အုန်းရည် သောက်ရင် ရမယ့် အကျိုးကျေးဇူး ၅ ခု
-----------------------------------------------------
လူတေွအတွက် နေ့စဉ် နေ့တိုင်း တနေ့ တာလုံးမှာ ရေဓာတ် ပြည့်ဝနေဖို့
အရေးကြီးပါတယ်။ ရေဟာ ခန္တာကိုယ်ထဲက အဆိပ်တေွကို ဖယ်ရှား
ပေးပါတယ်။ ရေဓာတ် ဖြည့်တင်းပေးနိုင်တဲ့ အရာက အုန်းရည် ဖြစ်ပါတယ်။
အုန်း ရည် သောက် ခြင်း အား ဖြင် ့
၁။ အသားအရေ လှပခြင်း
အသားအရေ မွဲခြောက် နေသူများ၊ ၀က်ခြံထွက်သူများ အတွက် အုန်းရည်က
အကျိုးရှိပါတယ်။ အုန်းရည်သောက်ရင် အသားအရေ စိုပြည်စေပါတယ်။
အုန်းရည်က အဆီပြန်ခြင်း ကိုလည်း တားဆီးပေးပါတယ်။ အဲဒါကြောင့်
ဒီနေ ့ခေတ် အလှကုန်များစွာမှာ အုန်း ရည် ပါ ရှိတာ ဖြစ်ပါတယ်။
၂။ ရေဓာတ် ဖြည့်တင်းပေးခြင်း
အုန်းရည်မှာ Electrolytes ပါတဲ့အတွက် ရေဓာတ် ပြည့်ဝပါတယ်။ ဒါ့အပြင်
အုန်းရည်ဟာ ရေလိုမဟုတ်ဘဲ ပိုးမွှားကင်းစင်ပါတယ်။ အုန်းရည်မှာ
ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓါတ် ၅ မျိုး ပါရှိပါတယ်။
အဲဒါတေွက မဂ္ဂနီစီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ ဖော့စဖရတ် နဲ့
ပိုတက်စီယမ်တို့ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်တဲ့ လူများအတွက်
ရေဓာတ် ပြန်လည် ပြည့်ဝစေပါတယ်။
၃။ အစာခြေဖျက်ပေးခြင်း
အုန်းရည်က အစာခြေစနစ်ကို အထောက်အကူပြုပါတယ်။
အမှျင်ဓါတ်ပါတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အက်ဆစ်ဓါတ်ကို
လေှျာ့ချပေးပါတယ်။ အစာမကြေတတ်သူများအတွက် လှျင်မြန်စွာ
သက်သာစေပါတယ်။
၄။ သေွးတိိုး ကျစေခြင်း
သေွးတိုးရောဂါကြောင့် ကမ္ဘာအဝန်းမှာ လူ သန်းနဲ့ချီ ဝေဒနာ
ခံစားနေရပါတယ်။ အုန်းရည်ဟာ သေွးတိုး ကျစေတဲ့ ဂုဏ်သတ္တိ ရှိပါတယ်။
အုန်းရည်မှာ ပါတဲ့ Electrolytes က သေွးဖိအားကို ထိန်းညှိပေးပါတယ်။
၅။ အိုမင်းခြင်းကို ကာကွယ်ခြင်း
အုန်းရည်မှာ ပါတဲ့ Cytokinins က အိုမင်းခြင်းကို ကာကွယ်ပေးပါတယ်။
ဆဲလ်များ အားနည်းခြင်း ကို ကာကွယ်ပေး တဲ့ အတွက် ကင်ဆာ
ရောဂါများကိုတောင် ကာကွယ်ပေးပါတယ်။
အုန်းရည်ဟာ ကျန်းမာရေးအတွက် အလွန် သင့်တော်ပါတယ်။
အုန်းရည် ရတဲ့ နေရာတိုင်းမှာ မဖြစ်မနေ သောက်သုံးသင့်ပါတယ်။
ပုံမှန် သောက် သုံးရင် တော့ အကောင်းဆုံး ဖြစ် ကြောင်း သိရှိရပါတယ်
===============-------====================
အုန်းသီးထဲမှ အုန်းရည်ဟာ လူ့အသက်ကို ကယ်တင်
ပေးနိုင်စွမ်း ရှိပုံနဲ့ ပတ်သက်ပြီး အကောင်းဆုံး
သက်သေတခုကို ပြောပြရမယ်ဆိုရင် . . .
