတွေ အများအပြားပါဝင် ပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ် အဆီကို အားဖြည့်ဆေး အနေနဲ့လည်း မှီဝဲနိုင်ပါတယ်။ လူတစ်ယောက်အတွက် နေ့စဉ် ၂၅၀- ၅၀၀ မီလီဂရမ်ကို ရရှိဖို့လိုအပ်ပါတယ်။

၄။ အစိမ်းရောင် ပန်းဂေါ်ဖီ
----------------------------
ဘရိုကိုလီလိုမျိုး ကရူးစီဖီးရပ်စ် အမျိုးနွယ်ဝင် ဟင်းသီးဟင်းရွက် တွေကလည်း အသည်းအဆီဖုံးနေသူတွေအတွက် အကောင်းဆုံး အစားအစာပါပဲ။ သူတို့မှာ အမျှင်ဓာတ်တွေ များစွာ ပါဝင်ပါတယ်။ဒီထဲမှာမှ ဘရိုကိုလီက ဓာတ်တိုးဆန့်ကျင်နိုင်ပြီးရအသည်းအင်ဇိုင်း ပမာဏကို များပြားစေနိုင်ပါတယ်။ ဒီအင်ဇိုင်းတွေက အသည်းမှ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသည်း မပျက်စီးအောင် ကာကွယ်ပေးပါတယ်။

၅။ လက်ဖက်ရည်
-------------------
သူ့ရဲ့ ဓာတ်တိုးဆန့်ကျင်နိုင်ပြီး အဆိပ်အတောက်ကို ပျက်ပြားစေတဲ့ ဂုဏ်သတ္တိတွေကြောင့် လက်ဖက်ရည် ကို နှစ်ပေါင်းများစွာ ကတည်းက ရောဂါ ကာကွယ်ရေးနဲ့ ကုသရေး အတွက် အသုံးပြုခဲ့ကြပါတယ်။ အသည်းအဆီဖုံးနေသူတွေအတွက် လက်ဖက်ရည်ကြမ်းက အကောင်းဆုံး အစားအသောက်ပါ။ သူက ခန္ဓာကိုယ် အဆီနဲ့ သွေးအတွင်းက အဆီတွေကို လျော့ချ ဖို့ ကူညီနိုင်ပါတယ်။
နေ့စဉ် လက်ဖက်ရည်ကြမ်း ၅-၁၀ ခွက် အထိသောက်ပေးပါ။
#ေဒါက္တာခင္မိုးမိုး
#ရှမ်းပုတ်(မိုမိုလေး)