စျေး မီဒီယာ

Posted by Eaint Eaint May May August 23, 2020



🍼မိခင်နို့ရည်ဆိုတာ
မိခင်နို့ရည်ဆိုတာ မိခင်သွေးကတဆင့် ဖြစ်လာတာပါ မိခင်နို့ရည်မှာ ကလေးအတွက် ပြီးပြည့်စုံတဲ့ အာဟာရနဲ့ ရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေ ဘက်တီးရီးယားတွေကို ခုခံကာကွယ်နိုင်စွမ်းရှိတဲ့ ပဋိပစ္စည်းတွေ ပါဝင်ပါတယ် ကလေးအတွက် လိုအပ်တဲ့ ပရိုတင်း၊ အဆီဓာတ်၊ ဗီတာမင်ဓာတ်များ နဲ့ ကာဘိုဟိုက်ဒရိုတ်တို့က အလွန်ကောင်းတဲ့ အချိုးအဆနဲ့ ပါဝင်နေပါတယ်။ Leukocytes လို့ခေါ်တဲ့ ရောဂါပိုးတွေကို ကာကွယ်ပေးနိုင်တဲ့ သက်ရှိဆဲလ်လေးတွေဟာ မိခင်နို့ရည် တမျိုးတည်းမှာပဲ ပါဝင်ပါတယ်။ ဒီလိုသက်ရှိဆဲလ်တွေကို နို့မှုန့်မှာဘယ်လိုမှ ထည့်သွင်းလို့ မရနိုင်ပါဘူး။ ဒါကြောင့် မိခင်နို့သည်သာ ကလေးအတွက် အကောင်းဆုံးလို့ ဆိုရတာပါ။ မွေးစမှ ၂နှစ်ထိ မိခင်နို့ရည်ကို တိုက်ကျွေးလို့ရပါတယ် မွေးစကလေးကို တိုက်ကျွေးတဲ့အခါ ၅ရက်လောက်ထိ နို့သီးခေါင်းကွဲတတ်ပါတယ် ဘာဆေးမှမလူးပဲ နာနာတိုက်ရင်း ပျောက်သွားတတ်ပါတယ်

💝🍼နို့တိုက်မိခင်အတွက်အကျိုးကျေးဇူးတွေက
မိခင်ကနို့ချိုတိုက်ကျွေးတဲ့ ရလဒ်အနေနဲ့ ရင်သားကင်ဆာနဲ့ သားဥအိမ်ကင်ဆာများကို ကာကွယ်ပေးနိုင်တဲ့အပြင် မိခင်နဲ့ကလေးတို့ရဲ့ကြားမှာ ရင်းနှီးနွေးထွေးမှုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

💝🍼မိခင်က နို့ထွက်ကောင်းအောင် သောက်ရတဲ့နို့မှုန့်တွေမှာ Prenagen နဲ့ Similac mum ကတော့ တော်တော်များများ သောက်ကြပါတယ် ကျမကတော့ ကိုယ်ဝန်စရှိထဲက သောက်တဲ့ similac mumကိုပဲ အခုထိသောက်နေပါတယ်

💝🍼နို့တင်း/နို့ခဲရင်
-လက် သို့မဟုတ် စက်ဖြင့် နို့ညှစ်ပါ
-ရေနွေးကို လစ်ပိုပုလင်းထဲထည့်ပြီး ပုလင်းကိုအဝတ်လေးနဲ့ပတ်ပြီးတင်းတဲ့နေရာကို လှိမ့်ပေးပါ
​-ဂေါဖီဖတ် ကပ်ပေးပါ
-ရေခဲကပ်ပေးပါ

💝🍼နို့ရည်အရောင်

နို့ဦးရည် Fore milkနဲ့ နို့နှောင်းရည် Hin milk နှစ်မျိုးမှာ နို့ဦးရည်က အရည်ကြည်အရောင်ရှိပြီး အဆီပါဝင်မှုနည်းပါတယ် လိုအပ်တဲ့အာဟာရနဲ့စွမ်းအင်ကို ပေးစွမ်းပါတယ် နို့နှောင်းရည်က ပျစ်ခဲနေတဲ့အဖြူရောင်ရှိပြီး အဆီပါဝင်မှုနှုန်း များပါတယ် နို့နှောင်းရည်က ကလေးမှာလိုအပ်တဲ့အာဟာရဓာတ်စုံလင်အောင် ပေးစွမ်းနိုင်ပြီးကလေးကြီးထွားဖွံဖြိုးနှုန်း/ ကိုယ်အလေးချိန်တတ်စေပါတယ် နို့ဦးရည်ရော နို့နှောင်းရည်ရေည မျှမျှတတတိုက်ကျွေးနိုင်ဖို့ နို့တဖက်တည်းကို ပျော့ကျသည်အထိ တိုက်ပေးပါ ပြီးမှ နောက်တဖက်ပြောင်းတိုက်ပါ တလှည့်ဆီတိုက်ကျွေးနိုင်ပါတယ်