ဒုတိယကမ္ဘာစစ်အတွင်းက
ပစိဖိတ်ဒေသစစ်ပွဲတေွမှာ စစ်သားတေွ အများအပြား ဒဏ်ရာရကြတဲ့အခါ
အရေးပေါ် သေွးသွင်းဖို့ လိုအပ်နေပေမဲ့
စစ်မြေပြင်ဖြစ်တာကြောင့် သေွးရည်ကြည် ပုလင်းတေွကို
အချိန်မှီ ရရှိဖို့ အခက်အခဲ ဖြစ်နေချိန်မှာ
ဆရာဝန်တေွဟာ အုန်းသီး နုနုထဲက သန့်စင်တဲ့ အုန်းရည်ကို သေွးရည်ကြည်အစား ထိုးသွင်းကုသပြီး အသက်ကယ်ခဲ့ရတဲ့
ဖြစ်ရပ်တေွ ရှိခဲ့ပါတယ်..
အုန်းရည်ဟာ လူခန္ဓာကိုယ်ရှိ သေွးရည်ကြည်နဲ့
ထပ်တူနီးပါး တူညီပြီး သေွးအမျိုးအစား အားလုံးနဲ့
သင့်တော်တယ်လို့ သိရပါတယ်..
============================-=-----=---------
ကျန်းမာရေး
ကိုယ်ဝန်ဆောင် မိခင်နှင့် အုန်းရည် . . .
====================================
ဲ့ အုန်းရည်မှာ အံ့သြဖွယ် အစွမ်းသတ္တိတေွရှိနေပါတယ်
မိခင်များအတွက် အုန်းရည်ရဲ့ အကျိုးကျေးဇူးလေးတေွ ကြည့်လိုက်ရအောင်။
အုန်းရည်မှာ
Calories – 46%
Sodium – 252 g
Potassium – 600 g
Carbohydrates – 8.9 mg
Dietary Fiber – 2.6 mg
Sugar – 6.26 mg
Calcium – 6% ပါဝင်ပါတယ်။
ကိုယ်ဝန်ဆောင်သည်တေွ အုန်းရည်သောက်ရင် ရရှိမယ့် အကျိုးကျေးဇူးတေွက
ကျောက်ကပ်အား ကောင်းစေပြီး ကျောက်တည်ခြင်းကို ကာကွယ်ပေးပါတယ်။
ခန္ဓာကိုယ်ရဲ့ ရေဓာတ်နဲ့ သေွးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။
နာမကျန်းဖြစ်ခြင်းနဲ့ အော့အန်ခြင်းကိုလည်း သက်သာစေပါတယ်။
ရင်ပူခြင်း အစာမကြေခြင်းနှင့် ဝမ်းချုပ်ခြင်းတို့ကို တားဆီးပေးပါတယ်။
ကိုယ်ခံအားတိုးမြင့်စေပြီး ရောဂါဝင်ရောက်မှုကို လေှျာ့ချပေးနိုင်ပါတယ်။
အဝမလွန်စေဖို့ အုန်းရည်က ကူညီပေးပါတယ်။
ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းနှင့် ယောဂကျင့်စဉ်များအပြီးတွင် အားဖြည့်အချိုရည်အဖြစ် သောက်သုံးပေးနိုင်ပါတယ်။
သကြားပါဝင်မှုနည်းလို့ ဆီးချိုလည်း ကျစေပါတယ်။
သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။ (အုန်းရည်သောက်ခြင်းဟာ သန္ဓေခိုင်စေတယ်လို့လည်း ရေှးလူကြီးတေွ ဆိုပါတယ်)
အုန်းရည်သောက်ခြင်းကြောင့် ရေမြွှာအိတ်ထဲက ရေမြွှာရည်ပမာဏ တိုးစေပါတယ်။
မိခင်က အုန်းရည်သောက်လှျင် ကလေးငယ်ရဲ့ ဆံပင်သားကို ကောင်းမွန်စေပါတယ။်
ကလေးရဲ့ အသားအရေနဲ့ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။
မေွးဖွားပြီးချိန်တွင် အုန်းရည်သောက်သုံးပါက မိခင်နို့ထွက်အားကောင်းစေပါတယ်။
သေွးလှည့်ပတ်မှုကို ထိန်းညှိပေးပြီး ညဘက်ကိုလည်း ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။
ကိုယ်ဝန်ဆောင် မိခင်လောင်းများအတွက် အုန်းရည်သောက်ခြင်းကြောင့် ရရှိမယ့် ဘေးထွက်ဆိုးကျိုးတေွကတော့ တိကျတဲ့ သက်သေပြချက်တေွမရှိသေးပါဘူး။
အဲ့ဒါကြောင့် အုန်းရည်ကို မိခင်လောင်းများ စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်။
