စျေး မီဒီယာ

Posted by Aye Mya Nandar August 24, 2020

ကလေး အူစွပ်ခြင်း
****************
(၁) ဘယ်လိုဖြစ်?

အူက အစာခြေဖို့နှင့် အာဟာရစုပ်ယူဖို့ အမြဲလှုပ်ရှားနေသည်။ လှုပ်ရှားရင်း အပေါ်ပိုင်းက အောက်တစ်ပိုင်းထဲ ကျွံဝင်သွားသည်။ အများအားဖြင့် အူသိမ်နှင့် အူမကြီး ဆက်သောနေရာတွင် အသေးပိုင်းက အကြီးပိုင်းထဲ ကျွံသွားသည်။

(၂) ဘာကြောင့်ဖြစ်?

ဆေးပညာတွင် ဖြစ်ရသော အကြောင်းရင်းအမှန် ရှာမတွေ့သေးပါ။

(၃) ဘယ်သူတွေဖြစ်?

အသက် အရွယ်စုံ ဖြစ်နိုင်သည်။ ၂ လမှ ၂ နှစ် အဖြစ်များသည်။ ၅ လမှ ၉ လ အဖြစ်များဆုံးဖြစ်သည်။ ကလေး ၁၀၀၀ လျှင် ၁ ယောက်မှ ၄ ယောက်အထိဖြစ်သည်။ သားလေးများတွင် ပိုဖြစ်သည်။

(၄) ဘယ်အခါ သံသယရှိသင့်?

-ကလေးငယ်က ဗိုက်နာပုံပေါ်ပြီး ငိုလိုက်ရပ်လိုက်ဖြစ်သည်။
-၁ နာရီ ၂ ကြိမ် ၃ ကြိမ် ငိုပြီး ၁၂ နာရီ အတွင်း အကြိမ်ရေ တိုးလာသည်။
-ခြေထောက်ကလေးများကို ရင်ဘတ်သို့ ကုတ်ဆွဲတင်ပြီး ငိုသည်။
-မျက်နှာ ဖြူပတ်ဖြူရော်ဖြစ်ပြီး နုံးနေပုံပေါ်သည်။
(အခြားအကြောင်းများကြောင့် ငိုလျှင် မျက်နှာနီတတ်သည်။)***
-ဝမ်းလျှောသည် (သွေးနှင့် အချွဲနည်းနည်းပါပြီး ဂျယ်လီလို ဖြစ်လာသည်။)
-အစိမ်းရောင်အရည် အန်လျှင် အခြေအနေဆိုးပြီ။

(၅) ဘယ်လိုကာကွယ်?

-ဘာကြောင့်ဖြစ်မှန်းမရေရာ၍ မဖြစ်အောင် ကာကွယ်ဖို့ နည်းလမ်း မသေချာပါ။ ကလေး အသက် အန္တရာယ်မဖြစ်အောင် ကာကွယ်ဖို့က ကလေး ပုံမှန်ထက် ငိုလျှင် ငိုသော အကြောင်းရင်း ရှာဖွေပါ။ ဝမ်းထဲ သွေးပါလျှင် ဆေးမြီးတိုနှင့် မကုဘဲ၊ အချိန်မဆွဲဘဲ နီးစပ်ရာ ဆေးရုံ ခေါ်သွားပါ။ အချိန်နှောင်းလျှင် အူပုပ်ပြီး အူတွင်းမှ ပိုးမွှားများ တကိုယ်လုံးပြန့်နိုင်၍ အသက်အန္တရာယ်ရှိပါသည်။

#နေနေမိုးဆွေ ( Child Health Myanmar Page)
Reference; Royal Children Hospital- Clinical Practice Guidelines
Photo Credits to Google
#naynaymoeswe

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.