(နို့ညှစ်စက်နဲ့ညှစ်ရင် နို့အရောင်မြင်ရတော့ ပိုသိသာပါတယ် စစထွက်တဲ့နို့ကအရည်ကြည်လေးဖြစ်ပြီး နောက်လိုက်လာတဲ့န်ို့ကအဖြူထည်ထည် လေးတွေပါ )

💝🍼မိခင်နို့ရည် မလုံလောက်တဲ့အခါပဲဖြစ်ဖြစ် အမြွှာပူးကလေးတွေအတွက် ပဲဖြစ်ဖြစ် ဖော်မြူလာနို့မှုန့်ကို မဖြစ်မနေကူရပါတယ် ကျမတော့ တနေ့တကြိမ် လောက် ကူဖြစ်ပါတယ် (တခါကူပမာဏ ၁၂၀ ml/cc ဖြင့် အများဆုံး တနေ့၈ကြိမ်ကူနိုင်ပါတယ်)

💝🍼မိခင်နို့ရည်ကို ညှစ်ပြီးတိုက်ကျွေးတော့မယ်ဆိုရင် ပြင်ဆင်ဖို့က ကထိကထများပါတယ်
မိခင်နို့ရည်ကိုညှစ်ပြီး တိုက်ကျွေးတဲ့အခါမှာ သန့်ရှင်းဖို့ ဘေးကင်းစိတ်ချဖို့ အရမ်းအရေးကြီးပါတယ်။ နို့ဗူးနဲ့နို့ညှစ်တဲ့ပစ္စည်းတွေ သန့်ရှင်းမှသာ လုံခြုံစိတ်ချစွာ တိုက်ကျွေးလို့ရမှာပါ ။

💝🍼နို့ညှစ်တဲ့အခါ အချိန်ကိုတသမတ်တည်း မမှတ်ရပါဘူး ညဦးပိုင်းမှာနို့ပိုထွက်လို့ ညှစ်လို့ရတယ်ဆိုတာ မဟုတ်ပါဘူး အားအင်ပြည့်ဝပြီး အိပ်ရေးဝဝအိပ်ပြီး လန်းဆန်းနေတဲ့အချိန်မှာ နို့ညှစ်ရင်နို့ထွက်အားပိုကောင်းပါတယ် ဥပမာ (မနက်စောစောအိပ်ရာထချိန်)

💝🍼နို့များများထွက်အောင် ဘယ်လိုစားသောက်ရမလဲ

https://www.facebook.com/379145609557649/posts/723203398485200/

💝🍼မိခင်နို့ရည် ညှစ်ထုတ်ပြီး နို့ဗူးနဲ့တိုက်မယ်ဆို မဖြစ်မနေလိုအပ်တဲ့ပစ္စည်းတွေက
-နို့ဗူးပေါင်းစက်
-နို့ဗူးနွေးစက်
-နို့ညှစ်ကိရိယာ
-နို့ဗူး (BPA Free)
-နို့သိမ်းအိတ် နဲ့ နို့သိမ်းဗူး
-နို့ဗူးသိမ်းတဲ့Box
-နို့ဗူးဆေးတဲ့ဆပ်ပြာဆီ
-နို့ဗူးဆေးတဲ့ ဖော့တုံး

💝🍼နို့ညှစ်စက်နဲ့အသုံးအဆောင် ပစ္စည်းများဆေးကြော သန့်စင်နည်း

ဘေစင်ထဲသို့ အသုံးအဆောင်ပစ္စည်းများ တိုက်ရိုက်ထည့်မဆေးပါနဲ့ ဇလုံသန့်သန့်ထဲ ထည့်ဆေးပါ ဆေးကြောပြီးသား ပစ္စည်းများကို နို့ဗူးပေါင်းစက်ထဲထည့်ပေါင်းပါ သို့မဟုတ် ရေနွေးဆူဆူထဲ ထည့်ပြုတ်နိုင်ပါတယ် သန့်စင်ပြီးပစ္စည်းများကို နို့ဗူးသိမ်းစင်ထဲမှာ စနစ်တကျသိမ်းဆည်းပါ

💝🍼ညှစ်ထားတဲ့နို့ကို ဘယ်လောက်ပမာဏတိုက်ရမလဲ

✅မွေးစကနေ တစ်လသားထိ တကြိမ်ကို mlနဲ့ဆို ၆၀ ml/cc
✅တစ်လသားကနေစပြီး တစ်ကြိမ်ကို ၁၀၀ ml/cc
(100ml/cc x၈ကြိမ် -800 ml/cc)

