စျေး မီဒီယာ
သုံးနှစ်အထက်

ကလေးတေွကို ဘယ်အချိန်မှာ သွားစတိုက်ပေးသင့်သလဲ

Posted by Zaw Lin Aung August 24, 2020
Smghmw0nlk9ezguhzlmc

ကြ်န္ေတာ္တို႔သားသမီးလေးတွေ သွားစပေါက်တဲ့အချိန်ကစပြီး သေချာဂရုစိုက်ပေးပါမှ အရွယ်ရောက်လာတဲ့အခါ လှပပြီး ကျန်းမာတဲ့ ပုလဲသွယ်သွားလေးတွေကို သူတို့ ပိုင်ဆိုင်ကြမှာပါ။ ဒါကြောင့် ကလေးတွေရဲ့ သွားကျန်းမာရေးအတွက် ငယ်ငယ်လေးကတည်းက ဘယ်လိုဂရုစိုက်ပေးသင့်လဲဆိုတာကို ဘိုင်အိုဂျက်ဆစ်က ပြုလုပ်တဲ့ ဒေါက်တာဝေယံစိုး(သွားနဲ့ခံတွင်းဆရာဝန်၊ 3M Dental Clinic)နဲ့ ဆွေးနွေးထားတဲ့ "မေမေတို့အတွက် အွန်လိုင်းပေါ်မှ ဆွေးနွေးပွဲ"ကနေ ပြန်လည် ကောက်နုတ် ရေးသားဖော်ပြပေးလိုက်ပါတယ်။

U7xsplvi5lr7dmtkrygi

ကလေးတွေက ဘယ်အရွယ်မှာ သွားစပေါက်ပြီး ဘယ်အရွယ်မှာ သွားတွေ စုံပါသလဲ ဆရာ
--------------------------------------------------------------------------------------------

ကလေးတွေက ခြောက်လအရွယ် မှာ သွားစပေါက်ပါတယ်။ ရှေ့သွားတွေ အရင်စပေါက်တယ်။ အသက် ၃ နှစ်မှာ ကလေးသွားတွေ စုံပါတယ်။ လူကြီးသွား စပေါက်တဲ့အချိန်မှာ ငယ်သွားလဲပါတယ်။ လူကြီးသွားတွေက ကလေးအသက် ခြောက်နှစ်လောက်မှာ စပေါက်ပြီး အသက် ၁၃ နှစ်မှာ လူကြီးသွားတွေ စုံပါတယ်။

လူကြီးသွားလဲမှာပဲမို့ ငယ်သွားတွေက သိပ်အရေးမကြီးဘူးဆိုပြီး မိဘတွေက ပြောတတ် ကြပါတယ်။ အဲဒီအယူအဆနဲ့ ပတ်သက်ပြီး မှန်၊ မမှန် ရှင်းပြပေးပါ ဆရာ
--------------------------------------------------------------------------------------------------------------------------------------------------------------------

ကလေးတွေ ငယ်သွားလဲတာက အသက်အရွယ်အားဖြင့် ၆-၇ နှစ်မှာ လဲပါတယ်။ ငယ်သွားမလဲခင်မှာ ကလေးသွား ပိုးစားတာ ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ ငယ်သွားတွေ စောစောစီးစီး ဆုံးရှုံးသွားတာကြောင့် ပြဿနာတွေ ရှိနိုင်ပါတယ်။ ဘယ်လိုပြဿနာတွေလဲဆိုရင် ကလေးသွားဆုံးရှုံးသွားတဲ့အတွက် လူကြီးသွားပေါက်ရင် မညီမညာဖြစ်တာ၊ လိမ်ပြီးပေါက်တာ၊ စောင်းပြီးပေါက်တာတွေ ဖြစ်တတ်ပါတယ်။