တစ်နေ့လှျင် အုန်းရည် တစ်ဖန်ခွက် သောက်သုံးနိုင်ပြီး လတ်ဆတ်သန့်ရှင်းသော အုန်းရည်ကို သောက်လှျင် ပို၍ ကောင်းပါတယ်။
အခြားသော လိုအပ်တဲ့ အစာအာဟာရများ ဆေးဝါးများအပြင် သဘာဝဓာတ်စာဖြစ်တဲ့ အုန်းရည်ကို သောက်သုံးပေးခြင်းဖြင့် မိခင်ရော ကလေးပါ ကျန်းမာစေပါလိမ့်မယ်
=====================================
=========
အလှအပဆိုင်ရာ
မျက်နှာအဆီပြန်သူ တို့အတွက် အုန်းရည်။
--------------------------------------------
မျက်နှာပြင်မှ အဆီပြန်၊ ချေှးထွက်လို့ စိတ်ပျက်နေသူတို့
အတွက်ပါ။ ဒါတေွကြောင့်မို့လို့ ဝင်းလက်တောက်ပတဲ့
မျက်နှာပြင် အလှတေွပျက်နေတယ်လို့
သင်ထင်ပါသလား။
မျက်နှာပြင်အဆီပြန်တာကို ဇျေးကြီးတဲ့
အလှပြင် ပစ္စည်း တေွကို တကူတက ရှာဖေ
ွ ဝယ်ယူနေစရာမလိုပဲ လတ်ဆတ်တဲ့
အုန်းရည်ကို အသုံးပြု ဖြေရှင်းနိုင်ပါတယ်။
အသားအရေ ထိန်းသိမ်းဆောင့်ရေှာက်ခြင်း အတွက်
အုန်းရည်ကို အသုံးပြုလှျင် မျက်နှာပြင်သန့်စင်ပေးခြင်းနှင့်
တိုနာအဖြစ် လည်းကောင်း အကျိုးသက်ရောက်မှု
နှစ်မျိုးကို တချိန်တည်းမှာ ရရှိနိုင်မှာဖြစ်ပါတယ်။
မျက်နှာပြင်ပေါ်ရှိ အဆီများကို ဖယ်ရှားကာ
သဘာဝအတိုင်း အသားအရေကို
လင်းလက်တောက်ပစေမှာ ဖြစ်ပါတယ်။
ဝက်ခြံနှင့် မျက်နှာပေါ်ရှိ အစွန်းအထင်း တို့ကိုပါ
သန့်စင်ပေးသည်။ အရွယ်မရောက်ခင် အိုမင်းရင့်ရော်ခြင်းကိုလဲ တားမြစ်ပေးနိုင်သည်။
ဂွမ်းစကို လတ်ဆတ်တဲ့ အုန်းရည်မှာ နှစ်ပြီး
မျက်နှာပြင်ပေါ်မှာ သုတ်လိမ်းပေးပါ။
အေးမြတဲ့ အရသာကို လိုချင်ရင် ဂွမ်းစကို အုန်းရည်ထဲ
နှစ်အပြီးမှာ ရေခဲတုံးကလေးများပေါ်တွင်
ခေတ္တ တို့သုတ်ပြီးမှ မျက်နှာကို သုတ်လိမ်းပါ။
ပြီးရင် မျက်နှာကို လေသလပ်၍ အခြောက်ခံပါ။
ငေွကုန်ကြေးကျ မများပဲ အလွယ်တကူ မျက်နှာကို အလှဆင်နိုင်ကြပါစေ။
Credit. . .
အုန်းရည်ကို ဓာတ်ခွဲစမ်းသပ်ကြည့်ပါက အုန်းရည်တအောင်စမှာ ကယ်လိုရီ ၅.၄၅ ကယ်လိုရီ ၊ သကြားဓာတ် ၁.၃ ဂရမ်၊ ပိုတက်စီယမ် ၆၁.ဝ မီလီဂရမ်၊ ဆိုဒီယမ် ၅.၄၅ မီလီဂရမ် တို့အဓိကပါဝင်နေပါတယ်.. အုန်းရည်ဟာ ပိုတက်စီယမ်ဓာတ်ကြွယ်ဝတဲ့ အရည်တစ်မျိုးဖြစ်ပါတယ်.. အနေတော်အုန်းသီးတစ်လုံးမှာပါတဲ့ ပိုတက်စီယမ်ပမာဏဟာ ငှက်ပျောသီး (၄) လုံးမှာ ပါဝင်တဲ့ ပိုတက်စီယမ်ပမာဏနဲ့ ညီမှျပါတယ်.. ဒါ့ကြောင့် အုန်းရည်ကို သောက်သုံးပေးရင် ရေငတ်ပြေရုံမက ကုန်ဆုံးသွားတဲ့ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်များပါ ဖြည့်ပေးတာကြောင့် ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပါတယ်.. နာမည်ကျော်အားကစားသမားတေွဟာ ကစားစဉ်အတွင်းမှာ အုန်းရည်ကို မကြာခဏသောက်ပေးခြင်းဖြင့် မောပန်းနွမ်းနယ်မှုလျော့နည်းစေတာကို တေွ့ရပါတယ်.. ဝမ်းပျက်ဝမ်းလေှျာတဲ့သူတေွလည်း ဓာတ်ဆားရည် အလွယ်တကူ ဝယ်မရတဲ့ဒေသများမှာ အုန်းရည်သောက်ပေးခြင်းဖြင့် ဆုံးရံှုးသွားတဲ့ ပိုတက်စီယမ်ဓာတ်နဲ့ ရေဓာတ်များကို ပြန်လည်ဖြည့်တင်းပေးရာရောက်ပါတယ်..