💝🍼တစ်နေ့ဘယ်နှစ်ကြိမ်နို့တိုက်သင့်သလဲ

✅မွေးစမှ တစ်လလောက်ထိတော့ န်ို့ဆာတိုင်း တိုက်ကျွေးပါ
✅အသက်တစ်လကျော်ပြီဆို မနက်နဲ့ည ၆/၉/၁၂/၃/၆/၉/၁၂/၃ ဆိုတဲ့ ၃နာရီခြားတခါ တိုက်ကျွေးပါ စုစုပေါင်း အကြိမ် တနေ့ ၈ကြိမ်မှ ၁၂ကြိမ် ထိ တိုက်ကျွေးပါ
✅အသက် ၂လမှ ၅လအထိဆို ၂နာရီခွဲ ၃နာရီခွဲတကြိမ်နို့တိုက်ပါ တနေ့ ၇ကြိမ် ၉ကြိမ် ထိ တိုက်ကျွေးပါ
✅အသက် ၆လမှစပြီး ၅နာရီ ၆နာရီခြားတခါတိုက်ပါ တနေ့ ၄ကြိမ် ၅ကြိမ် ထိ တိုက်ကျွေးနိုင်ပါတယ်

💝🍼ညှစ်ထားတဲ့နို့ကို ဘယ်လိုသိမ်းဆည်းမလဲ

✅နို့သိမ်းအိတ် /ဗူး ပေါ်မှာ အချိန် နဲ့ရက် ကို ရေးထားပါ (နို့သိမ်းအိတ်ကိုတကြိမ်ပဲသုံးပါ ပြန်ဆေးပြီးပြန်မသုံးရ)
✅နို့သိမ်းအိတ်ထဲထည့်ရင် အိတ်ပေါ်မှာ ရေးထားတဲ့ပမာဏထက်ကျော်ပြီး အပြည့်မထည့်ပါနှင့်
✅Cooler Bagထဲ ရေခဲခြောက်နဲ့သိမ်းရင် ၈နာရီ အထားခံပါတယ်
✅ရေခဲသေတ္တာ အပေါ်ထပ် (Freezer) ဆိုရင် (ခဲတဲ့အဆင့်)၃လ မှ ၆လ ထိ အထားခံပါတယ်
✅ရေခဲသေတ္တာ အောက်ထပ်ဆိုရင် ၃ရက်ခံပါတယ်
(အကန့်သတ်သတ်တခုထဲမှာထားပါ ရေခဲသေတ္တာတံခါးရွက်မှာ မသိမ်းပါနဲ့)
✅အခန်းအပူချိန် မှာဆိုရင် (25•Cထက် မလျော့ပဲ) ၄နာရီမှ ၆နာရီ အထားခံပါတယ်

👉(နို့သိမ်းတဲ့အခါ အပူချိန်မတူညီတဲ့နို့ကို မရောပါနှင့် ဥပမာ ညှစ်ထားတဲ့လက်လက်ဆတ်ဆတ်နို့ကို ရေခဲသေတ္တာထဲကနို့ဖြင့် မရောရ)👈

​👉မိခင်နို့ပဲဖြစ်ဖြစ် ဖော်မြူလာနို့ပဲဖြစ်ဖြစ် စို့လက်စ နို့ဗူးကို ၁နာရီ အတွင်းကုန်အောင်တိုက်ပါ ၁နာရီကျော်ရင် နှမြောပြီးမသွန်ပဲ မနေပါနဲ့ သွန်ပစ်ပါ👈

💝🍼ရေခဲသေတ္တာထဲကနို့ကို နွေးတိုက်မယ်ဆို

✅ခဲထားတဲ့နို့ကို ရေခဲသေတ္တာ အောက်ဖက်မှာ ပြန်သိမ်းပြီး အရည်ပျော်စေနိုင်ပါတယ်
(အရည်ပျော်ပြီးသားနို့ကိုပြန်မခဲရ)
✅ရေခဲသေတ္တာထဲက ထုတ်ထုတ်ချင်း နို့သိမ်းဗူး သို့ နို့သိမ်းအိတ်ကို drop waterချပါ
✅ရေနွေးပူပူ ကို ဖန်ခွက်ထဲထည့်ပါ ပြီးရင် နို့သိမ်းအိတ် / နို့ဗူးကို ခဏစိမ်ထားပါ နွေးနွေးလေးဖြစ်ပြီဆို တိုက်လို့ရပါပြီ
✅နို့ဗူးနွေးစက်ရှိရင်တော့ တခါထဲထည့်လိုက်ရုံပဲ ဒါပေမဲ့အချိန်ပေးရတဲ့အတွက် အပေါ်နည်းကအလွယ်ကူဆုံးနဲ့အမြန်ဆုံးပါပဲ