V0z7qegwitqdcbzcg9pk

နောက်တစ်ခုက ကလေးသွား ပထမဆုံး စထွက်လာတဲ့အချိန်မှာ အစားအသောက်စားဖို့ အရေးကြီးတယ်။ ကလေးက အစာအာဟာရပြည့်စုံမှသာ ဉာဏ်ရည်ဖွံ့ဖြိုးမယ်၊ ကျောင်းတက်တဲ့အခါ အဆင်ပြေမယ်၊ နောက်ပြီး ငယ်သွားတွေက ကြီးသွားတွေ ပေါက်ဖို့အတွက် နေရာဖန်တီးပေးရတယ်။ ဒါမှသာ ငယ်သွားလေးတွေနေရာမှာ ကြီးသွားတွေ ဝင်လာမှာ ဖြစ်ပါတယ်။ ငယ်သွားတွေ အစောဆုံး နုတ်လိုက်ရတယ်ဆိုရင် ကြီးသွားတွေ ပေါက်လာချိန်မှာ အဆင်မပြေဖြစ်နိုင်ပါ တယ်။ ကြီးသွားပေါက်တာ နှေးတာ၊ ဘေးကသွားတွေ ရွေ့လာတာမျိုး ဖြစ်နိုင်ပါ တယ်။ ငယ်သွားရဲ့ ရှေ့သွားတွေ နုတ် လိုက်ရတယ်ဆိုရင် နောက်က အံသွားတွေ က ရှေ့ကိုရွေ့လာပြီး ကြီးသွားပေါက်ဖို့ နေရာမရှိတော့တာမျိုး ဖြစ်တတ်ပါတယ်။
နောက်တစ်ခုက ငယ်သွားလေးတွေက ကလေးရဲ့မေးရိုးဖွံ့ဖြိုးမှုအတွက်လည်း အရေးကြီးပါတယ်။ မျက်နှာအနေအ ထား တစ်ယောက်နဲ့တစ်ယောက် မတူကြ ပါဘူး။ တချို့က မေးရိုးအပြင်ထွက်နေ တာရှိတယ်၊ တချို့က မေးရိုးလှလှလေး ပေါက်တဲ့လူလည်းရှိတယ်၊ ဒါက ကလေး သွားနဲ့ အများကြီးဆိုင်ပါတယ်။ ကလေး သွားတွေ စောစောစီးစီး ဆုံးရှုံးသွားရင် ဖွံ့ဖြိုးမှုနောက်ကျပြီး မေးရိုးတိုတာ၊ လူ ကြီးသွားပေါက်တဲ့အခါ မလှတာမျိုးဖြစ် တတ်ပါတယ်။ ဒါကြောင့် ကလေးသွား တွေက အရမ်းကို အရေးကြီးပါတယ်။

Josty1ecimwghiezk9hb

သွားစပေါက်တဲ့အခါ ဘယ်လိုလက္ခဏာ မျိုးတွေ ဖြစ်တတ်ပါသလဲ။ မေမေတွေ သတိမထားမိတာ မျိုး ဖြစ်တတ်ပါသလား။
-----------------------------------------------------------------------------------------------------------------------------

ကလေးတွေမှာ သွားစပေါက်တဲ့အ ခါ လက္ခဏာ အမျိုးမျိုးတွေ့ရတတ်ပါ တယ်။ ဒါပေမဲ့ ကလေးတစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့။ ဖြစ်နေ ကျ လက္ခဏာတွေကတော့ ကလေးမှာ သွားစပေါက်ပြီဆိုရင် သွားဖုံးကနေ ထွက်လာရမှာဖြစ်ပါတယ်။ ကလေးအတွက် က ပထမဆုံး အတွေ့အကြုံတစ်ခုပါ။ ဒီလို သွားစထွက်လာတဲ့အတွက် သူတို့ မှာ နေရထိုင်ရ နည်းနည်းခက်ပါတယ်။ ဒါကို လျှာနဲ့ထိုးတဲ့အတွက် လျှာမှာ အနာ ဖြစ်တာ၊ ပုံမှန်ထက်ပိုပြီး သွားရည်ကျ လာတာ၊ သွားဖုံးယားလာတာ၊ တချို့ ကလေးတွေမှာ သွားပေါက်တဲ့အတွက် အဖျားနည်းနည်းတက်လာတာမျိုး ဖြစ် တတ်ပါတယ်။

Ty5jlon0nzyvvqwe34cp

သွားပေါက်တာကြောင့် ကလေးဖျားတဲ့အခါ အိမ်မှာပဲ ဆေးတိုက်သင့်သလား၊ ဆရာဝန်နဲ့ ပြသဖို့ လိုပါသလား။
----------------------------------------------------------------------------------------------------------------