ဒုတိယကမ္ဘာစစ်ကာလက ရေှ့တန်းစစ်မြေပြင်မှာ သေွးကြောသွင်းဆေးရည်များ ပြတ်လပ်တဲ့အခါ သေွးပေါင်ချိန်ကျဆင်းပြီး ရေှာ့ခ်ရနေတဲ့လူနာတေွကို အုန်းရည်နဲ့ သေွးကြောထဲတိုက်ရိုက်ထိုးသွင်းပြီး ကုသခဲ့တဲ့ သမိုင်းအထောက်အထားများလည်း ရှိခဲ့ပါတယ်.. ဒါပေမဲ့ ကျောက်ကပ်မကောင်းတာကြောင့် ခန္ဓာကိုယ်ထဲမှာ ပိုတက်စီယမ်များပြီး ပြင်ပကိုမစွန့်ထုတ်နိုင်လို့ ပိုတက်စီယမ်များနေသူတေွ ဒါမှမဟုတ် အခြားအကြောင်းကြောင့် သေွးထဲမှာပိုတက်စီယမ်များနေသူတေွအုန်းရည်ကို မသောက်သင့်ပါဘူး.. ပိုတက်စီယမ် အလွန်အကျှံများလာရင် နှလုံးကိုထိခိုက်ပြီး အသက်ဆုံးရံှုးနိုင်ပါတယ်.. ဒါ့ကြောင့် သာမန်ကျန်းမာနေသူတေွလည်း အုန်းရည်ကို ရေသောက်သလို အများကြီးမသောက်သင့်ပါဘူး.. တစ်နေ့ကို အနေတော် အုန်းသီးနှစ်လုံးကရရှိတဲ့ ပမာဏထက် ပိုမသောက်သင့်ပါ.. ပုံမှန်တစ်နေ့တစ်လုံး သောက်ရင်တော့ ပြဿနာမရှိပါဘူး.. သေွးတိုးရောဂါရှိသူတေွ အုန်းရည်ကို ပုံမှန်သောက်ရင် သေွးပေါင်ကျစေရန် အထောက်အကူပြုပါတယ်.. အုန်းရည်မှာ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်အချိုးအစားဟာ သေွးတိုးသမားများအတွက်အထူးကောင်းမွန်လှပါတယ်.. သေွးတိုးသမားအများစုမှာ ဆိုဒီယမ်များနေလေ့ရှိပြီး ပိုတက်စီယမ်ချို့တဲ့နေလေ့ရှိပါတယ်.. ဒါ့ကြောင့် အုန်းရည်အပြင် တခြားသစ်သီးများစားခြင်းအားဖြင့် သေွးတိုးကျစေရန် အထောက်အကူပြုပါတယ်..
အရေးအကြီးဆုံးအချက်ကတော့ အုန်းရည်ကို ခွဲပြီးချက်ချင်းသောက်ရမှာဖြစ်ပါတယ်.. အုန်းရည်ကို ချက်ချင်းသောက်မယ်ဆိုရင် ရောဂါပိုးမွှားတေွမဝင်ဘဲ အလွန်သန့်ရှင်းစင်ကြယ်နေမှာဖြစ်ပြီး ခွဲပြီးနောက် အပြင်မှာတာရှည်ထားမယ်ဆိုရင် လေထဲကရောဂါပိုးတေွဝင်ရောက်ပေါက်ဖွားပြီး လူကိုအန္တရာယ်ပေးနိုင်တာကြောင့်ဖြစ်ပါတယ်..
🥥credit
မူရင်းပိုင်ရှင်