👉Microwave /ovenသုံးပြီးမနွေးရ👈

👉မိခင်နို့ကသိမ်းဆည်းလေ နို့ရည်မှာပါတဲ့ဗီတာမင်စီလျော့နည်းလေ ဖြစ်တဲ့အတွက် အစောဆုံးညှစ်ထားတဲ့န်ို့ကို အရင်ဆုံးတိုက်ပါ👈

💝🍼ကလေး နို့စို့တာ လုံလောက်ရဲ့လား

​နို့ဗူးနဲ့တိုက်ရတာဆို ကလေး နို့လုံလောက်ရဲ့လားလ်ို့ အမြဲတမ်းတွေးမိပါတယ် ကလေးပေါင်ချိန်အလိုက် တိုက်ရမဲ့နို့ပမာဏတွက်ချက်ပြီး မိမိကလေးဟာ နို့စို့တာ လုံလောက်မလောက် သိတိုင်ပါတယ် တွက်ချက်ပုံကိုပုံနှင့်တကွပြထားပါတယ်

💝🍼နို့စို့ကလေး နို့ဝ မဝ ဘယ်လိုသိမလဲ

✅ကလေးကနို့စို့ပြီး နှစ်နှစ်ခြ်ိုက်ခြိုက်အိပ်ပျော်ရင်
✅မိခင်နို့တင်းရာကနေ ပျော့သွားရင်
✅ကိုယ်အလေးချိန် ပုံမှန်အတိုင်း တက်လာရင်
✅ဒိုင်ဘာကို ၄/၅ကြိမ် ကနေ ၁၀ကြိမ်ထိ လဲပေးရရင်
နို့ဝပါတယ်

💝🍼နို့ရည်ညှစ်တဲ့အကျိုးကျေးဇူးတွေက
✅နို့ကြောင်းပိတ်တာ နို့တင်းတာ မဖြစ်စေခြင်း
✅နို့ထွက်နှုန်းမြင့်မားစေခြင်း (နို့ကညှစ်လေထွက်နှုန်းမြင့်လေပါ)
✅နို့မစို့နိုင်တဲ့ကလေးဆို ဇွန်းဖြင့်မိခင်နို့ တိုက်ကျွေးနိုင်ခြင်း
✅အပြင် သို့ အလုပ်သွားလျှင်လဲ စိတ်ချလက်ချ နို့ချိုတိုက်ကျွေးနိုင်ခြင်း

💝🍼မိခင်ရဲ့ကိုယ်အလေးချိန်တိုးလာတာတွေ ဘယ်လိုလျော့အောင်လုပ်မလဲ

✅ကလေးနို့စို့တဲ့အကြိမ်ရေအတွက် များလေလေ ကယ်လိုရီလောင်ကျွမ်းလေလေ
✅လမ်းလျှောက်ခြင်း ကလေးအား ချီပိုး၍ ချော့သိပ်ခြင်းKegel exercise လုပ်ခြင်း
✅ပြည့်ဝဆီနဲ့အသင့်စား အစားစာတွေရှောင်ရှားခြင်း
ရေများများသောက်ခြင်း

❤️❤️❤️မိခင်နို့က သဘာဝတရားကပေးတဲ့ ဘုရားပေးတဲ့ ဆုလာဘ်တခုပါ မိခင်နို့ထိုင်မတိုက်နိုင်ရင်တောင် နို့ညှစ်ပြီးတိုက်ပါ နို့မထွက်တဲ့မေမေတွေလဲ စိတ်ဓာတ်မကျဖို့နဲ့ အာဟာရစုံစုံလင်စားပြီး ဆရာဝန်နဲ့တိုင်ပင်ပြီး ပဋိဇီဝဆေးတွေသောက်/ နို့ကို နည်းစနစ် မှန်မှန်နှိပ်ပေးခြင်းဖြင့် နို့ထွက်အောင် ကြိုးစားကြပါ.. မေမေလောင်းလေးတွေလည်း ကိုယ်ဝန်ဆောင်ကာလ၆လလောက်ကစပြီး မိမိနို့အုံကို လက်ဖြင့်နှိပ်ပေးခြင်း နို့သီးခေါင်းဆွဲထုတ်တာမျိုး လုပ်ပေးပါ ❤️❤️❤️

အခြားသိလိုတဲ့အချက်များကို chat Boxမှတဆင့်မေးနိုင်ပါတယ် ချက်ချင်းစာမပြန်နိုင်တာမို့စာချန်ထားခဲ့နိုင်ပါတယ်ရှင်📩

စာဖတ်သူအားလုံးအဆင်ပြေချောမွေ့ပါစေ🙏

May May Advice Pageမှ ရေးသားထားသောစာများ လွပ်လပ်စွာ ကူးယူ မျှဝေနိုင်ပါသည်)
(မေတ္တာဖြင့်)

Photo Credit💝

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright Š 2019 Kyarlay . All Rights Reserved.