ဆေးခန်းလာဖို့ ခက်ခဲတဲ့နေရာတွေ မှာ ကလေးဖျားတယ်ဆိုရင် ကလေးအ တွက် ဆေးတိုက်လို့ ရပါတယ်။ ဆေးပမာ ဏကိုတော့ လျှော့တိုက်ရပါမယ်။ ပါရာစီ တမောပါတဲ့ ကိုယ်ပူကျဆေးတွေ တိုက် လို့ ရပါတယ်။ အရသာမျိုးစုံနဲ့ထုတ်ထား တဲ့ ပါရာစီတမောပါတဲ့ ကိုယ်ပူကျဆေး ရည်တွေကို တိုက်လို့ရပါတယ်။ ကလေး က ဆေးမသောက်ချင်ဘူးဆိုရင် ကိုယ်ပူ ကျ ကပ်ခွာလေးတွေ ကပ်ပေးလို့လည်း ရပါတယ်။ ပုံမှန်ဆိုရင်တော့ ကလေး သွား စပေါက်လာတဲ့ ခြောက်လ၊ တစ် နှစ်ဝန်းကျင်ကစပြီး သွားဆရာဝန်နဲ့ ပြ သင့်ပါတယ်။ အများစုက ကလေးသွား ကိုက်ပြီး နောက်ဆုံးအဆင့်ရောက်မှသာ သွားဆေးခန်းတွေကို ရောက်လာကြတာ များပါတယ်။ နိုင်ငံတကာမှာဆိုရင် ကလေး သွားစပေါက်တဲ့ ခြောက်လမှာ သွားဆေးခန်းကို မလာခိုင်းသေးဘူး၊ ကလေးအသက် တစ်နှစ်ပြည့်တဲ့အချိန်မှာ ဆေးခန်းကို တစ်ကြိမ်လာပြခိုင်းတယ်။ အဲဒီအချိန်မှာ ကလေးသွားက သွားပိုး စားတာတွေ မရှိသေးဘူး။ ဆရာဝန်နဲ့ ရင်းနှီးသွားအောင် ပြသတာမျိုးပါ။ နောက် တစ်ခေါက် ဆေးခန်းလာပြတဲ့အခါ က လေးနဲ့ ဆရာဝန်ရဲ့ နွေးနွေးထွေးထွေး ဆက်ဆံရေးကို ရရှိသွားမှာ ဖြစ်ပါတယ်။ ဒါမှသာ ကလေးက သွားဆေးခန်းသွား မယ်ဆိုရင် မကြောက်တော့မှာဖြစ်ပါတယ်။

ကလေးက သွားစပေါက်ရင် လျှာနဲ့ထိုးတာမျိုး လုပ်တယ်လို့ ဆရာရှေ့မှာ ပြောခဲ့ပါတယ်။ အဲဒီ လိုလုပ်တာက သွားခေါတာနဲ့ကော ဆိုင်ပါ သလား ဆရာ
---------------------------------------------------------------------------------------------------------------------------------------------------------

သွား စစ ပေါက်တဲ့အချိန်မှာ ခဏ လုပ်တာနဲ့တော့ မဆိုင်ပါဘူး။ သွားခေါ တာ၊ သွားငုပ်တာမျိုးတွေက လူကြီးသွား လဲတဲ့အချိန်အထိ အကျင့်နဲ့ဆိုင်ပါတယ်။ တချို့ကလေးတွေက လက်မစုပ်တာရှိ တယ်၊ တချို့ကလေးတွေက လျှာနဲ့ထိုး တာရှိတယ်၊ ဒီအကျင့်က လူကြီးသွား ပေါက်တဲ့အချိန် အသက် ၆-၇ နှစ်အထိ ပါလာမယ်ဆိုရင်တော့ သွားခေါတာ၊ သွားငုပ်တာတွေ ဖြစ်တတ်ပါတယ်။ တချို့ကလေးတွေဆို အသက် ၁၀ နှစ် လောက်အထိ အကျင့်ပါနေတာမျိုးတွေ တွေ့ရတတ်ပါတယ်။ အဲဒီလိုဆိုရင်တော့ သွားခေါတာ၊ သွားငုပ်တာအပြင် သွား တွေ လိမ်တာ၊ မညီမညာဖြစ်တာတွေ ဖြစ်တတ်ပါတယ်။

At8vscdfv2y1xacde71f

ကလေးတွေကို ဘယ်အချိန်မှာ သွားစတိုက် ပေးသင့်ပါသလဲ ဆရာ
---------------------------------------------------------------------

ကလေးရဲ့ အသက်အရွယ်ပေါ်မူ တည်ပြီးတော့ သွားတိုက်ပေးတာ မတူဘူးပေါ့။ တကယ်တော့ ကလေးသွားမ ပေါက်ခင်ကတည်းက သွားတိုက်တာကို စလုပ်ပေးရပါမယ်။ ကလေးအသက် ခြောက်လမှာ သွားစပေါက်တယ်လို့ ကျွန် တော်ပြောခဲ့ပါတယ်။ အဲဒီခြောက်လ မတိုင်ခင်ကတည်းက သွားတိုက်တာကို စလုပ်ပေးရပါမယ်။ အဲဒီလိုသွားတိုက်ပေး ဖို့အတွက် နှစ်ခုလိုပါတယ်။ တစ်ခုက ရေ သန့်နဲ့ ဂွမ်းစဖြစ်ဖြစ်၊ နူးညံ့တဲ့ အဝတ်စ ဖြစ်ဖြစ် လိုပါတယ်။ ဂွမ်းစ ဒါမှမဟုတ် အဝတ်စကို လူကြီးရဲ့လက်ချောင်းမှာ ပတ်ပြီး ကလေး ရဲ့ သွားဖုံးပတ်ပတ်လည်၊ သွားဖုံးနဲ့ပါးကြား၊ အစာဝင်တဲ့ နေရာတွေ ကို သန့်ရှင်းရေး လုပ်ပေးရပါမယ်။ ဒီလို မလုပ်ဘူးဆိုရင် တချို့ကလေးတွေရဲ့ လျှာနဲ့ နှုတ်ခမ်းမှာ အဖြူအဖတ်လေးတွေ ဖြစ်တာ မြင်ဖူးမှာပါ။ အဲဒီလိုပြဿနာလေး တွေ ဖြစ်တတ်ပါတယ်။ ဒါက ခြောက်လ မတိုင်ခင် လုပ်ပေးရမှာပါ။
ပုံမှန်သွားတိုက်ပေးတာကတော့ အ သက် တစ်နှစ်ကနေ သုံးနှစ်အတွင်းမှာ သွားစတိုက်လို့ရပါပြီ။ တချို့မိဘတွေ စိုး ရိမ်တာက သွားတိုက်ဆေးထဲမှာပါတဲ့ ဖလိုရိုက်ကို ကလေးက မျိုချမိတဲ့အခါ စိုးရိမ်တတ်ကြပါတယ်။ ဒါက တကယ် လည်း အဆိပ်အတောက်ဖြစ်ပါတယ်။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးတွေကို ပုံမှန်သုံးတာထက်ပိုပြီး မျိုချမိရင် အသက် အန္တရာယ်ရှိပါတယ်။ ဆေးရုံတက်ရတဲ့အထိ ဖြစ်တတ်ပါတယ်။ အသက် တစ်နှစ် ကနေ သုံးနှစ်အတွင်း ကလေးတွေမှာ သွားတိုက်ဆေးတွေ သုံးတော့မယ်ဆိုရင် သုံးတဲ့ပမာဏက အရမ်းအရေးကြီးပါ တယ်။ အသက်တစ်နှစ်ကနေ သုံးနှစ်အ ရွယ်ကလေးတွေမှာ သွားတိုက်ဆေးသုံး မယ်ဆိုရင် ဆန်စေ့အရွယ်လောက်ပဲ သုံးရမယ်၊ အသက်သုံးနှစ်ကနေ ခြောက် နှစ်အရွယ် ကလေးတွေမှာတော့ ပဲစေ့ အရွယ်လောက်ပဲ သုံးရမယ်၊ အသက် ၁၂ နှစ် အထက်ရောက်တော့မှ သွား တိုက်တံအပြည့် ထည့်သုံးရပါမယ်။
သွားတိုက်ဆေး ရွေးချယ်တာက လည်း အရေးကြီးပါတယ်။ အခုနောက် ပိုင်း ကလေးတွေအတွက်ထုတ်ထားတဲ့ သွားတိုက်ဆေးတွေမှာ ဖလိုရိုက်ပါဝင်မှု ပေါ် မူတည်ပြီး သုံးမျိုးရှိပါတယ်။ တချို့ သွားတိုက်ဆေးတွေက ၅၀၀ မီလီဂရမ် ပါတယ်၊ တချို့သွားတိုက်ဆေးတွေက ၁၀၀၀ နဲ့ ၁၂၀၀ ကြားပါတယ်၊ တချို့ သွားတိုက်ဆေးတွေက ၁၂၀၀ နဲ့အထက် ပါတယ်။ ကလေးတွေအတွက်ဆိုရင် ဖလိုရိုက်ပါဝင်မှု နည်းတာပဲ သုံးသင့်ပါ တယ်။ ကလေးတွေက သွားတိုက်ဆေး တွေ မျိုချမိတဲ့အခါ အန္တရာယ်ဖြစ်နိုင်တာ ကြောင့်ပါ။ နောက်တစ်ခုက Fluorosis လို့ခေါ်တဲ့ လူကြီးသွားပေါက်တဲ့အခါ သွားမှာ အပျောက်အပျောက်လေးတွေ ဖြစ်တာကိုလည်း ရှောင်ရှားနိုင်မှာ ဖြစ်ပါ တယ်။ ဒါကြောင့် ကလေးတွေကို သွား တိုက်ဆေးနဲ့ ပတ်သက်ပြီး စနစ်တကျ အသုံးပြုနိုင်အောင် လုပ်ပေးဖို့လိုပါတယ်။
#ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်) ပြန်လည်ကောက်နုတ်ရေးသားထားပါသည္။
#ရှမ်းပုတ်(မိုမိုလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.